Sky Gamblers Infinite Jets
မနေ့ကမှ ထွက်လာတဲ့ Atypical ရဲ့ Game
အသစ်လေးဖြစ်ပြီး Playstore မှာတော့ R$19.99 နဲ့ ရောင်းချနေတဲ့ Paid Game
တစ်ခုပါ။ လက်ရှိ မြန်မာငွေနဲ့ဆိုရင် ၆၀၀၀ ကျော် တန်ဖိုးရှိပြီး Sky Gamblers
Series ရဲ့ နောက်ဆုံးထွက် Game တစ်ခုဆိုလဲ မမှားပါဘူး။ Radiation Island တို့
Storm Raider s တို့လို Game ကြီးတွေဆော့ဖူးရင်တော့ Atypical ရဲ့ Graphic Engine
နဲ့ Open World Detail ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ Mobile ရဲ့ Graphic
အကောင်းဆုံး စာရင်းတွေထဲမှာ ပါနေကြမလို့ ဆော့ကို ဆော့ကြည့်သင့်တယ်လို့
အကြံပေးတယ်။
Title အသစ်နဲ့ ထွက်လာတဲ့ ဒီ Infinite
Jets ဆိုတဲ့ Game လေးကတော့ အနာဂတ် 2033 ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အရင်က Game
တွေလို History Fact တွေနဲ့ မလာတော့ဘဲ စိတ်ဝင်စားစရာကောင်းတဲ့ အနာဂတ်နည်းပညာ Jet
တွေနဲ့ တွေ့မြင်ရမှာပါ။ အတိုချုံ့ပြောရရင် Sky Gamblers အဖွဲ့ဟာ San Francisco
မှာ စစ်ရေးလေးကျင့်နေတုန်း အလစ်ဝင်တိုက်ခံရလိုက်ပြီး အဲအတွက် နောက်ကွယ်က
အမှန်တရားကို အဖွဲ့နဲ့အတူ ဖော်ထုတ်ပေးရမယ့် ဇာတ်အိမ်မျိုးပါ။ အရမ်းလည်း မိုက်သလို
အဖွဲ့လိုက် လိုက်ဗျင်းတာတွေကစ အားရစရာကောင်းတာကြောင့် လုံးဝကို သဘောကျစေမှာ
သေချာပါတယ်။
Graphic ကော Control ကော လုံးဝ Fix
ဖြစ်တာကြောင့် တိုက်ရခိုက်ရတာ မကြိုက်ရင်တောင် Free Simulation အနေနဲ့ Open World
Map ပေါင်း ငါးခုထိတောင် ဝေဟင်ထက်မှာ လျှောက်သွားနေလို့ရပါတယ်။ တကယ်လို့ Story
Campaign ဆော့ရတာ ပျင်းလာရင်တောင် Online Multiplayer အနေနဲ့
သူငယ်ချင်းတွေနဲ့အတူတူ ကစားလို့ရမှာပါ။ အဲအတွက် Gameplay Mode တွေကိုလည်း
သီးသန့်ရွေးချယ်လို့ရပါတယ်။ ဂျက်လေယာဉ်တွေနဲ့ ပတ်သတ်ပြီး Color Mix ပေါင်း
သုံးခုကျော်လေးခုထိ ရောစပ်လို့ရတာကြောင့် Customize ပိုင်းကတော့
အရမ်းသဘောကျစေမှာသေချာပါတယ်။ တစ်ခုရှိတာက Jets တွေကတော့ one by one purchased
စနစ်နဲ့သွားတာပါ။
Game ရဲ့ Total Sizes က 2.17 GB
ထိရှိပြီး မင်မင်ကတော့ 780 MB လောက်ထိ Highly Compressed လုပ်ပေးထားတယ်။ Game
အသစ်လည်း ဖြစ်သလို License ဘဲ Crack ထားတာကြောင့် Jets တွေကတော့ All Unlock
ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပိုက်ဆံတော့ လောက်မယ်ထင်ပါတယ်။
[ Review ]
Game က ဂျက် Engine Color တွေကစ အရောင်တောက်နေတော့ အရမ်းမိုက်တယ်လို့ပြောရမယ်။
တစ်ချို့ ဂျက်တွေဆိုရင် တောင်ပံနှစ်ခွတွေနဲ့ တော်တော်လန်းတယ်။ Color Mix တွေပါ
ပြင်လို့ရတော့ လုံးဝ စိတ်ကြိုက် Sci-Fi ဆန်တဲ့ ဂျက်တစ်ခုကို
ဖန်တီးလို့ရတယ်။
ဒါ့အပြင် Graphic ကစ အရင် Game တွေအတိုင်း Reflection တွေ Lighting တွေ
အတော်ကောင်းပြီး အကြိုက်ဆုံးကတော့ Atypical ရဲ့ လေယာဉ် Game တွေဟာ Map Detail မှာ
အပြည့်ဝဖန်တီးထားတယ်ဆိုတာပါ။ Game အများစုက လေယာဉ် Body မှာ ကြည့်ကောင်းသလောက်
မြေပြင် Map မှာ ဟင်းလင်းပြင် Image Texture တွေ ထားတာများတယ်။ ဒီ Atypical ရဲ့
Game တွေကတော့ သစ်ပင်တွေ၊ အဆောက်အဦးတွေ အသေးစိတ်ဖန်တီးထားရုံတင်မကဘဲ Damage
ကြောင့် သစ်ပင်တွေ လဲကျသွားတာတွေကစ Detail ပါတာပါ။
Control နဲ့ Target Aiming ကစ Easy ဖြစ်သလို ဒုံးကျည်သွားရာကိုလည်း Camera ကနေ
လိုက်ကြည့်လို့ရတယ်။ ပြောရရင် ထိန်းချုပ်ရတာ အရမ်း ပေါ့ပါးတာမျိုးပေါ့။
Explosion Smoke Effect တွေ ကြည့်ကောင်းသလို Physics ကစ Realistic
တအားကြီးမဖြစ်ပေမယ့် Mobile တွက် အကောင်းဆုံးထဲမှာ ပါတဲ့ Game ကောင်းတစ်ခုပါ။
Android version | 6 . 0 + |
Developer | Atypical Games |
Network | Offline/Online |
Price | R$19.99 |
App version | 1.0.0 |
Release date | 27.7.2021 |
Download Link
Type | Size | Link |
Playstore |
2 GB |
R$19.99 |
Mediafire
|
789 MB ( Apk+Obb )Zip |
Download |
Apple iOS |
2 GB |
4.99$ |
#HELLOYDB
Comments