Crazy Rich Girls ( Early Access )

          ဒီတစ်ခါ အသစ်ထွက်လာတဲ့ Fashion Game လေးကတော့ Title နဲ့ လိုက်အောင်ကို Rich Girl နေရာကနေ ကစားရမှာပါ။ နိုင်ငံတိုင်းရဲ့ Luxury အဝတ်စားတွေကို ရူးခါသွားအောင်ထိ Shopping လုပ်ရမှာမလို့ အရမ်းမိုက်တဲ့ Game လေးလို့ ပြောလို့ရတယ် ။ Game က Country တစ်ခုရောက်တိုင်း သတ်မှတ်ထားတဲ့ Fashion Rating ပြည့်အောင် အဝတ်စားတွေကို ဝယ်ဝတ်ရမှာဖြစ်ပြီး တစ်ခြားသူတွေနဲ့ပါ Fashion Competition လုပ်ရမှာပါ။ Luxury အဝတ်စားတွေ ဝယ်ဝတ်ဖို့တွက် ဒီ Game ရဲ့ အဓိက Income က Spin လှည့်တာ ဖြစ်ပြီး Energy က အရေးပါတယ်လို့ ပြောလို့ရတယ်။ Pay To Win လို့ ပြောဖို့ရာ ခက်ပြီး In Game ရဲ့ Money အကုန် Gacha Heart ကစ Event တွေ Quest တွေကနေ အကုန် ရှာလို့ရတယ် ။ သူငယ်ချင်းတွေနဲ့လည်း Fashion ပြိုင်လို့ရတာကြောင့် အရမ်းသဘောကျစေမယ့် Fashion Game ကောင်းလေးတစ်ခုပါ။ 

▶️ In Game ကြရင် 83 MB လောက် ထပ် Download လုပ်မှာဖြစ်ပြီး Login in အနေနဲ့ Facebook နဲ့ Guest Accounts တွေသာ သုံးလို့ရမှာပါ။
[ Review ]

ဒီ Game ကို အစက ပျင်းစရာကောင်းတယ် ထင်ခဲ့တာ။ ဘာလို့ဆို ပုံစံက ပိုက်ဆံမသုံးရင် အရေးမပါသလိုမျိုးပေါ့။ ဒါပေမယ့် Admin ဆော့ကြည့်ရသလောက်တော့ တော်တော်ဆွဲတယ်။ ဘာမှသာမဟုတ်တာ ဒီ Game ကို 6 နာရီနီးပါးထိ အချိန်ကုန်ခဲ့တာ။ အကြောင်းကတော့ Spin ကြောင့် ဖြစ်ပြီး Luxury Girl ဆိုတဲ့တိုင်း ပိုက်ဆံမှန်သမျှက အဲဒီ Spin ကနေဘဲ ကံစမ်းရသလိုဖြစ်နေတာ။ Gacha မှာ သုံးတဲ့ Heart item တွေကစ Spin မှာ ကိုယ် ကံစမ်းရင် စမ်းသလောက် 5× , 10× ထိရတယ်။ Gacha ကနေ 10 Draw နှိုက်ရင် S Rank ထိ သေချာပေါက်ရတယ်။ Energy ကလည်း Time နဲ့ Fill တာကြောင့် အချိန်ပေးရုံဘဲ။ VS Match တွေတောင် Spin ကနေဘဲ ဆော့ခွင့်ရတာ။ 
တကယ်လို့ Gacha ကရတဲ့ item တွေက နှစ်ခုဖြစ်နေရင်တောင် Decompose လုပ်ပြီး ပိုးခြည်တွေ ပြန်ထုတ်လို့ရတယ်။ ပြီးရင် ရလာတဲ့ ပိတ်စတွေကို compound လုပ်ပြီး Luxury Rank item တွေပါ ထပ် Create လုပ်လို့ရတာ။ 
Location တွေနဲ့ ပတ်သတ်ပြီး နိုင်ငံတိုင်းရဲ့ Popular အဖြစ်ဆုံး ဝတ်စုံတွေကို Rating အလိုက် ဝယ်ဝတ်ရမှာ။ ဝယ်ပြီးသားတွေက အလကားမဖြစ်သလို တစ်ခါတစ်လေကြရင် နိုင်ငံခြင်းမတူတာတောင် ကိုယ်ဝယ်ထားတဲ့ အဝတ်စားတွေ၊ Hair Style တွေက Hit ဖြစ်နေတတ်တယ်။ Full Dress နဲ့ Up Down Dress ကို competition တွေမှာ သေချာ တွက်ချက်ပြီး ပြိုင်သင့်တယ်။ ပြောခြင်တာက ဝတ်စုံအပြည့်ကပေးတဲ့ Rating နဲ့ အပေါ်အောက် စိတ်ကြိုက်ပြင်ဆင်ပြီး ရလာမယ့် Rating က တစ်ခါလေ မသိမသာ ကွာနေတတ်တယ်။ 
ဒီ Game နဲ့ ပတ်သတ်ပြီး Admin အမြင်ကတော့ မိုက်တယ်ပြောရမယ်။ Spin လှည့်တာနဲ့တင် အချိန်ဖြုန်းလို့ ကောင်းသလို Energy ကုန်သွားရင်တောင် နေ့တိုင်းဝင်ဆော့လို့ရနေတော့ အပျင်းပြေစေမှာသေချာတယ်။ တစ်နေ့ တစ်ခါဆိုရင်ကို Dress Item တော်တော်ရမှာ။ 

Game Information

Android version 5 . 1 +
Developer Prodigy Studios LLC
Network Online
Price Free
App version 1.0.11
Release date 18.8.2021

Download Link

Type Size Link

Playstore

145 MB

Download

Apkcombo

 

143 MB

( Apk Only )

Download

Apple iOS

---

Coming Soon

#HELLOYDB


Comments

လူကြည့်အများဆုံး GAMES