MARVEL Future Revolution Global

          ဒီနေ့ အားလုံးစိတ်ဝင်စားနေကြတဲ့ Netmarble ရဲ့ Marvel Future Revolution Game ဟာ Global Release အနေနဲ့ China နဲ့ Vietnam ကလွဲပြီး Official ထွက်ရှိလာပါပြီ။ Mobile အတွက် MARVEL ရဲ့ ပထမဆုံးသော Open-World RPG Game တစ်ခုဖြစ်ပြီး MARVEL ရဲ့ Comics Write တစ်ဦးဖြစ်တဲ့ Marc Sumerak ကိုယ်တိုင် တည်ဆောက်ထားတဲ့ Multiverse ဇာတ်အိမ်ကို မြင်တွေ့ရမှာမလို့ Fan တွေတွက် အကြိုက်တွေ့စေမှာ သေချာပါတယ်။
             ကမ္ဘာနှစ်ခု ဝင်တိုက်တော့မယ့် အခြေနေမှာ M.O.D.O.K တွေက ပြဿနာကို ဖြေရှင်းဖို့တွက် Bomb ကို အသုံးပြုဖို့ရာ ကြံခဲ့ပြီး ကမ္ဘာနှစ်ခုထဲက တစ်ခုကို လုံးဝဖျက်ဆီးပစ်ဖို့ထိ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် Heores တွေက လက်မခံဘဲ Hank ရဲ့ အစီစဉ်ဖြစ်တဲ့ Convergence Engine ကို အသုံးပြုပြီး ကမ္ဘာနှစ်ခုပေါင်းစပ်ဖို့ရာ ကြိုစားခဲ့ကြပေမယ့် အစီစဉ်ဟာ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ Convergium Particles ရဲ့ Frequency Wave အတက်ကျကြောင့် အခြေနေတွေဟာ ပိုဆိုးလာခဲ့ပြီး နောက်ဆုံး Hopeless ဖြစ်တော့မယ့်အချိန်ကြမှ Vision ဟာ သူ့ရဲ့ Body ကို sacrifice လုပ်ပြီး Convergence Engine နဲ့အတူ ကမ္ဘာနှစ်ခုလုံးကို ထိန်းညှိခဲ့တာပါ။
             အကျိုးဆက်ကတော့ Primary Earth အနေနဲ့ ကမ္ဘာသစ်ပေါ်ပေါက်လာခဲ့ပြီး ဆိုးတာက တခြား Multiverse တွေမှာပါ အခုလို အဖြစ်မျိုးတွေ ဖြစ်လာနိုင်တာကြောင့် အပြိုင်ကမ္ဘာက Heroes တွေကိုပါ အကုန်ခေါ်ခဲ့တာပါ။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ရာတင်မကဘဲ ပေါင်းစည်းသွားတဲ့ Villain တွေရဲ့ Empire ကြီးကိုပါ ထိန်းချုပ်ဖို့တွက် Earth Last Defence Force အနေနဲ့ Omega Flight ကို တည်ထောင်ပြီး အဲထဲက တစ်ယောက်အနေနဲ့ သင်ကိုယ်တိုင် ဒီ Game မှာ ကစားရမှာပါ။ အရမ်းအရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်အိမ်မျိုးကို တွေ့ရမှာမလို့ Marvel Fan တွေတွက် လက်မလွတ်သင့်တာ အမှန်ဘဲ။ 

            ဒီ Game မှာဆိုရင် Character အနေနဲ့ နာမည်ကြီး Heroes 6 ယောက်ပါဝင်မှာဖြစ်ပြီး သဘောကျစေမှာကတော့ Own Intro တင်မကဘဲ Costume Customization ပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခွင့်ရတာကြောင့် အရမ်းမိုက်တာပါ။ Region တွေအနေနဲ့ နယ်မြေ 6 ခုထိ ပါဝင်မှာဖြစ်ပြီး New Stark City တို့လို မြို့ကြီးတွေပါ မြင်တွေ့ရမှာဖြစ်တာကြောင့် အကြိုက်တွေ့စေမှာ သေချာတယ်။ ဒါ့အပြင် Thanos တို့လို အထင်ကရ Boss တွေတင်မကဘဲ Thor တို့ ၊ Deadpool တို့လို NPC Character တွေပါ Main Story တစ်လျှောက်ပါဝင်အုံးမှာဖြစ်တာကြောင့် MARVEL Fan တွေတွက် စိတ်လှုပ်ရှားစရာတွေအများကြီးပါ။ Game Mode တွေမှာလည်း Blitz , Special Operation , Raid , Omega War နဲ့ Dimensional Duel တွေပါ အစုံထည့်ပေးထားတာကြောင့် သူငယ်ချင်းတွေနဲ့ အတူ ပျော်စရာကောင်းမှာ သေချာပါတယ်။ 

⚠️ Game Size က 1.5 GB ရှိပေမယ့် In Game ကြရင် အတိကျအနေနဲ့ 4.34 GB ထပ် Download လုပ်ရပါမယ်။ Total Sizes အနေနဲ့ 6 GB ရှိတာကြောင့် Storage များများလွတ်ဖို့ လိုမယ်နော်။
[ Review ]

Package တွေ ဈေးကြီးနေတုန်း အခုလို Game တင်ရတာကို အားနာမိပေမယ့် Marvel Fan အမာခံတွေဆိုရင်တော့ ဒီတစ် Game နဲ့တင် လုံလောက်ပြီလို့ အကြံပေးတယ်။ Auto Quest ပါလို့ ပျင်းစရာကောင်းတယ်ထင်ရ‌‌ပေမယ့် Boss Fight တွေမှာတော့ Game System ကိုက Manual Control နဲ့ ဆော့ဖို့ရာ အကြံပေးထားတာပါ။ Story နဲ့ Graphic ကြောင့်သဘောကျရုံတင်မကဘဲ Marvel Fan တွေရဲ့ အလိုခြင်ဆုံး ဆန္ဒတစ်ခုဖြစ်တဲ့ ကိုယ့်ရဲ့ Favorite Hero ကို စိတ်ကြိုက် Customize လုပ်ခွင့်ပေးထားတာကြောင့် မင်မင်ကတော့ သဘောကျတယ်။ Mobile Game တွေမှာ Auto Quest ပါတာ အဆန်းမဟုတ်ပေမယ့် အချိန်ကုန်သက်သာတာတော့ အမှန်ဘဲ။ 
အရင် ဆော့ခဲ့ဖူးတဲ့ အနေထားအရ ဒီ Game မှာ အကြမ်းဆုံးကတော့ Black Widow လို့ မြင်မိတယ်။ Physical ကော Range ကော သုံးလို့ရပြီး PvE နဲ့ PvP တွေမှာပါ အသင့်တော်ဆုံးဖြစ်မှာပါ။ Level အတက်မြန်ခြင်ရင်တော့ Storm ထက် Doctor Strange က ပိုကောင်းတယ်။ ကျန်တာတွေကလည်း သူဟာနဲ့သူ အဆင်ပြေပေမယ့် အခု မင်မင်ယူထားတဲ့ Captain Marvel ကတော့ Late Damage အတော်ပေးတယ် ပြောရမယ်။ အခု Global Launch မှာ Optimize အတော်အဆင်ပြေပြီး Lag တာတွေ၊ ဖုန်းပူတာတွေကစ တော်တော်လျော့သွားတယ်။ Action ဆန်ဆန်ဆော့ခြင်ရင်တော့ Camera 1 ရဲ့ Close view က အဆင်ပြေပြီး Skill Effect တွေ လှလှပပ ကြည့်ခြင်ရင်တော့ Camera 3 က အကောင်းဆုံးပါ။ 
Pre-register လုပ်ထားတဲ့ သူတွေတွက် Gifts တွေ ရမှာဖြစ်သလို Event တွေ၊ Side Quest တွေကနေလည်း Outfit တွေ တခြား Material Items တွေကစ ရမှာပါ။ တခြားသော Feature တွေ အများကြီးပါသေးပေမယ့် ဆော့ရင်းနဲ့ နားလည်လာမှာ ဖြစ်ပြီး Guide Page တွေ Group တွေလည်း ပေါ်လာအုံးမယ်လို့ ထင်ပါတယ်။ 

အခု ဒီထိ ဖတ်‌ပေးတဲ့သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ Coupon Codes လေးတွေ ယူသွားအုန်းနော်။ 

- GAMESPOTMFR
- MFRLIVE
- LAUNCH825

Account Setting ထဲက Coupon ထဲကို ဝင်ပြီး Omega Flight Event ထဲမှာ ဝင်ယူရုံဘဲ။ ကျန်းမာရေး ဂရုစိုက်ကြပါ။ 

Game Information

Android version 6 . 0 +
Developer Netmarbles Games
Network Online
Price Free
App version 1.1.5
Release date 25.8.2021

Download Link

Type Size Link

Playstore

1.5 GB

Download

Apkpure

 

1.5 GB

Apk Only

Coming Soon

Apple iOS

1.7 GB

Download
 
#HELLOYDB



Comments

လူကြည့်အများဆုံး GAMES