A Certain Scientific RailGun Spectrum Story
ဒီ Game လေးက A Certain ဆိုတဲ့ Anime Series
ကို အခြေခံထားတဲ့ Visual Novel Game လေး ဖြစ်ပြီး ပိုသဘောကျစေမှာက ရိုးရိုး Chat
တောင် မဟုတ်ဘဲ Video Chat နဲ့ ကစားရမယ့် Game ကောင်းလေး တစ်ခုပါ။ Playstore မှာ
R$ 22.90 နဲ့ ပေးဝယ်ရမယ့် Paid Game လေးဖြစ်ပြီး A Certain Fan တွေတွက်တော့
Original ထက် Mikoto Misaka ရဲ့ Lifestyle ကို ပိုတွေ့မြင်ရရုံတင်မကဘဲ Exclusive
Script တွေပါ တွေ့မြင်ရအုန်းမှာဆိုတော့ သဘောကျစေမှာ သေချာပါတယ်။
The Academy City ဟာ Technology
နဲ့ပတ်သတ်ရင် အကောင်းဆုံး မြို့တော်ကြီးတစ်ခုဖြစ်ပြီး ဒီနှစ်နွေရာသီမှာတော့
Supplementary Lessons တွက် ကျောင်းသား/သူတွေ အားလုံးဟာ နွေရာသီ အားလပ်ရက်ကို
ကျောင်းမှာဘဲ ကုန်ဆုံးကြရတော့မှာပါ။ အဲဒီမှာ ထူးခြားတာက Experiment တွက်
တစ်ယောက်ခြင်းစီကို Device တစ်ခုစီပေးထားပြီး System ကနေ အလိုလျောက် Brainwave
Control နဲ့ Connect လုပ်ပေးတာကြောင့် Mikoto Misaka လေးနဲ့ Video Call
ပြောခွင့်ရမှာပါ။ အထူးသဖြင့် First Time မှာ ဖြစ်ပေါ်လာတဲ့ သူမရဲ့ အတွေ့ကြုံနဲ့
ခံစားချက်တွေကို တွေ့ကြုံရမှာဆိုတော့ အရမ်းအူယားစရာကောင်းပြီး ရင်ခုန်စေလိမ့်မယ်။
ရွေးချယ်မှုပေါ်မူတည်ပြီး သူမနဲ့ အမှတ်တရတွေ Unlock ဖြစ်မှာဆိုတော့
စာဖတ်မပျင်းဖို့တော့ လိုမယ်နော်။
⚠️
Offline Game လေးဆိုပေမယ့် Game ထဲဝင်တိုင်း Internet ခဏ ဖွင့်ပေးဖို့ လိုတယ်။
Video Call ထဲရောက်သွားရင် ပိတ်လို့ရပြီ။
[ Review ]
Series ကို မကြည့်ရသေးပေမယ့် စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်ထင်တယ်။ နောက်ပြီး အခု
Game က 2D character ကို 3D version ပြောင်းထားတာဆိုတော့ အသစ်ဆန်းလည်းဖြစ်တယ်။
Game က video call ဆိုတဲ့တိုင်း Intro Call တွေမှာ တကယ်သူနဲ့ chat နေရသလိုမျိုး
Animation တွေကစ သဘာဝကျတယ်။ ပြောရရင် Game စကတည်းကိုက ရယ်နေရတာ။ Mikoto က Video
Call Connect ဖြစ်နေတာတောင် တစ်ဖက်လူ မတွေ့ရလောက်ဖူးအထင်နဲ့ တစ်ယောက်တည်း
စကားတွေပြော၊ ပေါက်တကရတွေ လုပ်နေတာ။ တစ်ခါလေ ကိုယ့်ကိုတောင် နှာဘူးဆိုပြီး
ပြောသေးတယ်။ ပိုစိတ်ဝင်စားစရာကောင်းတာက Mikoto ရဲ့ ညီမဖြစ်သူတွေက System ကို
Hacking လုပ်ပြီး သူ့အမရဲ့ chat တွေကို ခိုးဖတ်နေတော့ ပေါက်ကရတွေက စပါရော။
ဒီကြားထဲ ကိုယ့်ကိုပါ Group chat ထဲ ထည့်ပြီး ဝိုင်းသမကြတော့ ညီအစ်မတွေကြား
တွေးသာတွေးကြည့်တော့။ ဒါပေမယ့် Mikoto တော့ အဲ Group ထဲမှာ မရှိဘူး။ ဒီတော့
ဘာတွေကြပ်ပြီး ဘာတွေဟားကြမလဲဆိုတာ အခု Game လေးမှာဘဲ ဆက်ဆော့ကြည့်သင့်တယ်။
နောက်ပြီး Game က voice actor နဲ့ သေချာ သပ်သပ်ရပ်ရပ် လုပ်ပေးထားတော့ plot
ဖြစ်ဖြစ် voice ဖြစ်ဖြစ် အချိန်မရွေး ပြန်ဖတ်ပြန်ကြည့်လို့ရတယ်။ နောက်ပြီး
တစ်ချို့ဟာတွေ purchased လုပ်ရမယ့် အပိုင်းတွေပါသေးတယ်။ ဥပမာ - ဝတ်စုံတွေလိုပေါ့။
Game က series နဲ့ anime fan တွေသာဆိုရင် သဘောကျမှာ။ ပြီးတော့ Playstore မှာလည်း
rating က 4.9 ထိ ရှိနေသေးတာ။
Android version | 6 . 0 + |
Developer | D Techno Co Ltd |
Network | Offline |
Price | R$ 22.90 |
App version | 1.0.2 |
Release date | 2020 |
Download Link
Type | Size | Link |
Playstore |
512 MB |
Download |
Mediafire
|
452 MB (Compressed) ( Apk+Obb )zip |
Download |
Apple iOS |
3.99$ |
Download |
>> Install တင်နည်း <<
#HELLOYDB
Comments