Endless Nightmare Weird Hospital

0% COMMUNITY SCORE
LOADING...
RATE:
              ဒီရက်ပိုင်း Horror Game တွေ အထွက်များသလို Endless Nightmare ရဲ့ Title အသစ်ဟာလည်း Early Access အနေနဲ့ ထပ်ထွက်လာပါပြီ။ ဒီတစ်ခါ Weird Hospital ဆိုတဲ့ ခေါင်းစဥ်နဲ့ အသစ်ထုတ်ပေးတာဖြစ်ပြီး စုံထောက်တစ်ယောက်နေရာကနေ Action ဆန်ဆန် သည်းထိတ်ရင်ဖိုဖွယ် ကစားရမှာပါ။ ပြီးတော့ တကယ် သဘောကျစရာကောင်းတဲ့ အပိုင်းတွေလည်း ပါသေးတယ် ။ 
             ဒီ Game မှာဆိုရင် သင်ဟာ ဒေါက်တာ Howard ရှိတဲ့ ဆေးရုံကို လူပျောက်ကိစ္စနဲ့ ပထမဆုံး သွားရောက်စစ်ဆေးခဲ့ပြီး မထင်ထားတဲ့ ကိစ္စတွေဟာ အနှေးနဲ့ အမြန်ဆိုသလို ဖြစ်ပျက်ခဲ့ပါတယ်။  အထူးသဖြင့် ဒီဆေးရုံရဲ့ လူနာတွေဟာ ခေါင်းမှာ အိပ်အမဲနဲ့ တစ်ကိုယ်လုံးဒဏ်ရာတွေ ပေပွနေတာကို တွေခဲ့ရပြီး ကြောက်စရာကောင်းတာက သူတို့ဘာသာ သူတို့ ပြန်ပြီး ကုတ်ဖဲ့နေကြတာပါ။ 
             အဲဒီထဲကမှ ဒေါက်တာ Howard ဟာ စေခိုင်းသူပုံစံလို သက်ရောက်နေပြီး နတ်ဆိုးလိုလို မကောင်းဆိုးဝါးလို အကောင်တစ်ကောင်ကြောင့် သင်ပါ ဒေါက်တာရဲ့ အစမ်းသပ်ခံ အကျဥ်းသားဘဝကို ရောက်ခဲ့ရပါတယ်။ ဒီလိုနဲ့ အဖြစ်ပျက်တွေဟာ မြန်ဆန်လွန်းတာကြောင့် သင့်အနေနဲ့ ဒီ ဆေးရုံကြီးကနေ လွတ်မြှောက်နိုင်ပါ့မလား ...... 
            Game က Intro ဝင်တာတွေကစ သဘောကျစရာကောင်းသလို အရင် Game ကလို ပုန်းနေရတာထက် ပြန်ပြီး ပစ်လို့ရတဲ့ အခြေနေမျိုးကို တွေ့ရမှာပါ။ ဒီတော့ လက်နက်တွေပါ ကိုင်ဆောင်လို့ရပြီး အမိုက်ဆုံးကတော့ Talents နဲ့ Craft စနစ်တွေပါ ထည့်ပေးထားတာပါ။ ထုံးစံတိုင်း ကျည်လည်းရှားသလို ၊ အသံမထွက်ဖို့ရာလည်း အရေးကြီးပါတယ်။ ဒါပေမယ့် ဝက်အူတွေကနေတစ်ဆင့် ကျည်ကို Craft လို့ရပြီး HP တင်မကဘဲ Stamina ပါ ထည့်ပေးထားကြောင့် Game က Survival ဆန်တယ်လို့ ပြောလို့ရတယ် ။ တကယ်လို့ Dead သွားရင်တောင် ပစ္စည်းတွေ ပြန်ရသေးတော့ Challenge ဖြစ်စေတာတော့ အမှန်ဘဲ။ 
            Game က Graphic ပိုင်းမှာလည်း သိသိသာသာ Detail ဖြစ်တာကို တွေ့ရမှာပါ။ ဥပမာ - သေနေတဲ့ လူနာအလောင်းရဲ့ ကိုယ်ပေါ်မှာ ယင်ကောင်တွေ ဝဲနေတာကအစ အသေးစိတ်တွေ့ မြင်ရမှာဖြစ်ပြီး ဒဏ်ရာဒဏ်ချက်နဲ့ လူနာတွေရဲ့ ညည်းညူး သံတွေကစ ကြားလိုက်ရုံနဲ့ တကယ် ​ရင်ထိတ်စရာကောင်းတာကို ခံစားရမှာပါ။ နောက်ပြီး စိတ်ကိုလှည့်စားထားတဲ့ အခန်းတွေပါ ထည့်ပေးထားတော့ အရမ်းအရမ်းကို သဘောကျစရာကောင်းတာပါ။ အဲအခန်းဆိုရင်  မင်မင်တောင် အားရပါးရ မသိဘဲတက်နေတာ ၅ မိနစ်လောက်ရှိတယ်။ နောက်မှ သေချာစဥ်းစားမိတော့ လူကော မှတ်ထားတဲ့ အခန်းနေရာတွေပါ လည်ထွက်သွားတယ်။ 
             မင်မင်ကတော့ တကယ်သဘောကျသလို Early Access မလို့ Sound Bug လေးတွေလည်း တွေ့နေရသေးတယ်။ Normal Player တွေတွက်တော့ ဒီ Game က တကယ်ခက်မှာပါ။   ဘာလို့ဆိုတော့ ကျည်မလောက်တာနဲ့တင် Game က လည်နေမှာသေချာတယ်။ Item အချို့ကို Purchase လုပ်လို့ရသလို Weapon အသစ်တွေလည်း $ နဲ့ဝယ်ယူလို့ရပါတယ်။ ဒါပေမယ့် ကျည်မလောက်တော့ဘဲ ခြေသံကြားလိုက်ရတဲ့ ခံစားချက်ကမှ ဒီ Game ရဲ့ Horror အစစ်ပါ။ ​နောက်ပြီး တိတ်တိတ်လေးနဲ့ နောက်ကနေ ချောင်းသတ်လို့လည်း ရတော့ တကယ်ကို စိတ်လှုပ်ရှားစေမယ့် Game ဆိုတာ သေချာပါတယ်။ 

Game Information

Android version 5 . 0 +
Developer 707 INTERACTIVE
Network Offline
Price Free
App version 1.0.2
Release date Early Access

Download Link

Type Size Link

Playstore

196 MB

Download

Mediafire

 

196 MB

( Apk+Obb )

Download

Apple iOS

---

Coming Soon

#HELLOYDB
 
 

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...