The Ghost

0% COMMUNITY SCORE
LOADING...
RATE:

•       ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ အားလုံးကြိုက်တဲ့ Multiplayer Horror အမျိုးစားဖြစ်ပြီး Android ကော iOS မှာပါ နှစ်မျိုးလုံး အတူတူထွက်လာတာပါ။ ပိုမိုက်တာက Game က Online အမျိုးစားတင်မဟုတ်ဘဲ LAN နဲ့ပါ Multiplayer ချိတ်ဆော့လို့ရပြီး Solo အနေနဲ့ပါ Offline အနေနဲ့ ကစားလို့ရသေးတာပါ။ ပြီးတော့ Game က Ukraine ကမလို့ Boycott လည်း ကင်းပါတယ်။ 




•       ဒီ Game ရဲ့ဇာတ်လမ်းထဲမှာဆိုရင် သင်နဲ့ သင့်သူငယ်ချင်းတွေဟာ New Wishlie ဆိုတဲ့ ဆေးရုံကြီးမှာ နှစ်ပတ်ကြာလောက် ဆေးကုသမှုခံယူနေကြပြီး နောက်ဆုံး ဆေးရုံဆင်းမယ့် နေ့ကြမှ မထင်မှတ်ထားတာတွေ ကြုံတွေ့လာရတာပါ။ ဆင်းမယ့်နေ့ မနက် ၂ နာရီကြီးမှာ အတူတူနိုးလာကြပြီး ထူးဆန်းတာက ဆေးရုံတစ်ခုလုံးက လူနာတွေဟာ အစနမရှိ ပျောက်ဆုံးသွားတာပါ ။ မြင်သမျှ ပတ်ဝန်းကျင်ကလည်း အကုန်ဟောင်းနွမ်းနေပြီး ဆေးရုံပျက်ကြီးလို နေ့ခြင်းညခြင်းပြောင်းသွားသလိုမျိုးပါဘဲ ။ ကောလဟာလအရတော့ ဒီဆေးရုံကြီးက တကယ်ခြောက်ရုံတင်မကဘဲ တမလွန်မှာပါ အထီးကျန်တဲ့ထိ အသေလိုက်သတ်တတ်တာဆိုတော့ သင်နဲ့ သင့်သူငယ်ချင်းအဖွဲ့ ဒီနေရာကနေ လွတ်မြောက်နိုင်ပါ့မလား ?





•       Game က ဒီတစ်ပတ်ထွက်တဲ့ Horror ထဲမှာ LAN Mode ကြောင့် အကောင်းဆုံးလို့ပြောလို့ရပြီး Gameplay မှာလည်း Survival ကော Car Fix ပါ ထည့်ပေးထားတာပါ။ Survival က သတ်မှတ်ထားတဲ့ အချိန်ထိ ထွက်ပြေး ပုန်ရှောင်ရမှာဖြစ်ပြီး Car Fix ကတော့ ဒီဆေးရုံကြီးကနေ ထွက်ပြေးဖို့တွက် ကားပစ္စည်းတွေလိုက်ရှာရမှာပါ။ Gameplay က Player 5 ယောက်ထိ အတူတူကစားလို့ရပြီး တစ်ယောက်က Ghost အဖြစ်နဲ့လည်း ပြောင်းကစားလို့ရပါတယ်။ ဒါပေမယ့် အတူတူ ပြေးခြင်ရင်တော့ Ghost Mode ကို On ထားပြီးလည်း AI Ghost နဲ့ကစားလို့ရပါတယ်။ Chat ကော Voice Chat ပါ ထည့်ပေးထားတာကြောင့် အချင်းချင်းဆက်သွယ်ဖို့ရာလည်း အခက်ခဲမရှိပါဘူး။ ခက်တာက Map က အတော်ကျယ်ပြီး ဓာတ်မီးအလင်းရောင်တစ်ခုတည်း အားပြုရတာဆိုတော့ အတူတူဆော့တာမဟုတ်ရင် ခြောက်ခြားစရာကြီးပါ။




•        ဒီ Game မှာ ထူးခြားတာက သေရင် တမလွန်ကနေ ကစားရတာပါ ။ ပြောရရင် အသတ်ခံရတဲ့သူက ဝိညာဥ်ဘဝ ပြောင်းသွားပြီး တခြားလူတွေနဲ့ ဆက်သွယ်လို့ ရမရဆိုတာမသိပေမယ့် နံရံတွေဖြတ်ပြီးတော့ အခြေနေတွေကို လိုက်ကြည့်လို့ရပါတယ်။ မင်မင်တို့များ ကံကောင်းတယ် မကောင်းတယ် စကတည်းကိုက တမလွန်ကို ဗီဇာမပါဘဲ တန်းရောက်သွားတာ ။ ဖြစ်ခြင်တော့ သရဲကလည်း ဝင်ပေါက်တည့်တည့်လာတာကို။ Texture Resolution လည်း ကောင်းသလို 60 fps လည်း Support ပေးတာဆိုတော့ မဆိုးဘူးပြောရမယ်။ နောက်ထပ် သဘောကျတဲ့ အခန်းက Customize လုပ်တဲ့ Room ပါ။ Mirror ရှေ့မှာ ကြိုက်သလို Move လို့ရပြီး Main Menu ကို ပြန်ထွက်ရင်တောင် Door ကနေ ထွက်ရတာမျိုးပေါ့။ ဒီ Game က Developer တွေပေါ်မူတည်ပြီး အလားလာရှိတဲ့ Game တစ်ခုလို့မြင်မိတယ်။ Ghost Character တွေ ၊ New Map တွေ ထပ်ထည့်ပေးရင်တော့ တကယ်အရမ်းမိုက်မှာသေချာတယ်။ 




( Multiplayer သမားတွေက Setting ထဲမှာ Server တူတူ ရွေးပေးဖို့လိုတယ်နော် )



System Reqirement

Android version 4.4 +
Size 280 MB
Developer Gameplier
Network offline / online
App version 1.0.17
Price Free

Download Link


( Android )

Playstore
Or
Apkpure

( Apple iOS )

Download
==========================


( သာယာသော နေ့လေးကို အမြန်ဆုံး ရောက်ကြရပါစေ )

#HELLOYDB

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...