BestLuck

          Mobile Player တွေတွက် ဆော့ကို ဆော့ကြည့်သင့်တဲ့ Game ကောင်းလေးတစ်ခုလို့ ညီမကတော့ အကြံပေးတယ်။ တစ်ခါတလေ ညီမတို့ မက်နေတဲ့ အိမ်မက်‌တွေထဲမှာ တစ်ခါမှ မမြင်ဖူးတဲ့ တစ်စုံတစ်ယောက်‌ကို တွေ့ဖူးကြမှာပါ ။ တကယ်လို့များ အဲဒီတစ်စုံတစ်ယောက်ကို အပြင်မှာ အမှတ်မထင် စုံခဲ့မိရင်ကော သင်တို့ရဲ့ ရင်ထဲမှာ ဘယ်လိုခံစားရမလဲ ? မသိသလိုနေမလား ? အမှန်တိုင်း ပြောမလား ?

            အဲလိုဘဲ ဒီ Game ထဲက ကောင်လေးကလည်း အိမ်မက်ထဲမှာ သူတစ်ခါမှ မမြင်ဖူးတဲ့ ကောင်မလေးတစ်ယောက်ကို အမြဲတွေ့နေရပြီး သူမ ခေါ်သွားတဲ့နေရာကို လိုက်သွားတိုင်း ထူးဆန်းတဲ့ ပုံရိပ်တွေနဲ့ နောက်ထပ်ကောင်မလေးတစ်ယောက်ကိုပါ အမှတ်မထင် တွေ့တွေ့နေရတာပါ။ သူမ က ဘယ်သူဘယ်ဝါဆိုတာထက် ဘာလို့ သူ့ကိုမှ ရွေးချယ်ရလဲဆိုတာ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ အတိတ်ရေစက်ကြောင့်လား ? ဖူးစာရှင်လား ? ဒါမှမဟုတ် ရှေ့ဖြစ်ကို ကြိုမြင်နေရတဲ့ သူလားဆိုတာကိုတော့ ဒီ ထူးဆန်းတဲ့ Game လေးထဲမှာတင် ‌ကိုယ်တိုင် အဖြေရှာကြည့်လိုက်တော့နော်။ Puzzle လုပ်ထားတာလေးတွေက တကယ်ဆော့ကောင်းတယ်။

[ Review ]

ဒါက ညီမရဲ့ ဒုတိယ Game Review ပေါ့။ ဒီ Game နဲ့ ပတ်သတ်ပြီး Admin နဲ့တောင် စကားနိုင်လုလိုက်ရသေးတယ်။ ပြီးတော့ သူရေးထားတဲ့ အညွှန်းက ဆိုင်လည်း မဆိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဒီအချိန်မှာဘဲ အခု Game ကို Admin က တင်ပေးခဲ့တာဖြစ်ပြီး ညီမကတော့ Repost အနေနဲ့ ပြန်တင်ပေးတာပါ။ နောက်ပြီး တကယ်ဆော့ကောင်းတာမလို့ Game ညွှန်ပေးတဲ့ မင်မင်ကိုလည်း ကျေးဇူးတင်တယ်။ 

Game နဲ့ပတ်သတ်ပြီး ဒါပထမဆုံး ညီမတွက် ခံစားရတာပါ။ အစက ဘာမှန်းမသိ ရုတ်တရက် ပေါ်လိုက်ပျောက်လိုက်ဆိုတော့ သရဲ Game လို့တောင် ထင်နေတာ။ နောက်ကျမှ ဝမ်းနည်း ၊ ဝမ်းသာ ဖြစ်ရုံတင်မဟုတ်ဘူး ဇာတ်သိမ်းပိုင်းကြောင့် Shock ပါရတယ် ။ မင်မင်က ဒီ Game မှာ Ending တစ်ခုဘဲ ပါတယ်လို့ ပြောပေမယ့် ညီမက နောက်ထပ် Ending တစ်ခုကို ရှာတွေ့ခဲ့တာ။ အဲဒါကို မဖြစ်နိုင်ဘူး ငြင်းနေလို့ သူတောင် ပြန်ရှင်းပြရသေးတယ်။ သူထင်တာက ဒီ Game မှာ ကောင်မလေး တစ်ယောက်ဘဲ ပါတယ်ထင်တာ။ တကယ်က နှစ်ယောက်ရှိတာ။ သူ့ကို လမ်းညွှန်ပေးတဲ့ အနီရောင် ကောင်မလေးက တစ်ယောက်။ Puzzle ပြီးတိုင်း တံခါးနောက်က ပေါ်ပေါ်လာတဲ့ ကောင်မလေးက တစ်ယောက်။ 
ပထမ ဇာတ်သိမ်းမှာ တံခါးနောက်က ပေါ်ပေါ်လာတဲ့ အဝါရောင်ကောင်မလေးနဲ့ စုံတဲ့ Ending ဖြစ်သွား‌တော့ အနီရောင်ကောင်မလေးကို‌တောင် Spirit လို့ထင်‌နေတာ။ ဘာလို့ဆို သူ့ကောင်လေးကလည်း accident ကြောင့် ဆုံးသွားတော့ သူ့ကိုယ်သူ Suicide လုပ်ပြီး Spirit ဘဝ နဲ့ အိမ်မက်ထဲမှာ လာတွေ့တယ်လို့ တွေးခဲ့မိတာ။ နောက်ဆုံး ဒုတိယ Ending ကြမှ အဲအနီရောင် ကောင်မလေးနဲ့ အပြင်မှ ရုတ်တရက် စုံမိကြတော့ ညီမတောင် Shock ဖြစ်သွားတာ။ အဲမှာ နှစ်ယောက်သားက တစ်ယောက်နဲ့ တစ်ယောက် သိနေသလို ဖြစ်နေတော့ ဇာတ်လမ်းက အရမ်း တွေးစရာကောင်းတယ်။ အဝါရောင်ကောင်မလေးကလည်း ညီမတွက် အခုထိ Mystery ဖြစ်နေတုန်းဘဲ။ 

ဒီတော့ အခု Game လေး ဆော့ပြီးရင် ကိုယ့်ရဲ့ ထင်မြင်ချက်လေးတွေကို ညီမကို ပြောပြပေးနော်။ အခု ဇာတ်လမ်းက ညီမတွက် ‌စဉ်းစားရခက်နေတာမလို့ ။ 

Game Information

Android version 6 . 0 +
Developer Jae H Yoo
Network Offline
Price Free
App version 1.026
Release date 2018

Download Link

Type Size Link

Playstore

---

Coming Soon

Mediafire

 

141 MB

( Apk+Obb )Zip

Download

Apple iOS

---

Coming Soon
 

#HELLOYDB



Comments

လူကြည့်အများဆုံး GAMES