Horror Brawl ( Beta )

            ဟိုတစ်လောကတင် Ice Scream 4 ထုတ်ပေးထားတဲ့ Keplerians က ဒီတစ်ခါမှာတော့ လုံးဝ မထင်ထားတဲ့ Game အသစ် တစ်ခုကို ထပ်မံချပြလိုက်တာပါ။ Evil Nun တို့ Mr Meat တို့လို Offline Game အထုတ်များတဲ့ Keplerians က ထူးထူးခြား Online Type ထဲကို တိုးဝင်လာတာကြောင့် Fan တွေတွက် အတွေ့ကြုံသစ်ရစေမယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ Character တွေအကုန်လုံးက သူတို့ ထုတ်ပေးခဲ့တဲ့ လူကြိုက်များ Game တွေထဲက ဇာတ်ကောင်တွေဘဲ ပြန်ထည့်ပေးမှာဆိုတော့ အရမ်းမိုက်တာပါ။ 
            ဒီ အသစ်ထွက်လာတဲ့ Horror Brawl Game က Brawl ဆိုတဲ့အတိုင်း BR ကို အခြေပြုပြီး Survival လုပ်ရမယ့် Game တစ်ခုပါ။ သဘောကျစရာကောင်းတာက Game က ဆော့နေကြ Type တွေနဲ့ လုံးဝမတူဘဲ Horror ထက် Action Adventure ဘက်ကို ရောက်သွားတာမျိုးပါ။ Player 16 ယောက်ထိပါဝင်ပြီး နောက်ဆုံး ကျန်ခဲ့တဲ့သူ ၊ ဒါမှမဟုတ် Escape လုပ်နိုင်တဲ့သူက ဒီ Game မှာ အနိုင်ရမှာပါ။ အဲတော့ Weapon တွေ Chest တွေကို လိုက်ရှာရင်း  ဒီ Game ရဲ အဓိက ထူးခြားချက်ဖြစ်တဲ့ Chaos Stones တွေက Game ကို ပိုပြီး Challenge ဖြစ်စေတာမျိုးကို တွေ့ရမှာပါ ။ 
           ဘာလို့ဆို အဲဒီ Chaos Stones လေးခုလောက်သာ ရှာတွေ့ခဲ့ရင် မကောင်းဆိုးဝါးအဖြစ် နဲ့ Evil Nun အနေနဲ့ပါ ကူးပြောင်းလို့ရတာပါ။ လောလောဆယ် Beta မလို့ Evil Nun ဘဲ ပါသေးပေမယ့် Developer တွေ ထုတ်ခဲ့တဲ့ Horror Series တွေထဲက Ice Scream တို့လို Character တွေပါ အကုန် ထပ်ပါလာအုံးမှာပါ။ အဲလို ကူးပြောင်းတဲ့အချိန်ကြရင် ပိုသတ်ရလွယ်သလို အချိန်အကန့်သတ်နဲ့မလို့ Escape လုပ်ဖို့ရာကလည်း အရေးကြီးပါတယ်။ တကယ်လို့ အချိန်ပြည့်ပြီး တခြား Player တွေကျန်ခဲ့ရင်တောင် Nǻzrat Potral ထဲကို အရင်ရောက်တဲ့သူကဘဲ အနိုင်ရမှာပါ။ 
           Game က Beta လည်း ဖြစ်သလို ပွဲဦးထုတ် Online Game မလို့ လိုအပ်ချက်တွေက ရှိနေတုန်းပါ။ ဒါပေမယ့် နောက်လာမယ့် Feature တွေက ဒီထက် ပိုစုံနိုင်တာကြောင့် Official တွက် ရင်ခုန်ရင်း အခု Beta မှာ စမ်းကစားကြည့်ကြဖို့ အကြံပေးပါတယ်။ Graphic ကော Map အပြင်ဆင်ကော သဘောကျစရာကောင်းပြီး Third Person View နဲ့ဆိုတော့ Fan တွေတွက် အရသာတစ်မျိုးတွေ့စေမှာပါ။ Multiplayer တွက် သေချာမသိရသေးပေမယ့် Room တို့ Gameplay Mode အသစ်တွေပါ ထပ်ပါလာမယ်လို့ ခန့်မှန်းမိတယ်။ 

Game Information

Android version Unknown
Developer Keplerians
Network Online
Price Free
App version Beta
Release date Beta

Download Link

Type Size Link
Playstore --- Coming Soon
Mediafire 183 MB Download
  ( Apk only )  
Apple iOS --- Coming Soon
 
#HELLOYDB
 
 

Comments

လူကြည့်အများဆုံး GAMES