Rec Room

            Game အသစ်လေး မလို့ Hello Fan တွေတွက် အရမ်းသဘောကျမယ်ထင်တယ် ။ PC , Console နဲ့ VR မှာ ထွက်ထားတဲ့ Game လေးဖြစ်ပြီး အခု Mobile မှာပါ Cross Plays အနေနဲ့ အတူတူကစားလို့ရတဲ့ Game လေးပါ။ Online Multiplayer ကို အခြေခံထားတဲ့ Game လေးဖြစ်ပြီး ညီမတို့ ဆော့ဖူးတဲ့ Roblox တို့လို Sandbox Game ပုံစံမျိုးပဲ ။ Room တွေ Party တွေ အများကြီးပါသလို ကိုယ်တိုင်လည်း Create လုပ်လို့ရတယ်။ Horror Mode , Action Mode အစုံအစုံ ကစားလို့ရတယ်။ ညီမ သတိထားမိတာကတော့ IT Chapter 2 အပြင် Life is strange ရဲ့ Room တွေပါ လျှောက်လည်လို့ရတယ်။ သူငယ်ချင်းတွေနဲ့ အရမ်းပျော်စရာကောင်းမှာ သေချာတယ်။ ဒီလိုဆိုတော့ အနေဝေးနေတဲ့ သူငယ်ချင်းတွေကို ခေါ်ပြီး Voice Chat နဲ့အတူ ပျော်စရာတွေ ဖန်တီးလို့ရတာပေါ့။ 
[ First Time Review ]

မင်မင်က ရေးခိုင်းလိုသာ ရေးရမှာ သိပ်မရေးတတ်တော့ အမှားပါရင် အရင်တောင်းပန်ပါတယ်ရှင့်။ ဒီ Game လေးမှာ ညီမ သဘောကျတဲ့ အပိုင်းက လက်ကို ဘယ်ကော၊ ညာကော Human Fall Flat ဆိုတဲ့ Game ထဲကလို ထိန်းချုပ်လို့ရတာပါ။ ပစ္စည်းမှန်သမျှ ဘယ်ညာနဲ့ အကုန် ပစ်ပေါက်လို့ရတာကို သဘောကျတယ်။ သူငယ်ချင်းတွေ အများကြီးဆိုရင် ပျော်စရာကောင်းမှာ။ ကိုယ်ပိုင် Room လည်း ပေးသလို ကျန်တဲ့သူတွေနဲ့လည်း ကတာတွေ၊ Game အတူကစားတာတွေ ၊ selfie ဆွဲတာမျိုးတွေ လုပ်လို့ရတယ်။
နောက်သဘောကျတာက white board တွေမှာ မှင်နဲ့ စိတ်ကြိုက်ရေးခြစ်လို့ရတော့ Online Class တောင် ဒီ Game ထဲမှာတင် စာသင်လို့ရတယ်။
ညီမဆော့ကြည့်ရသလောက်တော့ နိုင်ငံခြားသားတွေများတယ်။ သူတို့က Voice Chat တွေ ဖွင့်ထားတော့ အနားကပ်ရုံနဲ့ ကြားရတယ်။ အစမလို့လားမသိဘူး Game က တစ်ချက်တစ်ချက် ထစ်တယ်။ တစ်အားကြီး ကြည့်ရမဆိုးပေမယ့် ဆော့ရတာ ပျော်စရာကောင်းတယ်။ မင်မင်သာဆိုရင် Game ကို ဒီထက် ပိုရှင်းပြနိုင်ပေမယ့် ညီမကတော့ ဒီလောက်ဘဲ ရေးတတ်တယ်။ အဲတော့ စိတ်မဆိုးဘဲ HELLO Page လေးကို ဆက်လက် အားပေးပေးပါရှင့်။ 

Game Information

Android version 7 . 1 +
Developer Rec Room
Network Online
Price Free
App version 20210723
Release date 24.7.2021

Download Link

Type Size Link

Playstore

1 GB

Download

---

 

---

( --- )

Coming Soon

Apple iOS

---

Download
 
#HELLOYDB


Related Posts

  • NEO 2045         အသစ်ထွက်လာတဲ့ Sandbox Game လေးဖြစ်ပြီး MMO အမျိုးစားမလို့ Multiplayer သမားတွေတွက်  အများဆိုအများကြီး ပျော်စရာကောင်းမှာပါ။ ပြ… Read More
  • Rec Room             Game အသစ်လေး မလို့ Hello Fan တွေတွက် အရမ်းသဘောကျမယ်ထင်တယ် ။ PC , Console နဲ့ VR မှာ ထွက်ထားတဲ့ Game လေးဖြစ်ပြီး အခု Mobile မှာပါ … Read More
  • Seven Knight 2 Global° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက Mobile Player တွေ ဆော့ကို ဆော့ဖူးသင့်တဲ့ Cinematic RPG အမျိုးစားဖြစ်ပြီး Free To Play ထဲမှာတော့ တကယ်ကို ဆော့ရတန်တဲ့ Game ကောင်းတစ်ခုပါ။ တ… Read More
  • Just Cause Mobile ( Early Access )° ဒီနေ့ Early Access ကိုမှ Region အကန့်သတ်နဲ့ ထွက်လာတဲ့ Square Enix ရဲ့ ပထမဆုံး Just Cause Mobile version ဖြစ်ပြီး Singapore Only သာ Test ခွင့်ပေးထားတာ‌ကြောင့် VPN နဲ့ဆ… Read More

Comments

လူကြည့်အများဆုံး GAMES