Detective Mimo
မနေ့ညကမှ ထွက်လာတဲ့ ဒီ GAME လေးက ကြောင်မလေး Mimo နေရာကနေ
စုံထောက်လုပ်ပေးရမှာဖြစ်ပြီး ထင်ထားတာထက်ကို ဇာတ်လမ်းလေးက လှည့်ကွက်များပါတယ်။
Paid Game လေးလည်းဖြစ်သလို Puzzle ကိုမှ Cat World ဆိုတော့ အရမ်း Cute ဖြစ်စေမှာ
သေချာပါတယ်။ လောလောဆယ် Playstore ပေါ်မှာတော့ R$ 16.99 နဲ့ ရောင်းချနေပြီး
မြန်မာငွေနဲ့ဆိုရင်တော့ 4000 လောက်ရှိတယ် ။
ဒီ Cat Kingdom ဆိုတဲ့
ကြောင်နိုင်ငံကြီးထဲမှာကိုက Shrimp ဆိုတဲ့ မြို့တော်လေးတစ်ခုဟာ အားလုံးတွက်
ဆွဲဆောင်စရာတစ်ခုဖြစ်နေတာပါ။ ဘာလို့ဆိုတော့ တန်ဖိုးကြီးတဲ့ အရာတွေ
အများဆုံးတွေ့ရတဲ့ မြို့လေးတစ်ခုဖြစ်ပြီး အဲဒီထဲကမှ MEW ဆိုတဲ့ ဘဏ်ဟာ
သူခိုးတွေတွက်တော့ မျက်စိအကျဆုံးဖြစ်နေတာပါ။
ဒီလိုနဲ့ ဆွဲဆောင်မှုရှိတဲ့
တန်ဖိုးကြီး ဘဏ်ဟာ တစ်နေ့မှာတော့ သူခိုးတစ်ယောက်ရဲ့ လက်ချက်နဲ့တင်
အဖွဲ့စည်းတွေပါ ပြာယာခက်ကုန်ပါတယ်။ အဲဒါကြောင့် ရဲမေဖြစ်တဲ့ ကြောင်မလေး Mimo ကို
တာဝန်ပေးခဲ့ပြီး ဒီလုပ်ရပ်ရဲ့ တရားခံကို လိုက်ဖမ်းခိုင်းခဲ့ပေမယ့် သဲလွန်စရဲ့
အဆုံး သူခိုးနဲ့ ထိပ်တိုက်တွေ့မိတဲ့ အချိန်မှာတော့ အဖြစ်ပျက်ရဲ့
လှည့်ကွက်ဟာ Mimo ရဲ့ ဘဝကို ပြောင်းလဲသွားစေလောက်တဲ့ထိ ဖြစ်ခဲ့ပါတယ်။
ဘာကြောင့်များပါလိမ့်....
Game က Cartoon ပုံစံလေးနဲ Cute
ဖြစ်ပြီး Hint တွေပါ ထည့်ပေးမထားတော့ ဆော့ရတာ တကယ်ကို ဦးနှောက်စားစေတယ်။
အထူးသဖြင့် စာတွေကစ သဲလွန်စ သေချာလိုက်ရှာတာမျိုးတွေ ကြုံရမှာပါ။ Game က Ending
နှစ်မျိုးထိပါဝင်ပြီး Hidden Chapter 2 ခုလည်း ထည့်ပေးထားပါသေးတယ်။ Cat နဲ့
ပတ်သတ်တဲ့ Memes တွေပါ ပါသေးတာကြောင့် Fun ဖြစ်စေမှာတော့ အသေချာဘဲ။
| Android version | 6 . 0 + |
| Size | 263 MB |
| Developer | Omegame |
| Network | offline |
| App version | 3.1 |
| Price | R$ 16.99 |
Download Link
( Android )
( Apk+Obb )[ Paid ]{ Mediafiire }
==========================
#HELLOYDB
Discussion
0
You
Loading comments...






