S2D Multiplayer

0% COMMUNITY SCORE
LOADING...
RATE:

        Slendytubbies ဟာ series လိုက်ထွက်နေတဲ့ Horror Game တစ်ခုဖြစ်ပြီး Solo ကော Multiplayer ပါ ထည့်သွင်းလေ့ရှိပါတယ်။ ထွက်သမျှ Game တိုင်းရဲ့ Server ဟာ အခုချိန်ထိ Active ဖြစ်နေတုန်းဖြစ်ပြီး ဝင်ဆော့တဲ့သူကလည်း အများပြားရှိနေတုန်းပါ။ ထူးခြားတာက ဒီ Slendytubbies 2 မှာဆိုရင် 1 နဲ့မတူဘဲ Pixel စတိုင်နဲ့ ခွဲထုတ်ပေးထားပြီး ​ကြောက်စရာမကောင်းဘူးလို့ထင်ရပေမယ့် တစ်နည်းနည်းနဲ့ ​စိတ်လှုပ်ရှားစရာကောင်းနေတုန်းပါ။ 



            ဒီ Game မှာဆိုရင် Map ပေါင်း 13 ခုထိပါဝင်ပြီး တစ်ခုခြင်းစီတိုင်းမှာလည်း Unique Monster ကိုယ်စီရှိပါတယ်။ အဓိကက Custard လေးတွေကို လိုက်ရှာစုပေးရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ အရည်တွက်အတိုင်းလိုက်ရှာနိုင်ရင်တော့ အနိုင်ရမှာပါ။ ပြောတော့သာလွယ်ပေမယ့် Map ပေါ်မူတည်ပြီး အကျယ်ဝန်းက ကွာသေးတာကြောင့် မကောင်းဆိုးဝါး လက်ထဲကနေ ရှောင်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဒီ Game ရဲ့ အဓိက ဆွဲဆောင်တာက ဓာတ်မီးအလင်းရောင်ဖြစ်ပြီး ထိုးထားတဲ့နေရာကလွဲရင် ကျန်တဲ့နေရာက ဘာမှမမြင်ရအောင် မှောင်မဲနေမှာပါ။ လူများရင် အလင်းအားကောင်းပေမယ့် မကောင်းဆိုးဝါးကပ်လာတဲ့အချိန်ကြရင် အသံဆိုးကြီးတွေ ကြားရလေ့ရှိပါတယ်။ 




              အဲလိုချိန်ကြရင် ပြာယာခက်နေတတ်ပြီး ပတ်ပတ်လည် လိုက်ရှာရင်းကနေ ဒိန်းကနဲ ထိပ်တိုင်တွေ့လိုက်တဲ့ အခိုက်တန့်က သူငယ်ချင်းတွေကြားထဲ အမှတ်တရဖြစ်စေမှာပါ။ ပြောရရင် နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် ဆိုတာမျိုးပေါ့။ Game က ကျောင်းထဲမှာပါ သရဲမလိုက်တာတွေကစ ပါသေးတော့ Gameplay Mode ကတော့ အစုံကစားရမှာပါ ။ Ads လည်း မလိုသလို ကိုယ်ပိုင် Room လည်းထောင်လို့ရပြီး Player 6 ယောက်ထိ ဝင်ရောက်ကစားလို့ရပါတယ်။ Character အနေနဲ့ စိတ်ကြိုက် Customize လုပ်လို့ရပေမယ့် Name ကတော့ Guest အနေနဲ့သာ အသုံးများလေ့ရှိပါတယ်။ စာပို့တာ ပါပေမယ့် Voice Chat မပါတာကြောင့် အဓိကက Color ခွဲမှတ်ရင် ပိုကောင်းမယ်။




             Multiplayer mode မှာက Player အားလုံး Collect လုပ်တာတင်မကဘဲ Versus  အနေနဲ့ Monster ဘက်ကပါ Random ကျရာ ကစားလို့ရပါသေးတယ်။ Game ရဲ့ Server တွေက US/SA နဲ့ Europe Server တွေဘဲ ပေးထားတာပါ။ Size လည်း နည်းသလို တကယ်ကို Fun ဖြစ်စေပြီး သူငယ်ချင်းတွေနဲ့ပါ အမှတ်တရတွေ ရစေမှာကြောင့် Multiplayer သမားတွေတွက် ဆော့ကို ဆော့ကြည့်သင့်ပါတယ်။ 

System Requirement

Android version 4 . 1 +
Size 60 MB
Developer ZeoWorks
Network offline/ online
App version 2.1
Price Free

Download Link

( Android Edition )

Playstore
Or
Apk Only ( 60 MB )

==========================

( USA server ရဲ့ " HELLOYDB " Room ထဲလာခဲ့ကြ )

#HELLOYDB

        
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...