Granny's Silent Playhouse Residence

            ဒီတစ်ခါ အသစ်ထွက်လာတဲ့ Horror Game လေးကတော့ Size နည်းနည်းလေးနဲ့ တကယ်ကို Cinematic ဆန်ဆန် ဖန်တီးထားတဲ့ Game ကောင်းလေး တစ်ခုပါ။ Indie Developer မလို့ Bug လေးတွေ ပါသေးပေမယ့် တခြား Game တွေထက် ပိုစိတ်လှုပ်ရှားစေမယ်ဆိုတာသေချာပါတယ်။ Game က ကိုယ့်ရဲ့ အတိတ်ကို ပြန်လည်ရှာဖွေရမယ့် ပုံစံမျိုးဖြစ်ပြီး အရင်နေခဲ့တဲ့ အိမ်အဟောင်းစီကို တစ်ယောက်တည်း သွားနေရမှာပါ။ ဘာကြောင့်ဆိုတာ မသိပေမယ့် အဲအိမ်မှာ သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဘယ်သူဖြစ်နိုင်မလဲ...? သေချာတာကတော့ သံဆူးကြိုးတွေ တဝီဝီနဲ့ ဒေါင်ကောင်းကောင်း မမ တစ်ယောက်က စောင့်နေပါလိမ့်မယ်။

            Graphic ကစ Reflection တွေနဲ့ Realistic ဖြစ်အောင် ဆွဲဆောင်ထားပြီး အဓိကကတော့ ဒီ Game ရဲ့ Sound နဲ့ Music Climax တွေက ကစားသူကို Movie တစ်ခုကြည့်နေရသလို ခံစားရစေလိမ့်မယ်။ Over ပြောတာမဟုတ်ဘူးနော် တကယ် ရင်တွေပါ ခုန်သွားတာ။ ဘယ်လိုမျိုးလဲ သိခြင်ရင်တော့ ကိုယ်တိုင်ဘဲ မမ နဲ့ တွေ့ကြည့်လိုက်တော့။

[ Review ]

အစကတော့ ခပ်ပေါ့ပေါ့ Game လို့ထင်ခဲ့ပေမယ့် ဆော့ရင်း ဆော့ရင်းနဲ့ တကယ်ကို လူပါ သိခြင်စိတ်တွေ များလာတာ။ အဖြစ်ပျက်တိုင်းက အိမ်မက်လို နိုးထလာတော့ ဘယ်ဟာက အစစ်မှန်ဆိုတာကို ဒီ Game မှာ ခန့်မှန်းရခက်တယ်။ သေတာကလည်း ခဏခဏဘဲ။ 

Background တီးလုံးကြောင့် လူပါ ကြက်သီးတွေ ထပြီး စိတ်လှုပ်ရှားစရာကောင်းတယ်။ အထူးသဖြင့် မမ ပေါ်လာတဲ့ အချိန်ပေါ့။ တကယ့် ဇာတ်ကားထဲကလို နံရံပေါ်က မီးချောင်းတွေ တစ်ချောင်းစီ အတန်းလိုက် လင်းသွားတဲ့ အောက်မှာ မျက်နှာကို တစ်ချက်တစ်ချက် ပြပေးတာမျိုးက အရမ်း ကြက်သီးထစရာကောင်းတယ်။ နောက်ပြီး ဘေးကနေ သံဆူးကြိုးတွေ ဝဲနေတဲ့ ပုံစံမျိုးက လုံးဝကို Epic Style မျိုးဘဲ။ အခန်းတွေဆိုရင် သူကိုယ်တိုင်ဘဲ သံဆူးကြိုးတွေ ပတ်ပစ်တာ။ ပြောရရင် အိမ်ထဲက ထွက်လို့မရအောင် လုပ်တာက တခြား သရဲမတွေထက် ပိုပြီး သဘာဝကျတယ်။ 
စိတ်ဝင်စားစရာကောင်းတာက Game က Update မှာ ဇာတ်လမ်း ထပ်ပါလာအုံးမှာပါ။ ပြောရရင် ဆော့ရတာသာ မိုက်တာ ဇာတ်လမ်းက အခုထိ ဖုံးထားတဲ့ ပုံစံမျိုး။ အဲတော့ မင်မင်ကတော့ Update ကို မျှော်နေပြီ။ မဆော့ရသေးရင်လည်း Update စောင့်မနေနဲ့ တန်းသာ ဆော့။ Streamer တွေဆိုရင်လည်း ညဘက် ကစားကြည့်သင့်တယ်လို့ အကြံပေးတယ်။ 

( ကျန်းမာရေး ဂရုစိုက်ပေးကြပါ )

Game Information

Android version 4 . 4 +
Developer Charming Agency
Network Offline
Price Free
App version 0.1
Release date 06.7.2021

Download Link

Type Size Link

Playstore

80 MB

Download

Apk

 

78 MB

( Apk Only )

Download

Apple iOS

---

Unavailable
 
#HELLOYDB


Comments

လူကြည့်အများဆုံး GAMES