Mr Hopp's Playhouse 2

            အရမ်းအရမ်းကို စိတ်ဝင်စားစရာ ကောင်းတဲ့ Game လေးဖြစ်ပြီး တအား Deep လွန်းလို့ Movie တောင် ပြန်ရိုက်သင့်တဲ့ Horror Game ကောင်းတစ်ခုပါ။ ဒီ Game ရဲ့ ဇာတ်အိမ်ဟာ ၁၉၅၂ ခုနှစ် UK မှာရှိတဲ့ Blacklands Manor ဆိုတဲ့ မိဘမဲ့ဂေဟာကျောင်းမှာ တွေ့မြင်ရမှာဖြစ်ပြီး အိမ်မက်ဆိုးတွေ ထပ်ခါတစ်လဲလဲ မက်နေတတ်တဲ့ Esther ဆိုတဲ့ ကောင်မလေးတစ်ယောက်နေရာကနေ ကစားပေးရမှာပါ။ တစ်နေ့မှာတော့ အိမ်မက်ထဲမှာ မြင်ခဲ့တဲ့ အရုပ်ကလေးတစ်ရုပ်က မိဘမဲ့ဂေဟာမှာရှိတဲ့ Esther ရဲ့ လက်ထဲကို ရောက်လာတဲ့ အချိန်မှာတော့ ဂေဟာတစ်ခုလုံးဟာ သွက်သွက်ခါအောင် ကျိန်စာတွေ ဂရက်ထကုန်ပါတယ်။ ဒါဆို ဒီအရုပ်ထဲမှာ ဝင်ကပ်နေတဲ့သူက ဘယ်သူလဲ ? ဘာကြောင့် အပြစ်မရှိတဲ့ Esther ရဲ့ ဘဝထဲကို ဝင်ရောက်လာရလဲဆိုတာကို သိခြင်ရင်တော့...။

Steam နဲ့ PS မှာတော့ Rating အမြင့်ရထားတာ။ Graphic နဲ့ Gameplay ကြည့်ပြီး ကြောက်စရာ မကောင်းပါဘူးကွာလို့တော့ မထင်လိုက်နဲ့ ဇာတ်ရည်လည်သွားရင် အိမ်က အရုပ်တောင် ရင်တထိတ်ထိတ်ကြည့်နေရလိမ့်မယ်။ The Conjuring ဆီမှာတောင် ရှိရင်ရှိနေမှာ။

[ Review ]

အပေါ်စာပိုဒ်က Limit ပြည့်သွားတော့ အောက်မှာ ပိုရှင်းပြပေးမယ်။ Game က Pixel ဒီဇိုင်းနဲ Platform အမျိုးစားဖြစ်ပြီး Jumping တွေ Puzzle တွေနဲ့ ပေါင်းစပ်ထားတဲ့ Game တစ်ခုပါ။ အသံမထွက်ဖို့ရာက အရမ်းအရေးကြီးပြီး ခြေသံကစ သတိထားရတာကြောင် ဒီ Game ရဲ့ Gameplay ဟာလည်း လျော့တွက်လို့ မရပါဘူး။ အရေးကြီးဆုံးအပိုင်းကတော့ ဒီရိုးရှင်းတဲ့ Game လေးက Storyline ကို အရမ်း Deep အောင် ဖန်တီးပေးထားတာပါ။ Ending အမျိုးအမျိုးပါပေမယ့် ဒီ Game ရဲ့ Sequel က ဘယ်လောက်ထိရောက်နိုင်တယ်ဆိုတာကို ဆော့ပြီးရင် ခန့်မှန်းမိသွားလိမ့်မယ်။ 

ဒီ​တော့ ​Spoiler မဖြစ်ခြင်ရင် အပေါ်စာပိုဒ်နဲ့တင် ရပြီ။ နောက်ပြီး အခု Game က အပိုင်း 2 ဆိုတော့ အပိုင်း 1 မဆော့ရသေးရင်ကော ဇာတ်ရည်လည်ပါ့မလားလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ပြောရရင်တော့ 50% / 50% ပေါ့။ အခု Game က အတိတ်ကို ​ပြန်ဇာတ်အိမ်တည်ထားတာမလို့ ဘယ်ကနေ ဆော့ဆော့ အဆင်ပြေတယ်။ မင်မင်ကတော့ 1 ကို နောက်နေ့မှ တင်ပေးတော့မယ်။ 2 ဆော့ပြီးမှ 1 ဆော့လို့လည်း ရသလို 1 - 2 ဆက်တိုက်လည်း ဆော့လို့ရတယ် ။
တကယ်တော့ Ester ရှိတဲ့ မိဘမဲ့ ဂေဟာကို အရုပ်လာပို့တာက တစ်ခုတည်း မဟုတ်ဘူး။ သူမရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Molly နဲ့ Isaac တို့ပါ တစ်ခုစီ ရထားတာပါ။ ဒါပေမယ့် Ester ရဲ့အရုပ်ကတော့ Main ပေါ့။ သူမရဲ့ အိမ်မက်ထဲမှာ တွေ့တဲ့ အရုပ်နဲ့ တစ်ပုံစံတည်းဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတာက အင်းကွက် ခြောက်ကွက်နဲ့ မိန်းမတစ်ယောက် မီးလောင်တိုက်သွင်းခံရတာကိုပါ မက်ခဲ့တာပါ။ နောက်ပိုင်း ဒီ အရုပ်ရောက်လာတဲ့ အချိန်ကနေ စပြီး ဂေဟာမှာ ထူးထူးဆန်းဆန်းတွေ ဆက်တိုက်ဖြစ်တော့တာဘဲ။ ကလေးတွေ ပျောက်တယ် ၊ သီလရှင်တွေ အသတ်ခံရတယ်ဆိုတော့ သာမန် သရဲမဟုတ်ဘူးဆိုတာ တွေးမိမှာပါ။

 တကယ်သဘောကျစရာကောင်းတာက Game တစ်ခုလုံးက လုံးဝ မထင်ထားလောက်အောင်ကို ဇာတ်အိမ်အပြောင်းအရွေ့များတယ်။ အထူးသဖြင့် နံရံပေါ်က ဓာတ်ပုံတွေက Player တွေမထင်ထားလောက်အောင်ကို ဇာတ်လမ်းရဲ့ သဲလွန်စတွေကို Deep ဖြစ်တဲ့ထိ ပေးနေတာ။ Gameplay ကြောင့် သတိမထားမိပေမယ့် ပြန်တွေးကြည့်မှ အံ့ဩသင့်စရာကောင်းလောက်အောက်ကို နားလည်သွားတာ။ ဒီတော့ ဓာတ်ပုံတွေကသာ သဲလွန်စပေးနေရင် ဒီ အဖြစ်ပျက်တွေက Ester ဆီကို အကြောင်းမဲ့ သက်သက်ရောက်လာတာမဟုတ်ဘူးဆိုတာ တွေးမိလိမ့်မယ်။ Intro Voice မှာ သတိထားမိရင် ပိုသိလိမ့်မယ်။ " Abandoned just as I was " ဆိုပြီး ပြောခဲ့တာက ဒီ Game ရဲ့ အဓိက Main ကို စစခြင်း အသိပေးလိုက်တာဘဲ။ 
ဘာလို့ဆိုတော့ ဒီ Game ရဲ့ ခုနှစ်ကို ပြန်ကြည့်ရင် ၁၉၅၂ ခုနှစ်ဆိုတာက တကယ့် အပြင်မှာ   ဒုတိယကမ္ဘာစစ်အပြီး ၆ နှစ်အကျော်မှာ ဇာတ်အိမ်တည်ထားတာ လို့တွေးလို့ရတယ်။ မိဘမဲ့တွေ ကလေးတွေနဲ့ သေတဲ့သူတွေ အများကြီးရှိခဲ့တာကြောင့် Depression ဒါမှမဟုတ် အထီးကျန်တဲ့ စိတ်ဒဏ်ရာတစ်ခုခုကတော့ ရှိမှာသေချာတယ်။ ဒါ့အပြင် ဂေဟာတိုင်းက စိတ်ကောင်းရှိကြတာမဟုတ်တော့ အဲဒီ ဒဏ်တွေက Estra ကို ပိုရိုက်ခက်စေတယ်။ ဒါဆို သရဲကကော ဘာလို့ Estra ကို ရွေးခဲ့ရလဲလို့ တွေးကောင်းတွေးမိနိုင်တယ်။ တကယ်က Estra ရဲ့ အိမ်မက်ထဲက မီးရှို့ခံရတဲ့ မြင်ကွင်းဟာ ​၁၆ ရာစုနှစ်က အပြင်မှာပါ ဖြစ်လေ့ဖြစ်ထမျိုးရှိခဲ့တဲ့ အပြစ်ပေးမှုတစ်ခုဖြစ်ပြီး လက်ရှိဂေဟာကြီးကလည်း ၁၆ ရာစုနှစ်ဝန်းကျင်မှာဘဲ တည်ဆောက်ခဲ့တာပါ။

ဘယ်လိုပြစ်မှုမျိုးလဲဆိုရင်တော့ စုန်းတို့ ၊ မှော်တို့လို့ ရက်ရက်စက်စက် ကျိန်စာတိုက်တဲ့ အခါမျိုးပေါ့။ ရှေးအယူတွေ အရ The Entity ဆိုတဲ့ မြေအောက်နတ်ဆိုးဟာ ကလေးတွေကို သဘာဝလွန်စွမ်းအင်တွေ ပေးပြီး ပြုစားတတ်လေ့ရှိတာကို ဖော်ပြထားတယ်။ အဲဒီ စွမ်းအင်တွေကို ရဖို့တွက်လည်း ကြားခံအနေနဲ့ လည်ဆွဲကိုပါ ဝတ်ဆင်ပေးရတာကြောင့် ဒီ Game မှာပါတဲ့ သဲလွန်စတွေဟာ တကယ်ကို အချိတ်ဆက်မိမိနဲ့ Deep ဖြစ်လွန်းတာပါ။ နားလည်အောင် ပြောရရင် လည်ဆွဲရထားတဲ့ ကလေးက စိတ်ပေါ်မူတည်ပြီး လူလိုက်သတ်တာမျိုးပေါ့။ဆက်ပြောရင် ဆော့ရတာ Feel ပျက်မှာဆိုးလို့ အရေးကြီးတာလေးတွေဘဲ ဇာတ်ရည်လည်အောင် ပြောပေးထားတယ်။ ဒါတောင် လုံးဝ Suprise အခန်းတွေ မပြောသေးဘူး။ 
ချုံပြောရရင်တော့ Estra က တကယ်ကို Brave ဖြစ်တဲ့ ကလေးမလေးတစ်ယောက်လို့မြင်မိတယ်။သူကြောက်မကြောက်တော့မသိဘူး ဆော့နေတဲ့ သူကတော့ တစ်ချက်ချက် တုန်တုန်သွားတာ။ မှောင်ကမှောင်သေး ပြီးရင် လူကော သရဲကော လန့်နေရတာ။နောက်ပြီး စိတ်ဝင်စားစရာကောင်းတာက ဒီ အဖြစ်ပျက်တွေက သူမနဲ့တင်ပြီးသွားမှာလား ? လုံးဝ မထင်နဲ့ အပိုင်း 1 က အလကားထွက်ထားတာ မဟုတ်ဘူး။ 

Game Information

Android version 4 . 4 +
Developer Moonbit
Network Offline
Price Free
App version 3.0
Release date 3.7.2021

Download Link

Type Size Link

Playstore

75 MB

Download

Apkpure

 

75 MB

( Apk Only )

Download

Apple iOS

---

Unavailable
 
#HELLOYDB



Comments

လူကြည့်အများဆုံး GAMES