Dream Edge ( Early Access )

          Beta Test လေးဖြစ်သလို တင်တာ နောက်ကျသွားတာကြောင့် Fan တွေကို အရင်ဆုံး တောင်းပန်ပါတယ်။ ဘာလို့ဆိုတော့ 15 ရက်နေ့ကမှ Test လုပ်တာဖြစ်ပြီး 20 ရက်နေ့ကြရင် Close တော့မှာပါ။ Game ပုံစံက Overwatch တို့လို PvP အမျိုးစားဖြစ်ပြီး TPS view နဲ့ Graphic Quality တော်တော်ကောင်းတဲ့ Game တစ်ခုပါ။ သဘောကျတာက တခြား Game တွေနဲ့မတူဘဲ Quantum Drive စနစ်နဲ့ ဆော့ရမှာဆိုတော့ အရမ်း Challenge ဖြစ်တယ်။ Unity Engine နဲ့ ဖန်တီးထားပြီး Optimize လည်းဖြစ်သလို Bug တွေကစ အခု Test မှာတောင် တော်တော်နည်းပါတယ်။ 

            Gameplay Mode အနေနဲ့ 4 မျိုးထိပါဝင်ပြီး Heroes ပေါင်း 18 ယောက်ထိထည့်ပေးထားတာပါ။ တစ်ယောက်ခြင်းစီမှာ Unique Ability ကိုယ်စီပါတာကြောင့် Classic Role အနေနဲ့ Tank , Assassin ဆိုပြီး Role ပေါင်း 6 မျိုးထိ ကိုင်လို့ရပါတယ်။ ဒါ့အပြင် Holdblock ဆိုတဲ့ သီးသန့် Item တွေပါ သုံးလို့ရသေးတာကြောင့် Game က တကယ်ကို Challenge ဖြစ်တာ အမှန်ဘဲ။ မနက်ဖြန်ဆိုရင် Beta Close ပြီမလို့ ဆော့ကြည့်ဖို့တော့ အကြံမပေးတော့ဘူး။ နောက်ပြီး Boycott လွတ်မလွတ်နဲ့ Review အပြည့်စုံကို အောက်မှာ ဆက်ဖတ်လို့ရပါတယ်။ 

[ Review ]

တကယ်တော့ မင်မင်တောင် ဒီ Game တင်ဖို့ရာ ဒွိဟဖြစ်နေပြီး Developer အသစ်မလို့ Boycott ကင်းမကင်းတောင် သေချာ မသိရသေးပါဘူး။ Survey မှာတော့ Portuguese သုံးထားပြီး Global Test မလို့ China နဲ့ ကင်းမယ်လ်ို့ ထင်ရတာဘဲ။ ဘာလို့ဆို China ဘက်မှ ဒီ Game နဲ့ပတ်သတ်ပြီး အခုထိ မတွေ့ရသေးဘူး။ ဒါပေမယ့် တစ်ခုရှိတာက ဒီ Game ကို Develop တဲ့နေရာမှာ China Tech ပါနိုင်တယ်။ Mail ပို့ထားပေမယ့် Official မှာရတဲ့ Information တွေကြမှ သေချာပြောပြတော့မယ်။ 

Game ရဲ့ Graphic ကိုတော့ တော်တော်သဘောကျတယ်။ Unity Engine သုံးပြီး Graphic Level ကစ တစ်ဆင့်စီတိုင်းမှာ ပုံရိပ်ပြတာခြင်း မတူဘူး။ Extreme ကတော့ လုံးဝကို Character Detail တင်မကဘဲ Environment ကစ Color full ဖြစ်နေတာ။ Bloom Effect တွေပါ တအားကောင်းတော့ ဆော့ရတာ Mobile Game တစ်ခုတွက် ကျေနပ်စရာကောင်းတယ်။ 
Game က PTW တအားကြီး မဟုတ်ပေမယ့် အနီးစပ်ဆုံး ML လို Skin Bonus plus စနစ်တွေ ပါတယ်။ ဒါတောင် Skin ရဲ့ တန်ဖိုးပေါ်မူတည်ပြီး Bonus တိုးတာခြင်းကွာတယ်။ ဥပမာ ရိုးရိုး Skin မှာ +1 , အဲထက် နည်းနည်းမြင့်ရင် +2 , အမြင့်ဆုံးကတော့ +3 ထိဘဲ ပေးတာပါ။ သိပ်တော့ မပြောပလောက်ဘူးပေါ့။ နောက်ပြီး +2 Skin level ထိက Diamond စုပြီးဝယ်လို့ရတယ်။ အဲထက်မြင့်တဲ့ skin ကမှ money နဲ့ purchased လုပ်ရမှာပါ။

Game က Death Match တွေလည်းပါသလို Capture Mode တွေ Collect Crystal တွေကစ တော်တော်စုံအောင်ထည့်ထားတာ။ Hero တွေကလည်း အတော်ကြမ်းသလို Unique Ability ကို သုံးဖို့တွက်လည်း Energy နဲ့ HP box တွေကိုလည်း Map ထဲမှာ တွေ့ရအုန်းမှာပါ။ အပေါ်ကပြောတဲ့ Quantum Drive ဆိုတာက သီးသန့် စွမ်းအင်ပြားပေါ်မှ Body ချုံ့ပြီး သွားလာလို့ရတာကို ပြောတာပါ။ Robot ပုံစံလေးဖြစ်သွားပြီး အဲအချက်ကဘဲ Game ကို ပိုဆွဲဆောင်စေတာပါ။ ရန်သူကို အလစ်ဝင်တိုက်လို့ရသလို ထွက်ပြေးရတာလည်း လွယ်တယ်။ Holdblock က ဒီနေရာမှာ သုံးခုထိ တပ်ဆင်လို့ရပြီး Battle Ground မှာ ပုံသဏ္ဍာန်မျိုးစုံကို Quantum Drive အနေနဲ့ အပိုသုံးလို့ရတယ်။ ဥပမာ - Tower တွေ Defence Wall တွေလိုမျိုးပေါ့။ တခြား Fan တွေ Teleport တွေ သုံးလို့ရသေးတာကြောင့် Holdblock ကလည်း ဒီ Game မှာ အရေးကြီးတယ်။
အခု Beta မှာတော့ Test Prize တွေ အတော်ပေးတယ်။ လောလောဆယ် Game info က ဘာမှ မသိသေးတော့ မဆော့သေးတာကောင်းမယ်။ မင်မင်တောင် ဆော့လက်စနဲ့မလို့ တစ်ခါတည်း Review ရေးပေးလိုက်တာ။ Official ကြမှ လွတ်မလွတ်ပြောပေးမယ်။မေ့နေ့တာ နောက်ထပ်သဘောကျတာ တစ်ခုက Victory နဲ့ Lose နှစ်ခုမှာ Character တွေရဲ့ Emotion တွေက လုံးဝမတူသလို ချစ်စရာလည်း အရမ်းကောင်းတယ်။

Game Information

Android version 5 . 0 +
Developer Laser Edge Studios
Network Offline
Price Free
App version Beta
Release date 18.7.2021

Download Link

Type Size Link

Playstore

2 GB

Download

Apkpure

 

---

Unavailable

Apple iOS

---

Coming Soon
 


#HELLOYDB

Comments

လူကြည့်အများဆုံး GAMES