Virtual Sim Story

•          ဒီ Game က အခု One Year Memory အနေနဲ့ ပြန်တင်ဖို့ လုပ်ထားပေမယ့် Update ကြောင့် Review အသစ်လေးကို ထပ်ရေးပေးလိုက်တာပါ။ မဖတ်ရသေးရင် အခု Link (  https://m.facebook.com/story.php?story_fbid=861072241052587&id=411072952719187  )  ကနေ အရင် သွားဖတ်ပြီးမှ Update Review ကို အောက်မှာ ဆက်ဖတ်ပေးပါ။  အမှတ်တရတွေ များသလို အဲတုန်းက Hello Fan တွေ တစ်ပုံကြီး Server ထဲမှာ တွေ့ခဲ့ရတာပါ။ မှတ်မှတ်ရရ ကားပေါ်ခေါ်တင်ခဲ့တဲ့ Fan နှစ်ယောက်တောင် အခုထိ ရှိသေးရဲ့လားမသိဘူး။ ပြီးတော့ Australia ကနေထုတ်တာမလို့ အေးဆေးဘဲ။




•         Game ပုံစံကိုပြောရရင် ဒီ Game က Play Together မထွက်ခင်ကတည်း အရင်ပေါ်ခဲ့တာပါ။ ကွဲတာဆိုလို့ ဒီက SIM အတိုင်း Human တွေပေါ့။ အဲတုန်းက Server error တွေ၊ Feature မစုံသေးတာတွေလည်း အမျိုးမျိုးပေါ့။ အခု Memory တက်လာလို့ ပြန်ဆော့ကြည့်တဲ့အခါကြမှ  တော်တော်ကြီးကို ပြောင်းသွားတာပါ။ ပြောရရင် လမ်းတွေတောင် မမှတ်မိတော့တဲ့ အထိပေါ့ ။ Graphic ပိုင်းတွေ Improve လုပ်လာတယ် ပြီးရင် နေရာတွေ၊ အလုပ်တွေ၊ ကစားနည်းတွေ ထပ်တိုးလာတယ်။ အမိုက်ဆုံးကတော့ Explore မှာ တစ်နေရာနဲ့တစ်နေရာ လွယ်လွယ် ခုန်ကူးလို့ရလာတာပေါ့။ အရင်ကဆိုရင် အလုပ်သွားဖို့တွက်ကို ကိုယ့်မှာ အဝေးကြီး ခြေခြင်လျှောက်ရတာ။



•        အသစ်တိုးလာတာတွေကတော့ အတော်များတယ် UI အသစ်တွေကောပေါ့ ။Home Decorate တွေလည်း လုပ်လို့ရလာသလို သူများ Party တွေထိကို သွားကဲလို့ရနေပြီ။ ကားအသစ်တွေပေါ်ပေမယ့် ကိုယ်ကတော့ အဟောင်းလေးနဲ့ ပတ်နေရတာပေါ့။ ဝယ်ထားတဲ့ ဒုတိယအိမ်တောင် အိမ်ပြောင်ကြီး။ ​1 year ago ဆိုတော့လည်း အဲလောက်တော့ ရှိမှာပေါ့။




•        သဘောကျတာတွေ အများကြီးတွေ့လာပေမယ့် ဘဝင်မကျတဲ့ Server ကိုလည်း နည်းနည်းစိတ်ပျက်မိတယ်။ အသစ်တွေတိုးပေမယ့် Bug တွေက ရှိနေတုန်းဘဲ။ ကျန်တာတွေ သဘောကျပေမယ့် Server က Play Together လောက်တောင် Stable မဖြစ်သလိုခံစားမိတယ်။ အဲတော့ သူငယ်ချင်းတွေနဲ့ Experience အသစ်လိုခြင်ရင်တော့ Explore လုပ်လို့ကောင်းတဲ့ Open Island Map ကြီးလည်းရှိသလို တခြား အတူတူအပန်းဖြေ၊ ဆော့ကစားနည်းတွေလည်း  အများကြီးရှိသေးတာကြောင့် သဘောကျမှာပါ။




======================

- [  Android version : 5.0 + ]

- [  Size : 486 MB ]

- [  Developer : Foxie Venture ]

- [  Type : Online ]

================

Download Link
°°°°°°°°°°°°°°°°°°°

( Android )

Playstore

Or

Apkpure


( Apple iOS )

Apple iOS

==========================

( ❤️ ❤️)

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES