Louis The Game

          ဒီ Game က သာမန် သမရိုးကျ Game တစ်ခုမဟုတ်ဘဲ Luxury Brand တွေမှာ ကမ္ဘာကျော် နာမည်ကြီးတဲ့ LVMH ရဲ့ Louis Vuitton ( LV ) လို့ လူသိများတဲ့ fashion houses Company ကနေ ပထမဆုံး ထုတ်လိုက်တဲ့ Game တစ်ခုပါ။ အကြောင်းကတော့ သူတို့ရဲ့ Founder ကြီးဖြစ်တဲ့ Louis Vuitton ရဲ့ နှစ် 200 ပြည့်မွေးနေ့ကို Celebrate အနေနဲ့ ဒီ Game ကို ထုတ်ပေးလိုက်တာပါ။ Luxury Companies တွေက သူတို့ရဲ့ Prime medium target ဖြစ်တဲ့ young shoppers တွေကို connect လုပ်ခြင်တာဖြစ်ပြီး မနှစ်ကလည်း Video Game industry က Movies တွေထက်ကို $180 billions လောက် ပေါက်ခဲ့တာဆိုတော့ မျက်စိကျတာလဲ မစမ်းပါဘူး။ ဘာလို့ဆို ဒီ Game မှာက Louis Vuitton ရဲ့ ဖြတ်သန်းခဲ့တဲ့ History ခရီးတစ်လျှောက်ကို Birthday Candles တွေနဲ့ Iconic Moments တွေကို Postcard ပုံစံ Explore လုပ်ရမှာဆိုတော့ စိတ်ဝင်စားစရာတော့ ကောင်းတယ်။ နောက်ပြီး Achievement နဲ့ Golden Postcard တွေပါ ထည့်ပေးထားတာ။

             ဒီ Game မှာဆိုရင် ဖက်ရှင်ဒီဇိုင်နာကြီး Vivienne နေရာကနေ Adventure လုပ်ရမယ့် ပုံစံမျိုးဖြစ်ပြီး Character ဒီဇိုင်းတွေကစ Louis Vuitton ရဲ့ iconic flower monogram ကိုဘဲ ဖန်တီးပေးထားတာပါ။ Paris, London, Beijing, Tokyo နဲ့ New York တို့လို မြို့ကြီးတွေကို Inspired လုပ်ပေးထားတဲ့ စိတ်ကူးယဉ် မြို့ကြီးတွေမှာ ဆော့ရမှာဆိုတော့ ဆိုးတော့မဆိုးဘူး ပြောရမယ်။ Puzzle တွေ Adventure တွေ လုပ်ရမယ့် Gameplay မျိုးဆိုပေမယ့် Louis Vuitton ရဲ့အကြောင်းကို ပိုသိအောင်လို့ ထုတ်ပေးတဲ့ Game မျိုးလို့‌ ပြောလို့ရတယ် ။ Luxury Brand တွေထုတ်တဲ့ LV ရဲ့ French Fashion House ကိုလည်း လုံးဝ အထင်သေးလို့မရဘူ။ ဘာလို့ဆို‌ သူတို့ Fashion Design တွေက Game အချို့တွေမှာပါ ကိုယ်တိုင် ထုတ်ပေးထားကြတာပါ။ အထူးသဖြင့် League Of Legends ရဲ့ Champion တစ်ဦးဖြစ်တဲ့ Qiyana ရဲ့ Louis Vuitton Skin က သက်သေပါဘဲ။ မြင်သာအောင်ပြောရရင် True Damage ရဲ့ MTV မှာ သူတို့ရဲ့ ဒီဇိုင်း Outfit နဲ့ ချပြခဲ့တာပါ။ 
[ Review ]

Game ရဲ့ နောက်ကြောင်းကလည်း Luxury ဆန်သလို ဒီ Game ကို ဆော့နိုင်မယ့် ဖုန်းကလည်း Low တွေ Medium တွေတောင် သွားထိလို့မရဘူး။ Optimize မဖြစ်တာကြောင့် High Phone တွေတောင် fps drop တဲ့ issues တွေကြုံနေရတာပါ။ Game နယ်ပယ်ကို အခုမှ ရောက်လာတော့ လက်ခံလို့ရပေမယ့် မင်မင်ကတော့ သိပ်သဘောမကျဘူး။ Graphic ကော Gameplay ကစ Sky နဲ့ ခပ်ဆင်ဆင်မလို့ သဘောကျပေမယ့် Control က သိပ် Fix မဖြစ်ဘူး။ Heat တက်မှာကတော့ မပူနဲ့။ အဲတော့ ဖုန်းတိုင်းနဲ့ သိပ်အဆင်‌ပြေမှာမဟုတ်တာကြောင့် မင်မင်ကတော့ ဆော့ကြည့်ဖို့ရာ သိပ်အကြံမပေးဘူး။ Game က CPU ထက် GPU ကို ပိုစားတာကြောင့် မနိုင်တဲ့ဖုန်းတွေဆိုရင် Graphic error တွေကြုံရတတ်တယ်။

Game Information

Android version 5 . 1 +
Developer Louis Vuitton Mallerier
Network Offline
Price Free
App version 1.0
Release date 3.8.2021

Download Link

Type Size Link

Playstore

1 GB

Download

Apkplz

 

1 GB

( SAI )

Download

Apple iOS

1 GB

Download
 

#HELLOYDB


Comments

လူကြည့်အများဆုံး GAMES