Grand Survival

         ဒီလရဲ့ ပထမဆုံး Game အသစ်လေးဖြစ်ပြီး Survival Game လေးမလို့ အ​တော်များများ သဘောကျကြမှာပါ။ အနီးစပ်ဆုံး Epic Raft နဲ့ ဆင်တူတဲ့ Game လေးဖြစ်တာ​​ကြောင့် ကျွန်းတွေလည်း တစ်ခုပြီး တစ်ခု Explore လုပ်လို့ရမယ့် Game ကောင်း​လေးတစ်ခုပါ။ ဒီ Game မှာဆိုရင် သင်က Virus ကူးခံရတဲ့ ငမန်းတစ်ကောင်ကြောင့် အသက်လုပြေးလာရင်း မထင်မှတ်ဘဲ ဖောင်တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဖောင်ပိုင်ရှင်ကတော့ ကျွန်းတစ်ခုပေါ်မှာ ပိတ်မိနေခဲ့ပြီး သူ့နဲ့ အဆက်သွယ်ရခဲ့တာကြောင့် သင့်ရဲ့စွန့်စားခန်းလေးဟာ ဒီ Game မှာဘဲ စတင်ခဲ့တာပါ။ Survival Game လေးမလို့ ပစ္စည်းတွေ Collect လုပ်မယ်၊ Craft မယ် နောက်ပြီး Zombie တွေကစ တစ်ခါတစ်ရံ ကြုံတွေ့ရအုံးမှာဆိုတော့ Fun ဖြစ်စေမှာ​တော့ သေချာပါတယ်။ Graphic ကလည်း Relax ဖြစ်တာကြောင့် စိတ်ညစ်နေရင် ဆော့ကြည့်သင့်တဲ့ Game ကောင်းလေးတစ်ခုပါ။

[ Review ]

Game က အပေါ်ကပြောသလို Epic Raft လို Type မျိုးပါဘဲ။ Male ကော Female ကော ရွေးချယ်လို့ရသလို Graphic ကစ High အထိဆိုရင် သစ်ပင်လှုပ်တာတွေ၊ အရိပ်တွေကစ သေချာတွေ့မြင်ရမှာပါ။ In Game မှာတော့ Gun နဲ့ တခြား Box တွေကို Purchased လုပ်လို့ရပြီး ကျွန်းတစ်ခုနဲ့ တစ်ခု ကူးဖို့ရာတွက်လည်း Upgrade တွေလုပ်ပေးဖို့လိုအပ်ပါတယ်။ 

Item တွေကိုတော့ ကျွန်းပေါ်မှာလည်း ရှာလို့ရသလို ပင်လယ်ထက်မှာ မျောလာတဲ့ ပစ္စည်းတွေကိုလည်း စု​ဆောင်းထားလို့ရပါတယ်။ တစ်ခုရှိတာက ငမန်းကတော့ အနားမှာတဝဲလဲလဲ စောင့်နေမှာပါ။ ဒီတော့ ဖောင်ပေါ်ကနေတော့ ပြုတ်မကျစေနဲ့ပေါ့။ Weather စနစ်တွေလည်း ပါဝင်သလို တခြား လုပ်ဆောင်နိုင်မယ့် Feature တွေလည်း အများကြီးပါ။

ဒီလို Game လေးတွေက ရှင်းရှင်းပြောရရင် အရမ်း Relax ဖြစ်တယ်။ Realistic Graphic တွေမဟုတ်ဘဲ အခုလိုလေးကိုက ရိုးရှင်းပြီး သဘောကျစရာကောင်းတယ်။ နောက်ပြီး ငမန်းနဲ့ဆိုရင် စိတ်ပြေးလိုက်တိုင်း ဆော့နေရတဲ့အတိုင်းဘဲ တစ်ယောက်ထဲ ဆော့ရင်းနဲ့ကို ရယ်နေရတာ။ တခြား ဂဏန်းအကြီးကြီးတွေလည်း ပါသေးတော့ သဘောကျမှာပါ။

Game Information

Android version 5 . 0 +
Developer Supermetacore
Network Offline
Price Free
App version 1.0,9(8)
Release date 1.7.2021

Download Link

Type Size Link

Playstore

122 MB

Download

Mediafire

 

151 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
#HELLOYDB




Comments

လူကြည့်အများဆုံး GAMES