The Trail

0% COMMUNITY SCORE
LOADING...
RATE:
      
        ဒီ GAME လေးက စိတ်အေးချမ်းစေမယ့် Adventure game ကောင်းလေးပါ။ အထူသဖြင့် အိမ်မှာနေရာတာ ပျင်းလာတဲ့ခါကြရင် ခုလို တောထဲတောင်ထဲမှာ ခရီးထွက်ရတာက တကယ်ကို စိတ်သက်သာရာရစေပါတယ်။ စွန့်စားခရီးသည်နေရာကနေ ကစားရမှာဖြစ်ပြီး သဘာဝအလှတွေကို တစ်ဝကြီး ခံစားစေရမယ့် Game တစ်ခုပါ။ လမ်းခရီးတစ်လျှောက်လုံးမှာ နားနေစခန်းတွေလည်း လုပ်ပေးထားပြီး တခြား စွန့်ဦးခရီးသည်တွေနဲ့လည်း စုံတတ်ပါသေးတယ်။ နားနေစခန်းမှာ လမ်းတစ်လျှောက် ကိုယ်တွေ့ခဲ့တဲ့ ပစ္စည်းလေးတွေ၊ အသီးနှံတွေကိုလည်း တခြားလူတွေနဲ့လည်း ရောင်းလဲဝယ်ထပ်လုပ်လို့ရပါသေးတယ် ။




   Graphic က Polygon ဖြစ်ပေမယ့် အဆင်ပြေတယ်တယ်လို့ပြောလို့ရတယ်။ သဘာဝကို အနီးစပ်ဆုံး ဆင်တူအောင်ဖော်ပြပေးထားပြီး တောထဲတောင်ထဲ လမ်းလျှောက်ရတဲ့ ခံစားချက်က တစ်နည်းနည်းနဲ့ ကစားသူကို အရသာတစ်မျိုးခံစားစေရမှာပါ။ တအားကြီးပြေးတာမျိုးလည်းမဟုတ်တော့ ပတ်ဝန်းကျင်ကို အေးဆေးကြည့်လို့ရတာပေါ့။ Game က နေရာသစ်ရောက်လေ အသစ်သစ်သော ပတ်ဝန်းကျင်ကို ပိုတွေ့ရလေပါ။ စွန့်ဦးခရီးသည်ဖြစ်တာကြောင့် နေရာသစ်ကို တွေ့ခဲ့ရင်တောင် အဲနေရာမှာ မိမိကိုယ်ပိုင်အိမ်လေးတွေ ဆောက်ခဲ့လို့ရပါသေးတယ်။






        နောက်ဆုံး ကိုယ့်အတွက် အဖော်မရှိရင်တောင် ခွေးလေးတွေကို အတူခေါ်သွားပြီး ခရီးထွက်လို့ရပါတယ်။ မေ့နေတာ ကြားထဲမှာ ခရီးပေါက်တိုင်း တစ်ခါလေ ကိုယ့်မိသားစုစီကနေ စာရောက်လာတတ်တယ်။ မိသားစုပြဿနာလေးတွေ ဘာလေးတွေပါတာပေါ့။ အဲဒါကိုမှ ကိုယ်က အဆင်ပြေသလို ပြန်ရေးပေးရတာလည်းရှိတယ်။ ဒီမှာ ကိုယ်ကြုံရတဲ့ခံစားချက်တွေလည်း ထည့်ပြောပေးရတာပေါ့။ စာက ကိုယ်တိုင်ရေးစရမလို့ပါဘူး  ခံစားမှုပေါ်မူတည်ပြီး Choice ပေးလိုက်ရုံဘဲ။ 



          ပြောရရင် ဒီ game က တစ်ယောက်တည်းသမားတွေတွက် တကယ်ကို စိတ်ထွက်ပေါက် Game လေးပါ။ သဘာဝကြီးကို ကိုယ်တိုင်စွန့်စားပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းရမယ့် game မျိုးပါ။ ဘယ်သူမဆို ဒီလို စွန့်စားမှုမျိုးကို လိုခြင်ကြမှာပါ။ မင်မင်လည်း တစ်နေ့နေ့တစ်ချိန်ချိန်ကြရင် အဲလို တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ်နဲ့ ကမ္ဘာပေါ်က သဘာဝအလှတွေကို နှလုံးသာထဲထိ ခံစားကြည့်ခြင်သေးတယ်။ ကိုယ် အချစ်ဆုံး တိရိစ္ဆာလေးတွေနဲ့ အတူတူပေါ့။ လောလောဆယ်တော့ ဒီ Game လေးက အဲဆန္ဒတွေကို ထွက်ပေါက်ပေးနိုင်တယ်။ တကယ်မဟုတ်ပေမယ့် ခံစားလို့ရတယ်။ ဘာဘဲဖြစ်ဖြစ် Admin ကတော့ ဆော့ရတာ ကျေနပ်တယ်။ 


🌳🌳🌳🌳🌳🌳🌳🌳

Android version = 5.0 +

Size = 677 MB

Type = Offline

🌳🌳🌳🌳🌳

Download Link
°°°°°°°°°°°°°°°°°°°°°

( Android )

Playstore 

Or

Apk Only ( 650 MB ) ( Mod )

( Apple iOS )


Apple iOS


HELLO Ready....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...