Evil Nun Maze
ဒီတစ်ခါ အသစ်ထွက်လာတဲ့ Horror Game လေးကတော့ Evil
Nun Universe ထဲက ဖြစ်ပြီး အရင်ကထွက်ထားတဲ့ 2 နဲ့ 1 ကြားက အချိန်ကာလတစ်ခုမှာ
တွေ့ရမှာပါ။ ဒီ Game မှာဆိုရင် သင်က William Bismarch နေရာကနေ
ကစားပေးရမှာဖြစ်ပြီး Sister Madeline ရဲ့ နတ်ဆိုးဝင်ပူးမှုကြောင့်
အသက်အန္တရာယ်ကလွတ်အောင် ကြိုးစားရမှာပါ။ အရင် Game တွေနဲ့ မတူဘဲ ဒီ Game မှာ
ထူးခြားတာက Maze ဆိုတဲ့ Title အတိုင်း Challenge ဖြစ်အောင်ထိ ခက်ခက်ခဲခဲနဲ့
နှလုံးခုန်မြန်အောင်ထိ ကစားရမှာပါ။ ဘာလို့ဆို နေရာက ကျဉ်းနေတော့ The Nun ကို
သင်ကိုယ်တိုင် စိန်ခေါ်ရဲပါ့မလား ?
[ Review ]
Game က ထင်ထားတာထက်ကို ပို Challenge ဖြစ်တယ်ပြောရမယ်။ Hotel Room တစ်ခုလို
အခန်းကျဉ်းတွေကို အထပ်တစ်ထပ်ပြီးတစ်ထပ် ကျော်ဖြတ်ရမှာဖြစ်ပြီး ဆိုးတာက Evil Nun က
အထပ်တိုင်းမှာ ရှိနေမှာပါ။ ဒီတော့ ပြန်ထွက်ဖို့ရာတွက် လိုအပ်တဲ့ ခလုပ်တွေကို
အစဉ်လိုက် လိုက်ရှာနိပ်ရမှာဖြစ်ပြီး Evil Nun ကိုပါ ကွေ့ပတ်ရှောင်ရမှာပါ။
သတိထားရမယ့် အချက်ကတော့ ဓာတ်ပုံတွေကို သွားမတိုက်မိစေနဲ့ပေါ့။ မဟုတ်ရင် အခန်းက
ကျဉ်းရထဲကြားထဲ လှည့်လိုက်တာနဲ့ အသေသတ်သွားမှာ။
သဘောကျစရာကောင်းတာက Upgrade Skill တွေပါပြီး ရလာတဲ့ Coin တွေနဲ့ ကိုယ့်ကိုကိုယ်
Improve လုပ်လို့ရပါတယ်။ Setting ရဲ့ Option ပိုင်းကစ အလင်းအမှောင်တွေအကုန်
ချိန်ပေးလို့ရပြီး လမ်းလျှောက်ရင် ယိမ်းသွားတဲ့ Camera view ကြောင့်
စိတ်လှုပ်ရှားစရာကောင်းမှာ အသေချာဘဲ။ တစ်ခုရှိတာက Game အသစ်မလို့ lag တာလေးတွေ
ရှိသေးတယ်။
| Android version | 4 . 4 + |
| Developer | Keplerians |
| Network | Offline |
| Price | Free |
| App version | 1.0.1 |
| Release date | 30.8.2021 |
Download Link
| Type | Size | Link |
|
Playstore |
103 MB |
Download |
|
Mediafire
|
103 MB ( Apk Only ) |
Download |
|
Apple iOS |
239 MB |
Download |
#HELLOYDB
Discussion
0
You
Loading comments...










