Merendam



             ဒီ Game က Horror အမျိုးစားဖြစ်ပြီး လူသိနည်းတဲ့ ဇာတ်လမ်းသွား Game လေးဆိုလည်း မမှားပါဘူး။ ပြီးတော့ Update Error လေးတွေပါတော့ အတော်များများ ဆော့မရဖို့ရာများပါတယ်။ ဒါပေမယ့် အခု တင်ပေးတာကတော့ Fix လုပ်ပြီးသားပါ။ 




             Game က 3D Platformer အမျိုးစားဖြစ်ပြီး Storyline က အဓိက ပုံဖော်ပေးထားတာပါ။ ကျောင်းသူလေးတစ်ယောက် နေရာကနေ ကစားရမှာဖြစ်ပြီး လူပျက်တဲ့နယ်မြေတစ်ခုမှာ ကားမတော်တဆမှုကြောင့် အသက်မသေဘဲ ရှင်သန်ခဲ့သူတစ်ဦးပါ။ 




             သေစေခြင်လို့လား ၊ မသေစေခြင်လို့လားဆိုတာမသိပေမယ့် ကားမတော်တဆမှုဟာ သာမန်တော့မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ အရှိန်နဲ့  ပြေးနေတဲ့ ကားပေါ်ကို မျက်လုံးနီနီနဲ့ လူတစ်ယောက်က ရုတ်တရက် ခုန်တက်လာတာကြောင့် ဒီ ကား မတော်တဆမှုဟာ သာမန်မဟုတ်ဘဲ တစ်စုံတစ်ရာရဲ့ ပယောဂလိုမျိုးပါဝင်နေတာပါ ။ ပိုထူးဆန်းတာက ကမ်းပါးပေါ်ကနေ ကားတစ်စင်းလုံးပြုတ်ကျတာတောင် သူမက မသေဘဲ ထူးထူးခြားခြား ဆေးရုံပျက်ကြီးနားကို ရောက်သွားတာပါ။ အဲတော့ သူမကို လိုက်ခြောက်နေတာဘယ်သူလဲဆိုတာသိခြင်ရင်တော့ ကိုယ်တိုင် ကစားကြည့်လိုက်တော့နော်။ 





              Game က Puzzle လေးတွေပါ ထည့်ပေးထားပြီး ရုတ်တရက်ခုန်အုပ်တာတွေပါပါတယ်။ တခြား Game တွေလို သရဲတွေ့လိုက် ပြေးလိုက်မဟုတ်ဘဲ ဒီ သရဲက တစ်နေရာရာကနေရပ်ကြည့်ပြီး မထင်တဲ့ချိန်ကြမှ ထထ ခုန်အုပ်ပြီး သတ်တာပါ။ တစ်ခါလေ ကိုယ်က Puzzle လုပ်ဖို့ ဟိုပြေးဒီပြေးနေတုန်း ဘေးနားကနေ ငုတ်တုန်ကြီး လည်ပင်းလာညှစ်တာကပါသေးတယ်။ Game က Graphic အားနည်းပေမယ့် ဖန်တီးထားတဲ့ အပြင်ဆင်နဲ့ ဇာတ်အိမ်က ကစားသူကို အတော်ဆွဲဆောင်စေပါတယ်။ ပြီးတော့ အမှောင်ကို ဦးစားပေးတော့ ရှေ့တိုးဖို့ရာ ခပ်လန့်လန့်ပေါ့။ 
System Requirement

Android version 4 . 0 +
Size 50 MB
Developer erocona
Network offline
App version 3.1
Price Paid

Download Link

( Android )

HELLO YDB



Related Posts

  • Wenjia°        ဒီလောကကြီးမှာ မြင်အပ်၊ မမြင်အပ်တဲ့ အရာတွေ ရှိနေတယ်ဆိုတာကို သင် သတိထားမိရဲ့လား ။ လက်တွေ့ကျတဲ့ အမြင်တစ်ခုတည်းနဲ့ မဆုံးဖြတ်နိုင်သလို မမြင်ရတဲ့ အရာတစ်ခုတွက်နဲ့လည်း တပ်အပ်ပြောလ… Read More
  • Rise Of Balloons🎈         ဒီ Game လေးက Puzzle အမျိုးစားဆိုပေမယ့် ပျော်ရွှင်တဲ့ ပီတိမျိုးကို ခံစားစေရမယ့်ဆိုတာ အာမခံပါတယ်။ ဘာလို့ဆိုတော့ လူတစ်ယောက်မှာ မျှော်လင့်ချက်ဆိုတာ အရမ်းအရေးကြီးပါတယ်။ လှဲကျ… Read More
  • Jungle Adventure 3•          အရမ်းဆော့လို့ကောင်းတဲ့ Adventure Game လေးဖြစ်ပြီး ဗိုက်ဆာနေတဲ့ Addu နေရာကနေ ကစားရမှာပါ။ Addu လေးက ဗိုက်ဖြည့်ဖို့တွက် သစ်သီးလိုက်ရှာရင်း တောနက်ကြီးထဲမှာ Furry လေးတွေ ပြန်… Read More
  • Evan's Remains°        တစ်နေ့မှာတော့ Dysis ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ လူသူမရှိတဲ့ ထူးဆန်းတဲ့ ကျွန်းတစ်ခုပေါ်ကို ရောက်လာခဲ့ပါတယ်။ အကြောင်းကတော့ Evan ဆိုတဲ့ လူတစ်ယောက်ကို လိုက်ရှာပေးရမှာဖြစ်ပြီး ဒ… Read More
  • Unruly Heroes°         ထွက်ထားတာသိပ်မကြာသေးတဲ့ ဒီ Game လေးက PC နဲ့ Console ကနေ Mobile ပေါ်ရောက်လာတာဖြစ်ပြီး သခင်ကြီးသဘောကျတဲ့သူတွေတွက် လုံးဝ လက်မလွတ်သင့်ပါဘူး။ 2D Adventure Game တစ်ခုဖြစ်ပြီး B… Read More

Comments

လူကြည့်အများဆုံး GAMES