Granny 3


•          Horror သမားတွေ အကြိုက်ဖြစ်တဲ့ Granny ဟာ အခုဆိုရင် 3 အနေနဲ့ အသစ်ထွက်လာပါပြီ။ အရင်ကထက် ပို​စိတ်လှုပ်ရှားစရာကောင်းသလို 3 ဆိုတဲ့တိုင်း Granny ကော Grandpa ကော ပြီးတော့ မြေးမဖြစ်တဲ့ Slendrina ပါ သုံးယောက်ပေါင်းပြီး ဒုက္ခပေးတော့မှာပါ။ အရင်က တစ်ယောက်တည်းတောင် နှလုံးတွေခုန်နေတာ ၊ အခု သုံးယောက်ဆိုတော့ ဘာတွေများ ထခုန်အုံးမလဲ မသိဘူး ။


•          ဒီတော့ ထုံးစံတိုင်း ကိုယ့်ရဲ့ Main  Character ကတော့ လျှာရှည်ပြီး Granny တို့ အိမ်ကို ဝင်သွားရာကနေ Grandpa ရဲ့ နှစ်လုံးပြူးနဲ့ အချုပ်ခံလ်ိုက်ရပါတယ်။ သေနတ်နဲ့ ပစ်ခံရတာကိုပြောတာ။ ဒီလိုနဲ့ အချုပ်ကနေ လွတ်အောင်ကြိုးစားရင်း အဖမ်းခံလိုက်၊ ပြန်ထွက်လိုက်နဲ့ 5 ရက်တိတိဘဲ သင့်မှာ အချိန်ရမှာပါ။ ပြောခြင်တာက တကယ်လို့ သင်က တစ်ယောက်ယောက်လက်ချက်နဲ့ အချခံမိခဲ့ရင် မသာမပေါ်ဘဲ တစ်ရက်လောက် မှောက်သွားမှာဖြစ်ပြီး နောက်တစ်ရက်ကြရင် ပြန်ပြီး သတိရှိရှိနဲ့ ကြိုးစားရမှာပါ။ 




•          ပင်တိုင်စံ Granny ကြီးကတော့ Original  အတိုင်း သွက်သွက်လက်လက် နဲ့ အသံကြားရာ လိုက်ချမှာဖြစ်ပြီး Grandpa ကတော့ သူက အသံသိပ်တော့ မကြားရဘူး။ နားသိပ်မကောင်းဘူးပေါ့။ ဒီတော့ သူက လက်ထဲက နှစ်လုံးပြူးနဲ့ မြင်မြင်သမျှ လိုက်ပစ်တော့တာဘဲ။ နောက်ဆုံး ​ဒုက္ခအပေးဆုံး မြေးမဖြစ်တဲ့ Slendrina ကတော့ နေရာတစ်ကာ ဘွားကနဲ ကိုယ်ထင်ပြမှာဖြစ်ပြီး မြင်လိုက်တာနဲ့ ရင်တွေတောင် ခုန်သွားတဲ့ထိ ခံစားရမှာပါ။ ပြောရရင် Crush တောင် အဲလောက် မခုန်ဘူးဘူးထင်တယ်။ ပြီးတော့ အဲဟာမလေးက Practice Mode မှာတောင် Granny တို့ လင်မယား ခရီးထွက်တာ လိုက်မသွားဘဲ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တဲ့ ကိုယ့်ကို လာလာပြတတ်ပါတယ်။ 




•        Game က Difficult မှာတောင် Ghost Mode မပါဘဲ Practice အနေနဲ့ဘဲ အိမ်ကိုဘဲ လေ့လာလို့ရတာပါ။ ခက်တာက Easy မှာတောင် ကိုယ့်မှာ တစ်လှမ်းခြင်းသွားနေရတယ်။ ဘာလို့ဆို စစခြင်း တံခါးလေး ဖွင့်ကာရှိသေး အိမ်ပေါ်ကနေ ဝါးရင်းထုတ်ကြီးနဲ့ ဆင်းလာလို့ ​အကြောက်လွန်ပြီး ထောင်ထဲ ပြန်ဝင်နေရတယ် ။ မနေခြင်လို့ ထွက်လာတဲ့ အကျဥ်းထောင်နေရာတောင် ကြောက်လို့ ပြန်သွားနေရတဲ့အဖြစ်။ 




•        Menu ပုံစံလေးကို သိပ်သဘောမကျပေမယ့် Gameplay နဲ့ အိမ်အပြင်ဆင်တွေကတော့ အရမ်းမိုက်တယ်။ အခန်းဖွဲ့စည်းပုံတွေကော၊ Hidden လုပ်လို့ရတဲ့ အပေါက်တွေကော တော်တော်သဘောကျတယ်။ Granny ရဲ့ Character ကတော့ ဘာမှပြောင်းလဲထားတာမျိုးမတွေ့ရပေမယ့် အရင်က အရသာကို မပျက်စေခြင်လို့ မူလအတိုင်း ပြန်ထည့်ပေးထားတယ်လို့ မြင်မိတယ်။ ပြောရရင် အိမ်မက်ထဲထိ အဲမျက်ခွက်ကြီး မှတ်မိအောင်လို့။ အဲတော့ Horror  သမားတွေတွက် လက်ကိုမလွတ်သင့်တဲ့ Game ကောင်းတစ်ခုပါ။ 

System Requirement

Android version 4 . 4 +
Size 63 MB
Developer DVloper
Network offline
App version 1.0
Price Free

Download Link

( Android ) 


Playstore

Or

Apk Only ( 62 MB ) [ Mediafire ]


( သရဲ Game ပါဆို Mod ဆော့မှာတော့ ဘယ် Feel လာတော့မလဲ )

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES