Raft Survival Multiplayer ( Test )



•           အခုဆိုရင် လူကြိုက်များတဲ့ Raft Survival Game ဟာ Early Access အနေနဲ့ Online Multiplayer version ထွက်လာပါပြီ။ မူရင်း Game မှာ ထည့်ပေးတာမျိူးမဟုတ်ဘဲ သီးသန့် Test လုပ်ပေးထားတာဖြစ််ပြီး In Game ဆိုင်ရာ အချက်လက်တွေအကုန်လုံးကလည်း Test Build အဆင့်ဘဲ ရှိသေးတာပါ။ England ကမလို့ Boycott တွက်လည်း စိုးရိမ်စရာမလိုပါဘူး။





•           Server အနေနဲ့ NA မှာသာ ဖွင့်ပေးထားပြီး Room name တွေကစ ပေးထားတဲ့အတိုင်းဘဲ Create လုပ်လို့တာပါ။ Player 10 ယောက်ထိ အတူတူ ကစားနိုင်ပြီး တခြားသူတွေရဲ့ Room တွေကိုလည်း ဝင်ကြည့်လို့ရပါတယ်။ Gameplay ကတော့ ထုံးစံတိုင်း ပင်လယ်ပြင်ထက်က ဖောင်ပေါ်မှာ အသက်ရှင်ဖို့ရာ ကြိုးစားရမှာဖြစ်ပြီး Multiplayer စနစ်ဆိုတော့ Building ပိုင်းမှာ ပို အားကောင်းပါတယ်။ တစ်ခုရှိတာက စိတ်ကူးမတူရင်တော့ ဖောင်က လှမှာမဟုတ်ဘူး။ 





          Test version မလို့ အကုန်လုံးက Smooth ဖြစ်အုန်းမှာ မဟုတ်သေးပါဘူး။ Pin ပြဿနာ၊ Server list error လေးတွေ ရှိနေတတ်ပြီး တစ်ခါလေ ပြန်ပြန်ထွက်သွားတာမျိုးလဲ ကြုံရနိုင်ပါတယ်။ Test Build  ဆိုပေမယ့် တကယ် Official ထွက်လာနိုင်ပါစေလို့ မျှော်လင့်ရတာဘဲ။ အနည်းဆုံးတော့ သူငယ်ချင်းတွေနဲ့ အတူတူ သောင်တင်လို့ရတာပေါ့ ။

System Requirement

Android version 4 . 1 +
Size 96 MB
Developer TREASTONE Ltd
Network online
App version Test
Price Free

Download Link

( Android )

Apk Only ( 95 MB )

==========================


#HELLOYDB

Comments

လူကြည့်အများဆုံး GAMES