CyberWar Cyberpunk Reborn
ဒီနေ့ ညနေကဘဲ Dark Prison ရဲ့ offline
version ဟာ CyberWar အနေနဲ့ တရားဝင်ထွက်လာပါပြီ။ အရင် Dark Prison တင်တုန်းကလည်း
comment မှာ တစ်ချို့ သူတွေက offline ထွက်ပေးရင်ကောင်းမယ်လို့ ပြောထားတာတွေ
မှတ်မိပါသေးတယ်။ အခု သူတို့ရဲ့ ဆန္ဒတွေပြည့်သွားပြီဆိုပေမယ့် တကယ်တော့
စိတ်မကောင်းစရာပါ။
ဘာလို့ဆိုတော့ မူရင်း Game ဖြစ်တဲ့
Dark Prison ဟာ June လ ၁၃ ရက်နေ့ကတည်းကတင် Server ပိတ်သွားပါပြီ။ အကြောင်းကတော့
Server Cost ကြောင့်ဖြစ်ပြီး Game မှာ Purchased လုပ်ခဲ့တဲ့ သူတွေရှိခဲ့ရင်လည်း
သူတို့ရဲ့ Facebook Account မှာ ဆက်သွယ်မေးမြန်းပြီး Promo Code တွေကို အခု Game
တွက် သွားယူထားလို့ရပါတယ်။
ဒီတော့ Developer တွေက သူတို့ရဲ့ Game
Server ပိတ်သွားတာတောင် Offline အနေနဲ့ ထုတ်ပေးသွားခဲ့တာပါ။ ဇာတ်လမ်းကတော့ မူလ
Game နဲ့ ကွဲသွားပြီး သမီးကို ကယ်ရမယ့်အစား လက်စားပြန်ချေရမယ့် ပုံစံမျိုးကို
ဆော့ရမှာပါ။ Action RPG အမျိုးစားဖြစ်ပြီး Mission တိုင်းမှာ Boss နဲ့ Story
ညှပ်ပေးထားတာကြောင့် ဇာတ်သိမ်းကို သိခြင်ရင် Challenge ဖြစ်စေတဲ့ Mission တွေက
စောင့်ကြိုနေပါတယ်။
Cyber ခေတ်ကို
အမှီပြုထားတာကြောင့် Sci-Fi ဆန်တဲ့ အပြင်ဆင်တွေတင်မကဘဲ Weapon အနေနဲ့ပါ
သုံးလက်ထိတောင် ကိုင်လို့ရတာပါ။ Guns ကော Sword တွေကော ကြိုက်နှစ်သက်ရာ
ကိုင်လို့ရပြီး Power ပေါ်မူတည်ပြီးလည်း Damage Level ကစ ကွာခြားပါတယ်။ Auto Aim
ကော Manual Aim ထည့်ပေးထားသလို Camera Distance ကစ Third Person View ထိ Setting
မှာ ချိန်ပေးလို့ရပါတယ်။ Stealth Kill တွေလည်း သုံးလို့ရသလို Skill Tree တွေပါ
ထည့်ပေးထားတာပါ။ ကျန်တာကတော့ Upgrade စနစ်နဲ့ Craft Box တွေပါဝင်ပြီး Skin တွေပါ
ဝယ်လို့ရပါသေးတယ်။
မူလ Character မှာ Male ကော Female
ကော စိတ်ကြိုက် Customize လုပ်လို့ရပေမယ့် Skin တွေကမှ ပိုလှတယ်လို့ မြင်မိတယ်။
နောက်ပြီး Skill Effect တွေက တကယ်ကို ဖြာထွက်နေပြီး Lighting Sword တွေမှာဆိုရင်
ပိုသိသာပါတယ်။ ဒီတော့ အခု Offline မှာ Auto Combat တွေဖြုတ်ပေးလိုက်သလို
ဆော့ရတာလည်း ကိုယ့်ရဲ့ Skill ပေါ်မူတည်ပြီး Fun ဖြစ်စေမှာပါ။ Offline Player
တွေတွက်တော့ တကယ်ကို အကြိုက်တွေ့စေမှာပါ။
Android version | 5 . 1 + |
Developer | Latersoft |
Network | Offline |
Price | Free |
App version | 1.0.0 |
Release date | 18.6.2021 |
Download Link
Type | Size | Link |
Playstore |
370 MB |
Download |
Mediafire
|
360 MB ( Apk+Obb ) |
Download |
Apple iOS |
--- |
Coming Soon |
>> Install တင်နည်း <<
#HELLOYDB
Comments