Adventure Reborn

          မနေ့ညကမှ ထွက်လာတဲ့ Game သစ်လေးဖြစ်ပြီး Dali Games ရဲ့ Unholy Adventure 3 မထွက်ခင် Suprise အနေနဲ့ Adventure Reborn Game အသစ်ကို အစောကြီး ထုတ်ပြလိုက်တာပါ။ ထုံးစံတိုင်း ရှေ့ကထွက်ထားတဲ့ Lucid Dream နဲ့ Unholy တို့လိုဘဲ စိတ်ဝင်စားစရာကောင်းတဲ့ Story ပိုင်းတင်မကဘဲ Unique ဖြစ်တဲ့ Puzzle ပိုင်းတွေကိုပါ အသစ်စက်စက် Apocalyptic Environment မှာ စွန့်စားရမယ့် Game ကောင်းလေး တစ်ခုပါ။

            ဒီ Game မှာဆိုရင် Hope ဆိုတဲ့ ကောင်မလေး တစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ နောက်ကြောင်းတွေနဲ့အတူ Crow Cult တွေစီမှာ အဖမ်းခံထားရတဲ့ မိဘနှစ်ပါးကိုပါ စွန့်စွန့်စားစား တစ်ကိုယ်တော်ကယ်တင်ပေးရမှာပါ။ အရင်က Game တွေလို Mysterious ဆန်တာမျိုးမဟုတ်ဘဲ Sci-Fi Action မျိုးကို စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ကစားရမှာပါ။ Choice တွေလည်းပါသလို ကြားထဲမှာ ကြုံတွေ့ရမယ့် အဖြစ်ပျက်တွေကစ Game ကို ပျင်းမသွားအောင် ဆွဲဆောင်သွားစေမယ်ဆိုတာ သေချာတယ်။ အဲတော့ Puzzle Adventure သမားတွေတွက် လုံးဝကို လက်မလွတ်သင့်ဘဲ ဆော့ကြည့်သင့်တဲ့ Game ကောင်းလေးတစ်ခုပါ။

[ Review ]

Game က ကောင်းပြီးသားဆိုတော့ သိပ်ပြောစရာတော့မရှိပါဘူး။ ထုံးစံတိုင်း Puzzle လေးတွေကတော့ စိတ်ဝင်စားစရာကောင်းတယ်။ လွယ်ပေမယ့် အသစ်ဆန်းဖြစ်တာမျိုးပေါ့။ နောက်ပြီး သဘာဝလွန်တွေမပါတော့ ဆော့ရတာလည်း အရသာတစ်မျိုးခံစားရတယ်။ 

တစ်ခုရှိတာက Game က Develop လုပ်နေဆဲ‌ဆိုတော့ နောက်အပိုင်းတွေကို တဖြည်းဖြည်းနဲ့ Update ပေးရင်း ထည့်သွားမှာ။ Free ဆိုပေမယ့် Playstore မရတဲ့သူတွေတွက်ကျ ဂွကျတာပေါ့။ အပိုင်းသစ်က နောက်တစ်ပတ်လောက်နေရင် ထပ် Update ပေးလိမ့်မယ်။

Game Information

Android version 5 . 0 +
Developer Dali Games
Network Offline
Price Free
App version 1.25
Release date 26.7.2021

Download Link

Type Size Link

Playstore

90 MB

Download

Apk

 

90 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
#HELLOYDB




Comments

လူကြည့်အများဆုံး GAMES