Wenjia
° ဒီလောကကြီးမှာ မြင်အပ်၊ မမြင်အပ်တဲ့ အရာတွေ ရှိနေတယ်ဆိုတာကို သင် သတိထားမိရဲ့လား ။ လက်တွေ့ကျတဲ့ အမြင်တစ်ခုတည်းနဲ့ မဆုံးဖြတ်နိုင်သလို မမြင်ရတဲ့ အရာတစ်ခုတွက်နဲ့လည်း တပ်အပ်ပြောလို့မရပါဘူး။ ဘာလို့ဆို အလင်းရှိရင်၊ အမှောင်ရှိသလို၊ မြင်ရတဲ့ အရာရှိရင်လည်း မမြင်ရတဲ့ အရာဆိုတာ ရှိနေမှာပါ။
° ဒီ Game မှာဆိုရင် သတ္တဝါတိုင်း မြင်နိုင်တဲ့ နယ်ပယ်တစ်ခုရဲ့ နောက်ကွယ်မှာ မမြင်နိုင်ဘဲ ဖုံးကွယ်ထားတဲ့ ပုံရိပ်ယောင်တွေရဲ့ နောက်ထပ် နယ်ပယ်တစ်ခု ရှိနေခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဒီလောကကြီးရဲ့ အဓိကစွမ်းအင်တွေကို ဖော်ပြပေးနေတဲ့ နေရာတစ်ခုဖြစ်ပြီး ဆန်းကြယ်လွန်းတဲ့ သက်ရှိပုံရိပ်တွေရဲ့ ဖြစ်တည်မှုတွေကြောင့် သဘာဝမိခင်ကြီးကိုယ်တိုင်ကိုက ပေးမမြင်ခိုင်းတဲ့ နယ်ပယ်တစ်ခုဆိုလည်း မမှားပါဘူး။
° တစ်နေ့ အဲဒီနယ်ပယ်ရဲ့ သန့်စင်တဲ့ စွမ်းအင်တွေကနေ သက်ရှိလေးတစ်ခု မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ သက်ရှိလေးက လောကနှစ်ခုကို လိုသလို မြင်တွေ့နိုင်သလို မိခင်ရဲ့ စွမ်းအင် အရင်းမြစ်တွေကိုလည်း ရရှိ ပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် သိပ်မကြာခင်မှာဘဲ စွမ်းအင်တွေရဲ့ သဘာဝမိခင်ကြီးဟာ သေဆုံးလုနီးပါး ကပ်ဘေးကို ကျရောက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ လူသားတွေကြောင့်ဖြစ်ပြီး နယ်ပယ်နှစ်ခုရဲ့ စွမ်းအင်တွေဟာ အဖြတ်ခံရတဲ့ထိ ဖြစ်ပွားခဲ့ပါတယ်။ မြို့ကြီးပြကြီးတွေကို တည်ဆောက်ပြီး မိခင်ကြီးရဲ့ စွမ်းအင်အရင်းမြစ်တွေကို လောဘကြီးစွာနဲ့ သုံးဖြုန်းနေတာကြောင့် စွမ်းအင်တွေဟာ တဖြည်းဖြည်းလျော့ရဲ မှေးမှိန်လာခဲ့ပါတယ်။ ဒီအခြေနေကို သိသွားတဲ့ မှော်ကြောင်လေးကတော့ သူ့ရဲ့ ပင်မ စွမ်းအင်ကို အသုံးချပြီး လောကနှစ်ခုရဲ့ ချိတ်ဆက်မှုကို ပြန်လည် ကယ်တင်ပေးရတော့မှာပါ။
° Background Art တွေ အရမ်းအသက်ဝင်ပြီး Platform Adventure Game ကိုမှ Puzzle ဆန်ဆန်ကစားရမယ့် Game ကောင်းတစ်ခုပါ။ In Game Music တွေကစ လုံးဝ Deep ဖြစ်ပြီး Main Character ဖြစ်တဲ့ ကြောင်လေးရဲ့ Animation ပုံရိပ်တွေကလည်း တကယ့်အပြင်ကအတိုင်း သဘာဝကျကျ ဖန်တီး ထည့်သွင်းပေးထားတာပါ။ ခုန်တာတွေ၊ နံရံကို မှီတာတွေ၊ နောက်ဆုံး ဘယ်မှ မရွေ့ပေးရင်တောင် ငုတ်တုတ်လေးထိုင်ပြီး လျှာသပ်နေတာလေးတွေက အရမ်း အူယားစရာကောင်းတယ်။
° Gameplay က နယ်ပယ်နှစ်ခုကို လိုသလို အသုံးချပြီး ရွေ့ပြောင်းကစားရမှာဖြစ်သလို Chapter တစ်ခုပြီးတစ်ခု တက်လာတာနဲ့ အမျှ ပိုပိုပြီး Challenge ဖြစ်လာတဲ့ Game မျိုးပါ။ Storyline Game ဖြစ်တာကြောင့် ကြောင်လေးရဲ့ ခရီးစဥ်တစ်လျှောက် ရလာတဲ့ စွမ်းအင်အစက်လေးတွေပေါ်မူတည်ပြီးလည်း ဇာတ်လမ်းဇာတ်အိမ်ကို အသေးစိတ် သိရမှာပါ။ ဆိုလိုတာက စွမ်းအင်အစက်လေး မရရင် Level တစ်ခုရဲ့ ကြားထဲမှာပေးတဲ့ Message ကို မရဘူးဆိုတာမျိူးပေါ့။ အချိန်ကလည်း စကားပြောသလို Skin တွေကိုလည်း ရယူဖို့ ကြိုးစားနိုင်တာကြောင့် စိတ်အေးအေးနဲ့ အပန်းဖြေလို့ကောင်းတဲ့ Adventure Game ကောင်းလေးပါ။ ပြီးတော့ တစ်ချို့အခန်းတွေဆိုရင် စိတ်ကောလက်ကောရှည်မှ ဖြစ်မယ်။
======================
[ Android version : 6.0 + ]
[ Size : 343 MB ]
[ Developer : Dilemma studio ]
[ Type : Offline ]
================
Download Link
==========================
( )
#HELLOYDB
Comments