NEO 2045


        အသစ်ထွက်လာတဲ့ Sandbox Game လေးဖြစ်ပြီး MMO အမျိုးစားမလို့ Multiplayer သမားတွေတွက်  အများဆိုအများကြီး ပျော်စရာကောင်းမှာပါ။ ပြီးတော့ Android ကော iOS မှာပါ ထွက်ထားတာမလို့ အတူတူဆော့လို့ရတာပေါ့ ။ Game က Play Together တို့လိုဆိုပေမယ့် ဒီတစ်ခုက Sandbox စစ်စစ်ဖြစ်ပြီး အနာဂတ်မှာပုံဖော်ထားတာမလို့ အကြိုက်တွေ့စေမှာ အသေချာဘဲ။ ပြီးတော့ Australia ကမလို့ Boycott လည်း ကင်းတယ်။ 
        Game က Polygon Graphic ဆိုပေမယ့် ပါဝင်တဲ့ Feature တွေက အများဆို အများကြီးပါ။ Game ပေါင်း 30 နီးပါးထိ သူငယ်ချင်းတွေနဲ့ အတူတူ ဆော့လို့ရသလို ကိုယ့်ရဲ့ Own Land ကိုလည်း စိတ်ကြိုက် Create လုပ်လို့ရတာပါ။ Create ဆိုတာက တကယ်ကို မြေနေရာ အနိမ့်အမြင့်တွေကစ စိတ်ကြိုက် Customize လုပ်လို့ရတာမျိုးကို ပြောတာပါ။ တစ်ချို့ Item တွေက အကန့်သတ်ရှိပေမယ့် တခြား စက်ပစ္စည်းတွေကစ တော်တော်များများ ထပ်ထည့်ပေးထားတာပါ။ Pet တွေလည်း မွေးလို့ရသလို အမိုက်ဆုံးကတော့ တခြား ဂြိုလ်တွေထိပါ သွားလည်လို့ရတာပါ။ 
        လောလောဆယ် လူအရောက်နည်းနေတာကြောင့် တချို့ Gameplay တွေက Matching လုပ်ဖို့ရာ ကြာနေတတ်တယ်။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ အေးဆေးဘဲ။ Gameplay တွေက များလွန်းလို့ မင်မင်တောင် အကုန်မဆော့ဖြစ်သေးဘူး။ ဒီ Game ရဲ့အားနည်းချက်ကို ပြောရရင် Bug တွေရှိသေးသလို Control က နည်းနည်း ခက်တယ်လို့ပြောလို့ရမယ်။ Optimize မဖြစ်သလိုခံစားရပြီး အထူးသဖြင့် City Map ထဲမှာ သိသာတယ်။ တခြားကတော့ Shop တွေဘာတွေ အကုန်ထည့်ပေးထားသလို သူငယ်ချင်းတွေကိုလည်း လက်ဆောင် ပေးလို့ရတယ်။
           အသေးစိတ်ပြောပြခြင်ပေမယ့် ကံကောင်းတာက GAME မှာ Guide Video လေးတွေ ပြပေးထားတာပါ။ ရှင်းပြတာလည်း နားလည်လွယ်သလို AI မလေးရဲ့ Robot Voice နဲ့တင် နားဝင်ချိုစေမှာပါ။ အဲတော့ သူငယ်ချင်းတွေနဲ့အတူတူ အနာဂတ် ဂြိုလ်တွေထဲမှာ လျှောက်လည်ကြတာပေါ့။ 

System Requirement

Android version 5 . 0 +
Size 609 MB
Developer VR Realms Pty Limited
Network online
App version 1.54
Price Free

Download Link

( Android )
Playstore

( Apple iOS )
Apple iOS

==========================

( ထုံးစံတိုင်း 10:00 PM ကြရင် အတူတူဆော့ဖို့ရာလာခဲ့ပါ။ Sana ဆိုတဲ့ name နဲ့ စမှတ်မှာဘဲ ရှိနေမယ်။ )

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES