Behind The Frame

            ဒီတစ်ခါ အသစ်ထွက်လာတဲ့ Indie Game လေးက ဒီလ ရဲ့ အကောင်းဆုံးနဲ့ ဆော့ကြည့် အသင့်ဆုံး Game ကောင်းလေးတစ်ခုဖြစ်ပြီး PC ကော Mobile မှာပါ တန်းတူထွက်လာတဲ့ Paid Game ကောင်းတစ်ခုပါ။ Playstore မှာ R$ 27.90 နဲ့ ရောင်းချပြီး Rating 4.9 ထိရထားသလို ၊ iOS မှာလည်း 4.99$ နဲ့ ရောင်းချပြီး Rating 4.3 အထိ ရထားတဲ့ Rating အကောင်းဆုံး Game တစ်ခုပါ။ တကယ်ကို Emotional ဆန်တဲ့ Relaxing Story Game လေးဖြစ်တာကြောင့် အရမ်းအရမ်းကို ခံစားရလွယ်စေမှာ သေချာပါတယ်။ မျက်ရည်‌တော့မကျမိစေနဲ့နော်။ 
            ဒီ Game မှာဆိုရင် ပန်းချီဆရာမလေး တစ်ယောက်နေရာကနေ ကစားပေးရမှာဖြစ်ပြီး သူမရဲ့ ရည်မှန်းချက်နဲ့အတူ ဝါသနာပါတဲ့ ဆေးခြယ်တဲ့အလုပ်ကို ကိုယ်တိုင်ဝင်ရောက် ခံစားရမှာပါ။ အဲဒီမှာ သူမနေတဲ့ မျက်နှာချင်းဆိုင် တိုက်ခန်းက အဘိုးအိုတစ်ဦးဟာလည်း သူမလိုဘဲ ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ထူးဆန်းတာက သူမ လှမ်းခေါ်တိုင်းလည်း မကြားသလို၊ သူ ဆွဲထားတဲ့ ပန်းချီကားတိုင်းဟာလည်း သူမဆီမှာ အနည်းငယ်လိုနေတာကလွဲလို့ အကုန် ဆင်တူဖြစ်‌နေတာပါ။ တစ်နေ့တစ်ခြား ပန်းချီကားတိုင်းဟာ လျှိုဝှက်ချက်တွေပြည့်နေခဲ့ပြီး ရလာတဲ့ သဲလွန်စတွေနဲ့အတူ ဒီ ဇာတ်လမ်းက တဖြည်းဖြည်း နက်နဲလာတဲ့အချိန်မှာတော့ ဒီပြုတင်းပေါက်လေးရဲ့နောက်ကွယ်မှာ သူမ မေ့သွားခဲ့တဲ့ တစ်စုံတစ်ရာရှိနေခဲ့ပါတယ်။ တစ်ချို့အရာတွေက စာရွက်ပေါ်က စကားလုံးတွေထက်၊ ပန်းချီကားတစ်ချက်ပေါ်က ပုံရိပ်တွေက ထောင်ပေါင်းများစွာသော စကားတွေကို ပြောနိုင်တယ်ဆိုတာ သင်ကိုယ်တိုင် ဒီ Game လေးမှာ နားလည်လာမှာပါ။
[ Review ]

Game ပုံစံက Unique ဖြစ်ပြီး Anime Cutscene တွေထည့်ပေးထားရုံတင်မကဘဲ AR တွက် 360° လှည့်နိုင်တဲ့ Gyroscope ပါ Mobile တွက် ထည့်ပေးထားတာပါ။ ပြောခြင်တာက ပန်းချီဆရာမလေးရဲ့ မြင်ကွင်းကို တကယ် ကိုယ်ကိုတိုင်ရောက်နေသလိုထိ ခံစားရလိမ့်မယ်။ Painting နဲ့ ပတ်သတ်တဲ့ Puzzle တွေမလို့ ပဟေဠိတွေက Color ဆန်ပြီး တစ်ခါလေ လွယ်လွယ်လေးနဲ့ လွဲသွားတာမျိုးတွေ ကြုံရမှာပါ။ 
Background Song တွေကစ အရမ်းကောင်းပြီး ဇာတ်သိမ်းမှာ ပါလာတဲ့ Music လေးဆိုရင် အရမ်းထိတယ်။ Game က လုံးဝကို Relaxing ပုံစံ ဖန်တီးထားပြီး Normal Life တစ်ခုရဲ့ အေးချမ်းတဲ့ ဘဝကို တွေ့ရမှာပါ။ အထူးသဖြင့် မိုးတွေရွာနေတဲ့ Scene တွေဆိုရင် ရင်ထဲထိ တကယ် သဘောကျတယ်။ ပုံမှန်ဆိုရင် မင်မင်ရဲ့ အကျင့်က Review မှာ Spoiler လုပ်တတ်ပေမယ့် ဒီတစ်ခုကိုတော့ မလုပ်ပေးတော့ဘူး။ ဘာလို့ဆို မင်မင်ကိုယ်တိုင်ကိုက နောက်ဆုံး Chapter မှာဆိုရင် ခေါင်းထဲမှာ အတွေးတွေ အများကြီးဝင်လာတာ‌ကြောင့်ပါ။ 
ဖန်တီးထားတဲ့ Scene တွေကစ တကယ်ကို ရင်ထဲထိ ခဏတာ လစ်ဟာသွားစေပြီး ဒိန်းကနဲ့ နောက်ဆုံးမှာ ချပြလိုက်တဲ့ Scene ကြောင့် မျက်ရည်တွေပါ ဝဲတက်လာခဲ့တာပါ။ အဲချိန်မှာ Game တစ်ခုလုံးရဲ့ သရုပ်မှန်ဟာ ဘာကြောင့်ဆိုတာကို ရုပ်လုံးပေါ်လာခဲ့ပြီး အချစ်ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းတစ်ခုကိုတော့ မင်မင်ရဲ့ ရင်မှာ စွဲသွားစေခဲ့တာ အမှန်ဘဲ။ နှလုံးမာပါတယ်ဆိုတဲ့သူတောင် မျက်နှာပျက်မိသွားမှာသေချာတယ်။ ရင်ထဲထိ ခံစားရပေမယ့် တကယ်ကို ရသမြောက်တဲ့ Game တစ်ခုမလို့ မင်မင်ကတော့ ဆော့ကြည့်စေခြင်တာ အမှန်ဘဲ။ ပြီးရင် ဘယ်လို ခံစားရလဲ လာပြောကြည့်ပေါ့။ 

Game Information

Android version 6 . 0 +
Developer Akupara Games
Network Offline
Price 4.99 $
App version 1.0.3
Release date 19.8.2021

Download Link

Type Size Link

Playstore

480 MB

R$ 27.90

Mediafire

 

430 MB

( Apk+Obb )Zip

Download

Apple iOS

2 GB

4.99 $
 

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES