Idol Queens Of K-pop

         အသစ်ထွက်လာတဲ့ Korea အခြေစိုက် ဒီ Game လေးက Kpop Fan တွေတွက် အရမ်းသဘောကျစေမှာဖြစ်သလို Kpop နဲ့ မရင်းနီးရင်တောင် တကယ် ဆော့ကြည့်သင့်တဲ့ Game ကောင်းလေးတစ်ခုပါ။ ဒီ Game မှာဆိုရင် အဆို​တော်မလေးတွေကို CEO တစ်ယောက်အနေနဲ့ ပြုစုပျိုးထောင်ပေးရမှာဖြစ်ပြီး Storyline လေးနဲ့ပါ ဆော့ကစားရမှာဖြစ်တာကြောင့် idol တွေရဲ့ Life Style ကို အပြင်ကအတိုင်း တစ်ပုံစံတည်း တွေ့မြင်ရမှာပါ။ လူရွေးတာကအစ အောက်ခြေကနေ တစ်ဆင့်ပြီးတစ်ဆင့် ပွဲထုတ်ပေးရမှာ ဖြစ်ပြီး နောက်ဆုံး ကမ္ဘာတစ်ဝန်းထိ ပေါက်သွားအောင်လို့ Support လုပ်ပေးရမယ့် Management Game ကောင်းလေးပါ။ Music ပိုင်းမှာလည်း နာမည်ကြီးအဆိုတော်အဖွဲ့တွေရဲ့ သီချင်းတွေတင်မကဘဲ Mini Gameplay တွေနဲ့ပါ Performance အပြည့် တွေ့မြင်ရမှာ ဖြစ်တာကြောင့် အရမ်းသဘောကျစေမှာတော့ သေချာပါတယ်။

⚠ In Game ကြရင် အတိကျအနေနဲ့ 860 MB လောက် ထပ် Download လုပ်မှာဖြစ်ပြီး Account အနေနဲ့ Facebook ကော Google ပါ ချိတ်ကစားလို့ရပါတယ်။
[ Review ]

တကယ်တော့ ဒီ Game ရဲ့ မူရင်းက Idol Company ဖြစ်ပြီး မင်မင်တင်ပေးခဲ့တာ ၂ နှစ်​​ကျော်တောင် ရှိသွားပါပြီ။ တကယ်မထင်ထားဘဲ အခု Suprise အနေနဲ့ ထွက်လာတာဖြစ်ပြီး 2D ကနေ 3D version ကို Feature အသစ်တွေနဲ့ Online version ထုတ်ပေးလိုက်တာပါ။ အရမ်းသဘောကျသလို ဇာတ်လမ်းကော ၊ Background Music တွေကစ Heart ထိပြီး စိတ်ဝင်စားစရာကောင်းတယ်။

ပထမဆုံးသဘောကျတာကို ပြောရရင် Character Name တွေပါ။ Company ကနေစပြီး idol တွေထိ ကိုယ်ကြိုက်တဲ့ နာမည်တွေပေးလို့ရသလို စိတ်ကူးထဲကအတိုင်း ဖန်တီးလို့ရတာကြောင့် အရမ်းမိုက်တယ်။
နောက်ပြီး ဇာတ်လမ်းကစ အရမ်းဆွဲဆောင်မှုရှိပြီး Company တွေကြားထဲက Kpop လောကကြီးကို အပြိုင်ဆိုင်တွေ့မြင်ရမှာပါ။ ဒီ Game မှာဆိုရင် သင်က မထင်မှတ်ဘဲ CEO နေရာကိုရောက်ခဲ့ပြီး အရင်ကတော့ FC Entertainment မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်ပါ။ အခြေနေတစ်ခုကြောင့် FC Entertainment ကနေ လူသိရှင်ကြား အလုပ်ထွက်ခဲ့ရပြီး Senior Managing Director ကနေ စွန့်စွန့်စားစားနဲ့ သင့်ကို CEO နေရာပေးပြီး ပြိုင်ဘက် FC Entertainment ထက်သာအောင် အခွင့်ရေးပေးခဲ့တာပါ။ 

ဒီလိုနဲ့ အရင်က လုပ်ဖော်ကိုင်ဖက်တွေကို တစ်ယောက်ခြင်းစီလိုက်ရှာရင်း Girl Group တစ်ခုကို တည်ထောင်​ဖြစ်ခဲ့တာပေါ့။ ဖြစ်ခြင်တော့ အဲထဲက တစ်ချို့ Member တွေက FC Entertainment ကနေ သင့်လို အလုပ်ထွက်ခဲ့တဲ့သူတွေဖြစ်ပြီး အရည်ချင်းရှိပေမယ့် ပိုက်ဆံမက်တဲ့ FC Entertainment ရဲ့လုပ်ရက်ကြောင့် အခုလို အခြေနေမျိုးကို ရောက်ခဲ့ကြတဲ့သူတွေပါ။ အများစုက လမ်းမပေါ်မှာဘဲ အသက်မွေးခဲ့ကြရပြီး idol တစ်ယောက်အနေနဲ့ မဖြစ်ခဲ့ကြပါဘူး။ အခု သင့်ရဲ့ တောင်းဆိုမှုကြောင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးကနေ အလုပ်ထွက်ခဲ့ကြပြီး နာမည်ကြီး Kpop group ဖြစ်ဖို့တွက် အတူတူကြိုးစားကြတော့မှာပါ။ အစပိုင်းမှာ Hate Speech တွေများပေမယ့် အောင်မြင်မှုရဖို့တွက် ဘယ်လိုတွေ ကျော်ဖြတ်မလဲဆိုတာ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။
Gameplay ကတော့ Management အမျိုးစားဖြစ်ပြီး idol တွေရဲ့ အသုံးဆောင်၊ အနေအထိုင်တွေကစ Depression တွေ Stress တွေမဖြစ်အောင် စီမံပေးရမှာပါ။ အဆို၊ အကတွက် အချိန်ဇယားတွေပါ စီမံခန့်ခွဲပေးရပြီး သက်ဆိုင်ရာရဲ့ Fashion Style တွေကစ အသေးစိတ်လိုက်ကြည့်ပေးရမှာပါ။ သီချင်းတွက် Main Vocal တွေ ကုန်ကျစရိတ် တွေကစ အသေးစိတ်ပါဝင်ပြီး Idol တွေ Level Up ဖို့ရာကစ ရင်းရင်းနှီးနှီးနဲ့ ရေရှည်ခိုင်မြဲအောင် ဂရုတစိုက် လုပ်ပေးရမှာပါ။ ဒါ့အပြင် Fan တွေကပါ အရေးကြီးပြီး World Wide ထိပေါက်အောင် စီမံရမှာဆိုတော့ လွယ်တော့မလွယ်ပါဘူး။

ဒီ Game မှာ Gacha စနစ်ပါဝင်ပြီး Costume နဲ့ Skill Card တွေတွက်ထည့်ပေးထားတာပါ။ Skill Card တွေက တစ်ယောက်ခြင်းစီရင် Own Story ကို အချိန်ပေးကစားရုံနဲ့ ရတတ်ပါတယ်။ ဘာအတွက်ကောင်းလဲဆိုရင် Music Play တဲ့နေရာကော Performance ပိုင်းမှာပါ Rating ကောင်းကောင်းထွက်တာပါ။ တခြား တစ်ယောက်ခြင်းစီရဲ့ Detail Information တွေပါ အများကြီးပါသေးတော့ Kpop Life အတွက် Feature အတော်စုံတယ်လို့ ပြောလို့ရတယ်။
မင်မင်တော့ ဒီ Game ရဲ့ Character ထက် အမူယာလေးတွေကို အရမ်းသဘောကျတယ်။ ကတာတွေကစ သီချင်းအတိုင်း Animation လုပ်ပေးထားတော့ တစ်ခါတလေ Music Game ဆော့နေရင်တောင် သူတို့ရဲ့ Performance အကတွေကြောင့် တလွဲတွေကို ဖြစ်လို့။ ပြောရရင် Game ဘဲ ကစားရမလား ? သူတို့ အကဘဲ ထိုင်ကြည့်ရမလားဆိုပြီး ဗျာများနေတာပေါ့။ နောက်ပြီး Storyline ဘက်တွေ သွားရင် Background Song ကြီးကြောင့် ကိုယ့်မှာ Drama ခင်းနေသလိုတောင် ရင်တွေခုန်တယ်။ Plot ကစ ဆွဲဆောင်မှုရှိသလို သူတို့ရဲ့ အမူယာတွေပါ Cute ဖြစ်လွန်းတာကြောင့် Kpop Group တွေရဲ့ CEO ဖြစ်ရတာတောင် မလွယ်ပါလားလို့ တွေးမိတယ် 😁။ Room တွေက Sim အတိုင်း ဖန်တီးထားတော့ ​ရေချိုးခန်းတွေ၊ အိပ်ယာဝင်တဲ့အခန်းတွေကစ ဆော့ရတာ တော်တော်လေး ရိုးရှင်းတယ်နော်။

Game Information

Android version 7 . 0 +
Developer Sunbeesoft Co Ltd
Network Online
Price Free
App version 1.81
Release date 4.7.2021

Download Link

Type Size Link

Playstore

577 MB

Download

Apkpure

 

577 MB

( Apk Only )

Coming Soon

Apple iOS

---

Coming Soon

HELLOYDB

Related Posts

  • Legend Frozen Beauty•           လောကမှ တစ်ခုကို လိုခြင်ရင် နောက်တစ်ခုကို ပေးဆပ်ရတယ်ဆိုတာ လူတိုင်းသိကြမှာပါ ။ ဒါပေမယ့် အဲဒီ ပေးဆပ်မှုက ထိုင်တန်ရဲ့လားဆိုတာသာ အဓိကပါ။ သင်နဲ့ သင့်ညီမလေးဟာ အရမ်းချစ်ကြတဲ့ ည… Read More
  • Heroes Of Arca•       ရာစုနှစ်တစ်ခုရဲ့ မဝေးလှတဲ့ ကျွန်းတစ်ခုမှာ အရမ်းရဲရင့်တဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူမဟာ ကာကွယ်သူဖြစ်ခြင်လွန်းလို့ ဆရာကြီးရဲ့ ချီးမြှောက်မှုကို ဆက်ခံဖို့ ပြင်ဆင်နေချိန်မှာ… Read More
  • Number 752 Chapter 2•         Horror Fan တွေအတွက် Game အသစ်လေးဖြစ်ပြီး ဒီနေ့မှ Crack ရတာမလို့ ချက်ခြင်းတင်ပေးလိုက်တာပါ။ ဟုတ်ပါတယ် ပိုက်ပိုက် Game လေးဖြစ်ပြီး Playstore မှာ 5,000 နဲ့ရောင်းတာပါ။ ဒါပေမယ်… Read More
  • Death Tour•         အရင်က Playstation မှာဆော့ဖူးကြတဲ့ တိုက်ကား Game ဆိုတဲ့ Type မျိုးကို ဆော့ဖူးကြမယ်ဆိုရင်တော့ ဒီ Game လေးကို သဘောကျစေမှာပါ။ Death Racing အမျိုးစားဖြစ်ပြီး Storyline နဲ့ လာတ… Read More
  • QV•  ပင်ကွင်းက ပျံတတ်လား ? သူလည်း ငှက်တစ်မျိုးဆိုပေမယ့် ဘာလို့မပျံနိုင်တာလဲ ? ပင်ကွင်း မပျံနိုင်တာကို အားလုံးသိထားကြပေမယ့် ဒီ GAME ထဲက Quby လေးကတော့ မသိရှာပါဘူး။ ငှက်ဖြစ်တာခြင်း အ… Read More

Comments

လူကြည့်အများဆုံး GAMES