Embracelet

0% COMMUNITY SCORE
LOADING...
RATE:
          အသစ်ထွက်လာတဲ့ Adventure Game ကောင်းလေးတစ်ခုဖြစ်ပြီး Polygon Graphic နဲ့ Storyline ဦးစားပေးထားတာကြောင့် သဘောကျစေမှာတော့ သေချာပါတယ်။ သဘောကျဆို Steam နဲ့ Nintendo Switch မှာလည်း ထွက်​ပေးထားပြီး Android မှာလည်း R$ 40.99 နဲ့ ရောင်းချနေ တဲ့ Game တစ်ခုပါ။ မြန်မာငွေနဲ့ဆိုရင်တော့ ၁၃၀၀၀ လောက်တော့ရှိတာပေါ့။ သေချာတာပေါ့ ဒီ Game က အကောင်းဆုံး Rating နဲ့ ဆုတွေတောင် ရထားတာ။

          Emotional game လေးလည်း ဖြစ်သလို Love, Loss, Family, Friendship စတဲ့ ရသတွေပါ ပေါင်းစပ်ထားတဲ့ Game ကောင်းလေးတစ်ခုလို့ ပြောလို့ရတယ်။ ဒီ Game မှာဆိုရင် အသက် ၁၇ နှစ်အရွယ် Jesper ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အဖိုးဖြစ်သူပေးတဲ့ လက်ကောက်ဝတ်လေးတစ်ခုကြောင့် သူရဲ့ ဘဝဟာ စွန့်စားမှုတွေနဲ့ စတင်လာခဲ့တာပါ။ ဘာလို့ဆိုတော့ အဘိုးဖြစ်သူမလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုကို မြေးဖြစ်သူက အဆုံးသတ်ပေးရမှာဖြစ်ပြီး စိတ်ထဲကအတိုင်း အရာဝတ္တုတွေကို ရွေ့နိုင်တဲ့ ဒီလက်ကောက်လေးရဲ့ ရာဇဝင်ကကော ဘယ်ကနေ စတင်ခဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကစားရမှာပါ။ သဘာဝလွန် ဇာတ်လမ်းလေးဖြစ်တာကြောင့် စိတ်ဝင်စားစေမှာတော့ သေချာတယ်။
[ Review ]

ပြောရရင် ဒီ Game က ဇာတ်လမ်းစကတည်းက Climax ကို ထိုးပြထားတာ။ ဘုမသိဘမသိ ရေထဲ နစ်သွားတဲ့ scene ကြီး ကြည့်ရင်းကနေ လွန်ခဲ့တဲ့ ၅ ပတ်လောက်ကဆိုပြီး ဇာတ်လမ်းကို နောက်ကြောင်းပြန်ပြီး ဆော့ပေးရမှာ။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Jesper ဆိုတဲ့ ကောင်လေးဟာ မိခင်နဲ့ အတူနေနေတဲ့ ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ အဘိုးတက်နေတဲ့ ဆေးရုံကို လိုက်သွားရင်းကနေ အဘိုးဆီကနေ လျှိုဝှက်ချက်လေးတွေ ရလာခဲ့ပါတယ်။ အစကတော့ အဘိုးဖြစ်သူဟာ ရယ်စရာပြောနေတယ်လို့ ထင်ခဲ့ပေမယ့် လက်ကောက်လေးရဲ့ စွမ်းအားတွေကို မျက်မြင်တွေ့လိုက်ရတဲ့ အချိန်မှာတော့ ဒီကိစ္စကို ပိုစိတ်ဝင်စားလာခဲ့ပါတယ်။
အဘိုးဖြစ်သူဟာ ဒီကိစ္စကို ဘယ်သူမှ မပြောခဲ့ဘဲ မြေးဖြစ်တဲ့ သင့်ကိုဘဲ နောက်ဆုံးအနေနဲ့ ပြောခဲ့တာပါ။ ဘာလို့ဆိုတော့ ဒီလက်ကောက်ဝတ်လေးနဲ့ ပတ်သတ်ပြီး သူ့ဘဝမှာ နောင်တအရဆုံး လုပ်ရပ်ကို လုပ်ခဲ့မိတာကြောင့် လိပ်ပြာမလုံဘဲ သူ့ရဲ့ မွေးရပ်မြေကနေတောင် ထွက်လာခဲ့ရတာပါ။ ဘာလို့ဆိုတော့ ဒီ စွမ်းအားတွေနဲ့ တစ်စုံတစ်ယောက်ကို အန္တရာယ်ပြုခဲ့မိပြီး လက်ကောက်ဝတ်ဟာလည်း သူ့ရဲ့ နေရာအမှန်ကို ပြန်သွားခြင်တဲ့ တွန်းအားတွေကြောင့် အခုလို မြေးဖြစ်သူကို လက်ဆင့်ကမ်းခဲ့တာပါ။ လက်ကောက်ဝတ်ရဲ့ နေရာမှန်ကို ပြန်ထားပေးဖို့တွက် မြေးဖြစ်သူကို တောင်းဆိုခဲ့ပြီး သိမ်မကြာခင်မှာဘဲ အဖိုးဖြစ်သူဟာ....
ဒီလိုနဲ့ အမေတစ်ခုသားတစ်ခုဘဲ ရှိတော့တယ် Jesper ဟာ အဘိုးရဲ့နောက်ဆုံး တောင်းဆိုခဲ့တဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့တွက် တစ်ကိုယ်တော်ခရီးထွက်ခဲ့ပြီး အခက်ခဲမျိုးစုံနဲ့ မရင်းနှီးတဲ့ ဒေသတစ်ခုပေါ်မှာ ‌စွန့်စားရ‌တော့မှာပါ။ စိတ်ဝင်စားအောင် ‌ပြောရရင် အမေဖြစ်သူ ပေးလိုက်တဲ့ ရိက္ခာက ပင်လယ်ထဲကို မထင်မှတ်ဘဲ ပြုတ်ကျသွားပြီး လက်ကောက်၀တ်ကလွဲရင် လက်ဗလာနဲ့ ခရီးဆက်ရမှာ။ နောက်ထပ် စိတ်ဝင်စားအောင်ပြောရရင် အဘိုးဖြစ်သူက ဒီ လက်ကောက်ဝတ်ရဲ့ စွမ်းအင်တွေကို လူမသိအောင် သုံးခိုင်းခဲ့ပေမယ့် Jesper တစ်ယောက် ထိန်းသိမ်းနိုင်ပါ့မလားဆိုတာပါ ? Game က Puzzle Adventure ဖြစ်တာကြောင့် Jesper ဟာ သူ့ရဲ့ လက်ကောက်ဝတ်စွမ်းအင်တွေကို အသုံးချရင်း လမ်းမှာ ကြုံတွေ့ရတဲ့ အခက်ခဲတွေကို ပဟေဠိဆန်ဆန် ဖြေရှင်းပေးရမယ့် Game ပုံစံလေးပါ။ နောက်ခံ အသံလေးတွေပါရင် ပိုကောင်းမယ်လို့ မြင်မိပေမယ့် အခုလို choice လေးတွေ ထည့်ပေးထားတာကလည်း မဆိုးဘူးလို့ပြောလို့ရတယ်။

ဘယ်လိုဘဲနေနေ ရှုခင်းလေးတွေကလည်း လှသလို ဇာတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းတာကြောင့် ဆော့ကို ဆော့ကြည့်သင့်တယ်။

Game Information

Android version 4 . 4 +
Developer Machineboy
Network Offline
Price R$ 40.99
App version 1.5.03
Release date 27.6.2021

Download Link

Type Size Link

Playstore

320 MB

Download

Mediafire

 

320 MB

( apk+obb )zip

Download

Apple iOS

---

Download
 


HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...