The Gardens Between



°      အရမ်းအရမ်းကို Emotional ဆန်တဲ့ Game လေးဖြစ်ပြီး Friendship ပိုင်းမှာ Deep လွန်းလို့ ဇာတ်သိမ်းမှာတောင်  မျက်ရည်ကျခဲ့ရတဲ့ Game ကောင်းလေး တစ်ခုပါ ။ ပြောရရင် PS 4 တို့ Xbox တို့မှာထွက်ထားတဲ့ ဒီ Game လေးကို Mobile မှာ ပြန်ထုတ်ပေးတာကိုက အရမ်းကို ကျေးဇူးတင်စရာပါ ။ ထူးခြားတာက Portrait ပုံစံပါ ဆော့လို့ရတာပါ ။အရမ်းလည်း ဆော့ကောင်းသလို  အရမ်းလည်း ခံစားရတယ် ။ အထူးသဖြင့် Pure Friendship မလို့ အရမ်းသဘောကျမှာပါ ။ 


°       ဒီ Game မှာဆိုရင် သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့  Arina နဲ့ Frendt ဟာ အိမ်နီးနားချင်းတွေဖြစ်ကြပြီး တစ်နေ့မှာတော့ နှစ်ယောက်သားဟာ  အိမ်ကနေလစ်ပြီး သူတို့ကိုယ်တိုင်ဆောက်ထားတဲ့ သစ်ပင်အိမ်လေးမှာ  နှစ်ယောက်သား လာတွေ့ကြပါတယ် ။ ဘာကြောင့်လဲဆိုတာ မပြောခင်မှာဘဲ  မိုးချုန်းသံနဲ့အတူ  အရာရာဟာ နောက်ပြန်ရစ်သွားပြီး  Time Zone ဖြစ်တဲ့ အတိတ်က မှတ်ဉာဏ်ကျွန်းကြီးဆီကို နှစ်ယောက်သား ရောက်သွားကြပါတယ် ။  အဲမှာ ကောင်မလေးဖြစ်တဲ့ Arina ဟာ အရမ်းကို စူးစမ်းလိုစိတ်ရှိပြီး  Frendt ကတော့ ခပ်အေးအေးနေတတ်တဲ့ ကောင်လေးတစ်ယောက်ပေါ့ ။ ဒီလိုနဲ့ ကျွန်းကြီးကနေထွက်ဖို့ တစ်နေရာပြီး တစ်နေရာ သဲလွန်စတွေ၊ Puzzle တွေကို လိုက်ရှာရင်း  သူတို့နှစ်ယောက်ရဲ့ အတိတ်က မှတ်ဉာဏ်အပိုင်းစလေးတွေကို တစ်စတစ်စနဲ့ ရုပ်လုံးပေါ်တဲ့ထိ ရှာတွေ့လာမှာပါ ။ အဲကြရင် ဘာ့ကြောင့် ဒီကို ရောက်လာရသလဲဆိုတာကိုလည်း နားလည်သွားလိမ့်မယ် ။ 
 



°       Gameplay ကစ တခြား Puzzle Game တွေနဲ့မတူဘဲ Unique ဖြစ်ပြီး Character ကို ထိန်းချုပ်မယ့်အစား အချိန်ကိုဘဲ ထိန်းချုပ်ပေးရမယ့် Game ပုံစံလေးပါ ။ အချိန်၊ နေရာ၊ လှည့်ကွက်၊ ပဟေဋိတွေကစ အချိန်ကိုက် Perfect ဖြစ်လွန်းပြီး ဆော့ရတာလည်း  Idea အသစ်ကို တွေးခေါ်လာစေမယ့် Game ကောင်းလေး တစ်ခုပါ ။  Graphic ကစ ဖုန်းပေါ်မူတည်ပြီး Reflection တွေ Resolution တွေကို စိတ်ကြိုက် ထိန်းညှိနိုင်ပြီး Sound Track တွေကစ အရမ်းကောင်းတဲ့ Game တစ်ခုလို့ ပြောလို့ရပါတယ်။ နောက်ပြီး ဆုတွေလည်းရထားတာကြောင့်  Achievement တွေကိုလည်း Deep ဖြစ်တဲ့ထိ ရှာဖွေလို့ရတာပါ။ 




======================

- [  Android version : 4.0 + ]

- [  Size : 400 MB ]

- [  Developer : The Voxel Agents ]

- [  Type : Offline ]

================

Download Link
°°°°°°°°°°°°°°°°°°°

( Android )

APK Only ( 420 MB ) ( Paid )

Or

Playstore ( 7000 ks )



( Apple )

Apple iOS
==========================


( ❤️ ❤️)

#HELLOYDB

(       Spoiler မဖြစ်ခြင်ပေမယ့် ဒီ Game လေးကြောင့် ပြန်တွေးပြီး မျက်ရည်ဝဲခဲ့ရတယ်ဆိုတာ ဝန်ခံခြင်တယ် ။ Game ရဲ့ အဓိကပြောခြင်တဲ့ပုံစံက Time Control တွေ ထူးထူးဆန်းဆန်းတွေ မဟုတ်ဘူး ။ ပြောခြင်တာက လက်တွေ့ဘဝကို Message တစ်ခုအနေနဲ့ ပြပေးသွားတာ ။ ဘယ်လောက်ထိ ကိုယ်တွေရဲ့ ငယ်ဘဝကို စွန့်ပစ်ခဲ့မိလဲဆိုတာပါ။ 

ဒီ Game ထဲမှာပါတဲ့ Arina နဲ့ Frendt တို့နှစ်ယောက်  သစ်ပင်အိမ်လေးမှာ ညဘက် ခိုးထွက်လာကြတယ်ဆိုတာက Frendt တို့မိသားစုက နောက်နေ့မနက်မှာ အဝေးတစ်နေရာကို ထွက်သွားတော့မှာပါ။ အဲဒါကြောင့် နှစ်ယောက်သား နှုတ်ဆက်စကားပြောရင်းကနေ  Developer က အဲနေရာမှာ အတိတ်ကအကြောင်းတွေကို  ဒီတိုင်းမပြတော့ဘဲ  ထူးထူးဆန်းဆန်းအနေနဲ့ Time Zone လေးတစ်ခုကို ဖန်တီးပြီး  Gameplay အနေနဲ့ Player တွေကို ဖော်ပြပေးသွားတာပါ ။ 

အဲမှာ Player တွေက မှတ်ဉာဏ်ကျွန်းကြီးတွေစီကို တစ်နေရာပြီး တစ်နေရာသွားရင်း သူတို့နှစ်ယောက်ရဲ့ အတိတ်က အကြောင်းလေးတွေကို စူးစမ်းခွင့်ရတာပေါ့ ။ အဲချိန်မှာ နောက်ဆုံး ကျွန်းပေါ်ကြတော့ ရုတ်တရက်ဆိုသလို မှတ်ဉာဏ်ကျွန်းတွေဟာ အကုန်ပြိုလဲ ပျက်ဆီးကုန်ပြီး  သူတို့နှစ်ယောက်ရှိနေတဲ့ သစ်ပင်အိမ်လေးဘဲ ကျန်ခဲ့တယ် ။ အဲချိန်မှာ ကိုယ်တွေလဲ ဘာလဲပေါ့ ? ဘာလို့ အကုန်ပျက်ဆီးသွားရတာလဲဆိုတာ မတွေးခင်မှာဘဲ  နောက်ဆုံး ပြတဲ့ Cutscene လေးက ကားပေါ်က Frendt ကို  Arina လေးက လက်လေးပြရင်း ကျန်ခဲ့တာပါ ။ အဲချိန်မှာ ဘာလို့လဲမသိပေမယ့် ရင်ထဲမှာ အရမ်းဝမ်းနည်းလာတယ် ။ မျက်ရည်တွေပါ ဝဲလာပြီး သူငယ်ချင်း သံယောဇဥ်ဆိုတာကို ရုပ်လုံးပေါ်လာမိတယ်။ လုံးဝ Pure ဖြစ်တဲ့ သံယောဇဥ်နော် ။ အတူတူဆော့ ၊ အတူတူ သွားခဲ့ဖူးတဲ့ အတိတ်တွေဟာ ဝေးကွာတဲ့ တစ်နေ့ကြရင် အချိန်နဲ့ အတူ ပျောက်ကွယ်သွားတော့ ပါမလားဆိုတာ  စဥ်းစားမိတယ်။ တကယ်လည်း မင်မင်တို့ လူသားတွေစီမှာ အတိတ်က အပိုင်းစအချို့လေးတွေ ပျောက်ဆုံးသွားဖူးပါတယ်။ 

အစကတော့ သူတို့နှစ်ဦးက သေကွဲကွဲတာမဟုတ်ဘဲ ပြန်တွေ့ကြအုန်းမှာပါလို့ တွေးမိခြင်ပေမယ့် တကယ်တန်းစဥ်းစားကြည့်တော့ မဖြစ်နိုင်ခဲ့ဘူး ။ ငယ်သူငယ်ချင်းဆိုတာ လူတိုင်းရဲ့ အတိတ်မှာ ကိုယ်စီရှိခဲ့ကြဖူးပေမယ့်  တစ်ချို့တွေ့တွက်ကြတော့ အခုထိ တကယ်အဆက်သွယ်ပျက်သွားကြရတဲ့ သူတွေ ရှိပါတယ်။ အဲတော့ ပြောခြင်တာက ဘာလဲဆိုရင်  အခုနေ သင့်အနေနဲ့ ငယ်သူငယ်ချင်းကို လွမ်းလားဆိုရင် လွမ်းချင်မှ လွမ်းမှာပါ ။ ဘာလို့ဆိုတော့ သင်ကိုယ်တိုင် မေ့ပစ်ခဲ့တာမလို့လေ။ ဒီ Game မှာ နောက်ဆုံး ကျွန်းတွေ မြုတ်သွားတယ်ဆိုတာကလည်း အဲဒါကို ပြောခြင်တာဘဲ ။ ဘယ်သူ့ကြောင့်မှ မဟုတ်ပေမယ့် ကိုယ်ကိုတိုင်ကိုယ်က ငယ်ဘဝကို စွန့်လွတ်ခဲ့လို့ပါ။ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ငယ်ဘဝတွေပေါ့ .... )





Related Posts

  • MudRunner         ဒီ Game က မနေ့ကမှ ထွက်လာတဲ့ Game လေးဖြစ်ပြီး Simulation သဘောကျတဲ့သူတွေတွက် လုံးဝ လက်မလွတ်သင့်ပါဘူး။ Game က Mud Runner ဆိုတဲ့တိုင်း တကယ့် တောအုပ်ထဲမှာ Open World အနေနဲ့ Dri… Read More
  • Stargate SG 1         ဒီ Game က Movie Series ကနေ ထုတ်ထားတဲ့ Game လေးဖြစ်ပြီး Voice Actor တွေကစ Series ထဲက သရုပ်ဆောင်တွေဘဲ ပါဝင်ထားတာပါ။ Game က Sci-Fi ဆန်သလို Ancient ဘက်ကိုလည်း ပေါင်းစပ်ထားတဲ့ … Read More
  • Eopue Battle          ဒီနေ့ဘဲ Beta version ထွက်လာတာဖြစ်ပြီး Mafia သဘောကျတဲ့လူတွေတွက်တော့ အကြိုက်တွေ့စေမယ့် Game တစ်ခုပါ။ Game က အခုမှ Test အဆင့်ဘဲရှိသေးတာဆိုတော့ အားရတဲ့ အပိုင်းတွေလည်းရှိသလို … Read More
  • Brawlhalla Mobile        ဒီ game က Steam , Xbox, Nitendo Switch နဲ့ PS4 တို့မှာ အသီးသီးထွက်ခဲ့ပြီး ဒီတစ်ခါတော့ Mobile ပေါ်ရောက်ရှိလာပါပြီ။ တကယ်ကို ပျော်စရာကောင်းပြီး ဆော့ရတာ ဆွဲဆောင်မှုရှိတဲ့ Game … Read More
  • The Escapists 2         ဒီ Game က Pixel အမျိုးစားဆိုပေမယ့် လုံးဝ ဂေါ်ထွက်နေတဲ့ Game ပါ။ အနီးစပ်ဆုံးပြောရရင် Prison Simulation လို့တောင် ပြောလို့ရတယ်။ Game ကလည်း ထောင်ဖောက်ရမယ့် အမျိုးစားဖြစ်ပြီး … Read More

Comments

လူကြည့်အများဆုံး GAMES