Clocker
အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ Story Adventure
Game လေးတစ်ခုဖြစ်ပြီး အဖေနဲ့ သမီးကြားက မတူညီတဲ့ အချိန်နယ်ပယ်တစ်ခုကို
စိတ်ဝင်စားဖွယ်ရာ တွေ့မြင်ရမယ့် Game ကောင်းလေးတစ်ခုပါ။ အချိန်နဲ့ပတ်သတ်ပြီး Life
is strange တို့ The Garden Between တို့လို အချိန်ကာလတစ်ခုလုံးကို တန်းတူ
Control လုပ်ရတာမျိုးမဟုတ်ဘဲ သီးခြားနယ်ပယ်တစ်ခုကနေ ပစ္စည်း ဒါမှမဟုတ်
သက်ရှိတစ်ခုခုရဲ့ အချိန်တစ်ခုတည်းကိုသာ Control လုပ်ရတာမျိုးပါ။ အရာအားလုံးဟာ
သီးခြားနယ်တစ်ခုမှာ ရပ်တန့်နေမှာဖြစ်ပြီး ကိုယ်ရွေ့စေခြင်တဲ့
သက်ရှိပစ္စည်းအားလုံးကို တစ်ခုခြင်း သီးသန့်ထိန်းချုပ်ခွင့် ရတာကြောင့် Puzzle
ကတော့ လုံးဝကို Confuse ဖြစ်စေမယ်ဆိုတာ သေချာပါတယ်။
ဒါ့အပြင် Cover ပုံကို
ကြည့်လိုက်တာနဲ့ ဘယ်လောက်ထိ Storyline က Deep ဖြစ်မယ်ဆိုတာ ခန့်မှန်းမိမှာပါ။
အဖေတစ်ခု သမီးတစ်ခုဘဲ ရှိတော့တဲ့ ဘဝဟာ အကြွေးတွေနဲ့ လည်ပင်းနစ်နေခဲ့ပြီး
တစ်နေ့မှာတော့ အဖေဖြစ်သူ John ဟာ မလုပ်သင့်တဲ့ အရာတစ်ခုကို အသည်းမာခဲ့ပါတယ်။
အကြောင်းကတော့ မိသားစုပုံပါတဲ့ ဆွဲကြိုးလေးကို ပိုက်ဆံအတွက် ရောင်းစားခဲ့ပြီး
သမီးဖြစ်သူ Alice ကိုပါ လိမ်ညာခဲ့တာပါ။ John ရဲ့ လုပ်ရပ်ဟာ အိမ်မက်ထဲထိ
အမြဲခြောက်လန့်ခံခဲ့ရပြီး နောက်တစ်နေ့မှာတော့ ဆိုင်ကို ထူးဆန်းတဲ့
အဖိုးအိုတစ်ယောက် ရောက်လာခဲ့ပါတယ်။
အဲဒီမှာ အလွန်ဆန်းကြယ်တဲ့
နာရီလေးတစ်လုံးကို ပေးသွားခဲ့ပြီး John ရဲ့ နာရီပြင်တဲ့ ဘဝတစ်လျှောက်မှာတော့ ဒါဟာ
ပထမဆုံး မြင်ဖူးခဲ့တဲ့ နာရီစက်သီးလေးတစ်ခုပါ။ ဘာစကားမှ ပြောမသွားတဲ့ အဖိုးအိုဟာ
ရုတ်တရက်ပျောက်သွားခဲ့ပြီး John ကတော့ အဲဒီနာရီလေးကို ကိုင်ကာ သမီးဖြစ်သူကို
Alice နောက်ကို လိုက်လာခဲ့ပါတယ်။ တစ်နေရာအရောက်မှာတော့ Alice ရပ်နေတဲ့
ခေါင်းပေါ်ကနေ သေတ္တာကြီးတစ်ခုဟာ ရုတ်တရက် ပြုတ်ကျလာခဲ့ပြီး အဖေဖြစ်သူ John က
အချိန်မှီတွန်းထုတ်ခဲ့ပေမယ့် အိတ်ကပ်ထဲက ထွက်ကျလာတဲ့ နာရီစက်သီးလေးကြောင့်
အရာအားလုံးဟာ John ကလွဲရင် ရပ်တန့်သွားခဲ့ပါတယ်။ အချိန်မဲ့ နယ်ပယ်ထဲ ရောက်သွားတဲ့
John ဟာ သမီးဖြစ်သူကို အချိန်မှီတွန်းထုတ်နိုင်ခဲ့ပေမယ့် သူကိုယ်တိုင်ကဘဲ
အချိန်နယ်ပယ်ထဲမှတင် ပိတ်မိနေခဲ့တာပါ။
တစ်ဖက်က ကြည့်ရင်လည်း သမီးဖြစ်သူဟာ
အဖေရောက်လာတာကို စက္ကန့်ပိုင်းအတွင်း မြင်ပြီးပျောက်ကွယ်သွားတာကြောင့်
အချိန်ခြားသွားတဲ့ သမီးနဲ့ အဖေတို့ရဲ့ ပြန်လည်စုံစည်းမှုဟာ အဆုံးမှာတော့
ဖြစ်နိုင်ပါ့မလား.... အရမ်းစိတ်ဝင်စားစရာကောင်းတာကြောင့် ဆော့ကို
ဆော့ကြည့်သင့်တယ်နော်။ Puzzle ကစ တစ်ယောက်ချင်းစီရဲ့ Timeline ကို Control
လုပ်ပြီး အဖြေရှာရမှာဆိုတော့ လုံးဝကို ခေါင်းရှုပ်စေမယ်ဆိုတာ သေချာတယ်။ နောက်ပြီး
အဖေနေရာကကော ၊ သမီးနေရာကပါ ကစားရမှာဆိုတော့ နှစ်ဖက်လုံးရဲ့
မတူညီတဲ့ရှုထောင့်ကိုပါ ရသစုံစွာနဲ့ ခံစားရမယ့် Game ကောင်းလေးတစ်ခုပါ။
[ Review ]
Game က US$ 2.99 နဲ့ ရောင်းချပြီး Top Sellers စာရင်းဝင်တဲ့ Game တစ်ခုပါ။
Gameplay က 2D Platform အမျိုးစားဖြစ်ပြီး အဓိကက Puzzle ဖန်တီးမှုနဲ့ Story ကဘဲ
ဒီ Game ရဲ့ Rating ကို အမြင့်ဆုံး ရောက်စေခဲ့တာပါ။ တစ်ခန်းပြီးတစ်ခန်း
ပျင်းစရာကောင်းမသွားဘဲ Puzzle တိုင်းကစ စိတ်ဝင်စားစရာ ကောင်းနေတာကြောင့်
စဆော့တာနဲ့တင် ဆက်ကစားခြင်မှာ သေချာတယ်။ တစ်ခုတော့ ရှိတာပေါ့ Puzzle ခက် ခဲ့ရင်
စဉ်စားရတာ ပျင်းတဲ့သူတွေတွက်တော့ သဘောကျမှာ မဟုတ်ဘူး။ ဘာလို့ဆိုတော့
တစ်ယောက်ခြင်းစီရဲ့ အဖြစ်ပျက်ကို တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ ပုံစံမျိုးနဲ့
အချိန်ညှိပေးရတာမျိုးဖြစ်ပြီး Hidden Plot တွေပါ ဖတ်ဖို့ရာလိုတော့ လွယ်လွယ်နဲ့
Achievement ရဖို့ရာဆိုတာ ခက်တယ်။
Game က လွယ်တော့မလွယ်ဘူး။ တစ်ချို့ Time တွေဆိုရင် အဖြစ်ပျက်ပေါ်မူတည်ပြီး
ထပ်တိုးလာတာတွေရှိတယ်။ ဥပမာ - သူခိုး အိမ်ထဲဝင်ပြီး အိမ်ရှင်တွေ့တာမျိုးနဲ့
အိမ်ရှင်တွေ့တဲ့ အချိန်မှာ သူခိုးမဝင်သေးတာမျိုးတွေထိ Confuse ဖြစ်အောင် Timeline
ကို Control လုပ်လို့ရတယ်။ နောက်ပြီး ရလာမယ့် Behavior တွေကလည်း တစ်ယောက်နဲ့
တစ်ယောက်မတူကြဘူး။ Puzzle Pro တွေတွက်တော့ အရမ်းသဘောကျမှာ သေချာတယ်။
တစ်ခုရှိတာက Game က Patched လုပ်ဖို့ရာအဆင်မပြေတော့ Full version ရမှာမဟုတ်ဘူး။
PC သမားတွေတော့ Crack ရှိမရှိ မပြောတတ်ဘူးပေါ့။ Mobile version မှာက TapTap
တွေနဲ့ ချိတ်ထားတော့ Account တွေနဲ့ Purchased လုပ်မလုပ် ပြန် စစ်ထားတာ။ ဒီတော့
Original Apk ရခဲ့ရင်တောင် ဝယ်ထားတဲ့ Account နဲ့ Verify မလုပ်နိုင်ရင်
ဆော့လို့ရမှာ မဟုတ်ဘူး။
Game ရဲ့ App Setting ထဲမှာ Full Screen On ပြီး Game Screen ကို
ထပ်ချဲ့လို့ရတယ်နော်။
( Game ကောင်လေးတွေ ဆက်သိဖို့ ကျန်းမာရေး ဂရုစိုက်ပါနော် )
Android version | 5 . 0 + |
Developer | Gamera Game |
Network | Offline |
Price | $2.99 |
App version | 1.1.3 |
Release date | 2020 |
Download Link
Type | Size | Link |
Playstore |
--- |
Unavailable |
Mediafire
|
283 MB ( Apk Only ) |
Download |
Apple iOS |
--- |
Unavailable |
#HELLOYDB
Comments