True Masters



•        ဒီ Game က  ဓာတ်ကြီးလေးပါးရဲ့ သိုင်းပညာတွေကို  ထိထိမိမိနဲ့ အားရစရာကောင်းလောက်အောင် ဆော့ရမယ့် Fighting Game တစ်ခုပါ ။ လောလောဆယ် Game က  Developer လက်အောက်မှာဘဲ ရှိသေးပြီး  ထွက်ထားတာကလည်း  တစ်ပတ်တောင်မပြည့်သေးပါဘူး ။ 




•        Graphic တွေဘာတွေက  သိပ်မပြောပလောက်ပေမယ့်  Gameplay ပုံစံနဲ့ Super Power ဖန်တီးထားတာတွေကတော့  တကယ်ကို အားရစရာကောင်းတာပါ ။ ပြောရရင်  Avatar  နဲ့ သွားဆင်တူနေပြီး  မြေ ၊ ရေ ၊ လေ ၊ မီး ပြီးရင် နောက်ထပ် ထပ်ဖြည့်ထားတဲ့ မိုးကြိုးတွေရဲ့ သိုင်းစွမ်းအင်တွေကြားမှာ ဆရာတစ်ဆူဖြစ်အောင်  ယှဥ်ပြိုင်ရမှာပါ ။ 




•         Character  အနေနဲ့ Male ကော Female ကော  အပါဝင် စုစုပေါင်း 10 ယောက်ထိ ထည့်သွင်းပေးထားပြီး  တစ်ဦးခြင်းစီမှာလည်း သက်ဆိုင်ရာ  ဓာတ်ကြီးလေးပါး ရဲ့  စွမ်းအင်ကိုယ်စီကို ပိုင်ဆိုင်ထားကြပါတယ် ။ Fighting Game ဆိုတော့ တိုက်ကွက်တွေက  အတော်အရေးပါပြီး ဒီ GAME မှာလည်း  သိုင်းကွက်စုံအောင် အမျိုးမျိုးထည့်ပေးထားတာပါ ။




•          Control ကအစ ရိုးရှင်းသလို  သိုင်းကွက်ထုတ်ရတာတွေကလည်း  Movement ပေါ်မူတည်ပြီး  အရမ်းအားရစရာကောင်းတယ်  ။ အထူးသဖြင့် Power အမြင့်ဆုံး S ကိုရရင်တော့ လုံးဝကို  သိုင်းကြမ်းကြီးတွေ ထုတ်ချတာမျိုးတွေပါ တွေ့ရမှာပါ ။ Fire ဆ်ိုလည်း  Avatar ထဲက သိုင်းကွက်အတိုင်း တွေ့ရမှာဖြစ်သလို  Water တောင်မှ  ရေခဲသွားတဲ့ထိ Power Effect တွေ  အရမ်းအားရစရာကောင်းတယ် ။ ပြောရရင် Game က မကောင်းဘူးလို့ထင်ရင်နေတောင်  ချရတာ  အားရစရရာကောင်းတယ်ဆိုတာ ငြင်းလို့မရဘူး။




======================

- [  Android version : 4.4 + ]

- [  Size :  151 MB ]

- [  Developer : Muralla Game ]

- [  Type : Offline ]

================

Download Link 
°°°°°°°°°°°°°°°°°°



Or



==========================


( )

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES