War Sector
အသစ်ထွက်လာတဲ့ ဒီ Game က 5v5 Online Multiplayer
အမျိုးစားဖြစ်ပြီး Shooter သမားတွေတွက်တော့ Challenge ဖြစ်စေမယ်ဆိုတာ
သေချာပါတယ်။ Gameplay က Tower Capture ပုံစံနဲ့ ကစားရမှာဖြစ်ပြီး Classic 6
မျိုးထိ ရွေးချယ်လို့ရပါတယ်။ Character အနေနဲ့ 7 ယောက်ထိ ပါဝင်ပြီး အားလုံးကလည်း
Free ပါ။ ဒါ့အပြင် Gear အပိုတွေပါ ထပ်တပ်ဆင်လို့ရပြီး ပွဲတစ်ပွဲမှာလည်း Map
နှစ်မျိုးကို voting စနစ်နဲ့ ရွေးချယ်လို့ရအောင် ဖန်တီးပေးထားတာပါ။ Graphic ကတော့
size နဲ့မလိုက်အောင် Quality အတော်ကောင်းပြီး Reflection တွေ Map Detail တွေကစ
တော်တော် အားရစရာကောင်းတာပါ။ Squad ဖွဲ့ပြီးလည်း သူငယ်ချင်းတွေနဲ့အတူတူ
ကစားလို့ရတာကြောင့် ဆော့ပျော်စေမယ့် Game လေးဆိုတာ သေချာပါတယ်။ တစ်ခုတော့ ရှိတယ်
ဒီ Game က Bot တွေကစ လျှော့တွက်လို့မရဘူးနော်။
[ Review ]
Game က အထဲမှာ ထပ် Download လုပ်ရလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် မဟုတ်ခဲ့ပါဘူး။ SS
တွေကစ Size နဲ့မလိုက်အောင် Graphic ကောင်းလွန်းနေတော့ Fake လို့တောင်
ထင်နိုင်တယ်။ ဒီ Game ရဲ့ Graphic Option ပိုင်းမှာ Frame rate တင်မကဘဲ Graphic ,
Resolution ဒါ့အပြင့် 3D Scene Quality ထိပါ Customize လုပ်လို့ရတော့
တော်တော်မိုက်တယ် ပြောရမယ်။
ခက်တာက Game က Control လွယ်ပေမယ့် Gameplay က Hard ဖြစ်တယ်။ အသစ်မလို့ Bug
တွေပါပေမယ့် Game က တော်တော် အထင်ကြီးစရာကောင်းတယ်။ Blood Effect တွေ Camera
Shake တွေကစ Vibration နဲ့အတူ ကစားသူကို တကယ်ဆွဲဆောင်တယ်။
Role တွေက အနီးစပ်ဆုံး Battle Field လိုမျိုး Assault , Sniper , Medic ဆိုပြီး
အမျိုးမျိုးပါပါတယ်။ Role တစ်ခုစီတိုင်းမှာ သက်ဆိုင်ရာ လက်နက်တွေတင်မကဘဲ Ability
ကစ တူကြတာမဟုတ်တော့ Battle Ground မှာ လူညီနေမှ ဖြစ်မယ်။ မင်မင် အမြင်ထဲတော့ ဒီ
Game က Battle prime လိုလာတာဘဲ။ Camera view တော့ကွာပေမယ့် Graphic Engine ,
Upgrade စနစ်တွေကစ ဆင်တူတယ်။ Rating လည်း ကောင်းသလို လူကြိုက်များမယ်လို့
မြင်မိတယ်။
Android version | 6 . 0 + |
Developer | Nordcurrent |
Network | Online |
Price | Free |
App version | 0.1.1(22) |
Release date | 13.7.2021 |
Download Link
Type | Size | Link |
Playstore |
158 MB |
Download |
Apkcombo
|
153 MB ( Apk Only ) |
Download |
Apple iOS |
--- |
Coming Soon |
#HELLOYDB
Comments