DvG Conquering Giants

     အသစ်ထွက်လာတဲ့ ဒီ Game လေးက Adventure သမားတွေတွက် ပိုသဘောကျစေမှာဖြစ်သလို ဇာတ်လမ်းလေးနဲ့ပါ ဆော့ရမှာဆိုတော့ အကြိုက်တွေ့စေမှာ သေချာပါတယ်။ ဒီ Game မှာဆိုရင် သင်ဟာ သိုးထိန်းကောင်လေး တစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ သိုးတွေကို သားရဲတိရိစ္ဆာန်တွေရဲ့ ရန်ကနေ အစွမ်းကုန် ကာကွယ်ပေးရမှာပါ။ အဲလိုကာကွယ်တဲ့နေရာမှာ Sling ဆိုတာလေးက သင့်ရဲ့ တစ်ခုတည်းသော လက်နက်လေးဖြစ်ပြီး ထင်မှတ်မထားစေမှာကတော့ သာမန် သားရဲတိရိစ္ဆာန်တွေတင်မကဘဲ Giants ဆိုတဲ့ ဘီလူးကြီးတွေနဲ့ပါ တွေ့ကြုံရမှာပါ။ ဒီတော့ သာမန် သိုးထိန်းကောင်လေးတစ်ယောက်က ဒီဘီလူးကြီးတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ ?

တကယ်တော့ Game က VR အနေနဲ့ PC မှာ အရင် ထွက်ခဲ့ပြီး  Android မှာတော့ Third Person အနေနဲ့ ထုတ်ပေးထားတာပါ။ တကယ်ကို ရိုးရှင်းသလောက် Developer ဘက်က သေချာဖန်တီးပေးထားပြီး Level ဒီဇိုင်း နဲ့ Boss Type တွေကစ တစ်ခန်းနဲ့တစ်ခန်း မတူအောင် ဆွဲဆောင်စေတာ အမှန်ဘဲ။ အစကတော့ wave လိုမျိုး ထင်ခဲ့ပေမယ့် တကယ်တမ်းကြတော့ ဇာတ်လမ်းလေးနဲ့ တစ်နေရာပြီးတစ်နေရာ စွန့်စားရတာမျိုးပါ။

Game က Subtitle မပါတော့ အသံကျယ်ကျယ်လေး ဖွင့်ဆော့စေခြင်တယ်။ ဒါမှ ဇာတ်လမ်း နားလည်ရုံတင်မကဘဲ တစ်ချို့ Mission တွေဆိုရင် Main Character ရဲ့ စကားပြောသံနဲ့မှ ဘာလုပ်ရမယ်ဆိုတာ နားလည်တာမျိုးပါ။

Graphic အနေနဲ့ အားနည်းတယ်လို့ထင်ရပေမယ့် Lighting နဲ့ Reflection တွေ အတော်ကောင်းတာကြောင့် Environment ကအသက်ဝင်စေတယ်။ Setting ပိုင်းမှာ Options သိပ်မပါပေမယ့် Control ပိုင်းကတော့ ဆော့ရတာ ​smooth ဖြစ်တယ် ။ တခြားကတော့ သိပ်ထွေထွေထူးထူးမရှိပေမယ့် စွန့်စွန့်စားစားဆော့ခြင်တဲ့ သူတွေအတွက်တော့ တကယ်အကြိုက်တွေ့စေမယ့် Game ကောင်းလေးပါ။ ပြောရရင် သိုးလေးတွေအတွက် စွန့်စားရတာမျိုးပေါ့။

Game Information

Android version 7 . 1 +
Developer Virtuous VR Gaming
Network Offline
Price Free
App version 1.040
Release date 2021

Download Link

Type Size Link

Playstore

817 MB

Download

Mediafire

 

786 MB

( Apk+Obb )

Download

Apple iOS

---

Download
 
#HELLOYDB
 
 

လူကြည့်အများဆုံး GAMES