Tierra

    နောက်ထွက်တဲ့ Puzzle Adventure Game တစ်ခုဖြစ်ပြီး London အခြေစိုက် M9 Games ကနေ ထုတ်လုပ်ပေးထားတာပါ။ Android မှာ $ 3.99 နဲ့ရောင်းချတဲ့ Paid Game တစ်ခုဖြစ်ပြီး မြန်မာပြည်ရဲ့ လက်ရှိ ဒေါ်လာစျေးနဲ့ဆိုရင်တော့ 6000 ကျော် 7000 နီးပါးထိ ပေးဝယ်ရမယ့် Game တစ်ခုပါ။ iOS မှာတော့ $ 2.99 နဲ့မလို့ Android ထက် စျေးတော့လျော့တယ် ။ ဒါပေမယ့် Android User သမားတွေကတော့ ...... ။  ပြောရရင် မင်မင်တောင် ဒီ M9 ကို အခုမှ စသိတာဖြစ်ပြီး သူတို့ ထုတ်ထားတဲ့ Game အများစုဟာလည်း Paid Game တွေများပါတယ်။ 
         ဒီ Game မှာဆိုရင် သင်က ဘဝကို လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းနေရသူ တစ်ဦးဖြစ်ပြီး Ayuda ဆိုတဲ့ ကျွန်းဆီကို မရောက်ခင်ထိတော့ အားလုံးဟာ သာသာယာယာဖြစ်နေခဲ့တာပါ။ ဘာလို့ဆိုတော့ တစ်နေ့ တောလမ်းလေးကို လေကောင်းလေသန့်ရှူဖို့ရာ တစ်ယောက်တည်း ထွက်လာခဲ့ပြီး သင်ယူလာခဲ့တဲ့ Map ဟာ အခု လက်ရှိရောက်နေတဲ့ နေရာရဲ့ အဆောက်အဦးတွေနဲ့ လုံးဝကွဲပြားနေတာကို ကြုံခဲ့ရတာပါ။
          အဲတော့ မြင်မြင်သမျှဟာ ထူးထူးဆန်းဆန်းဖြစ်နေပြီး ဘာတွေများရှိနိင်အုံးမလဲ ဆိုတဲ့ သိခြင်စိတ်ကြောင့် သင့်ရဲ့ စွန့်စားခန်းဟာ ဒီ Game လေးမှာဘဲ စတင်ခဲ့တာပါ။ အဲတော့ ထူးခြားတဲ့ ရတနာတွေလား ဒါမှမဟုတ် သဘာဝလွန်ဆန်တဲ့ အဖြစ်ပျက်တွေကို ကြုံတွေ့ရအုံးမလားဆိုတာကိုတော့ ဒီ Game လေးမှာဘဲ ကိုယ်တိုင်ဆော့ကြည့်လိုက်တော့နော်။
           ဒီ Game က Hint မပါတော့ Challenge ပိုဖြစ်တယ်။ ပြီးတော့ Background Art တွေကစ တကယ်ကို Realistic ဖြစ်ပြီး အသက်ဝင်လွန်းတယ်လို့လည်း မြင်မိတယ်။ နေရောင်ဖြာတာတွေ၊ အလင်းအမှောင်ကို Detail ကျကျ ဆွဲထားတာတွေက ဒီ Game ရဲ့ ဆွဲဆောင်မှုတစ်ခုလို့လည်း ပြောလို့ရတယ်။ Puzzle ကတော့ နည်းနည်း ရှာရဖွေရခက်ပေမယ့် အတွက်ချက်ကြိုက်တဲ့ မင်မင်တောင် ဒီ Game ရဲ့ Puzzle ကြောင့် စာအုပ်ပေါ် ချတွက်ရတဲ့ထိဘဲ။
System Requirement

Android version 4 . 1 +
Size 438 MB
Developer M9 Games
Network offline
App version 1.0
Price 3.99 $

Download Link

( Android )

Playstore ( 3.99$ )
Or

( Apk+Obb )zip { Full Paid }[ Meidafire ]


( iOS )

Apple iOS ( 2.99 $ )

==========================

( ဒေါ်လာတွေက စျေးတက်နေတော့ Android User တွေ ဂုန်းသာဆင်းကြတော့ )

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES