MIR 4 Global

            မနေ့ကမှ Global Launch လုပ်ခဲ့တာဖြစ်ပြီး B&S 2 နဲ့ တိုက်နေတာကြောင့် တင်ဖို့ရာ နောက်ကျသွားတာပါ။ အရင် Korea version တုန်းကလည်း Review ရေးထားပြီးသားမလို့ အခု Global version မှာ အထင်ကရအပိုင်းလေးတွေဘဲ ပြောပြပေးသွားတော့မယ်။ Game က MMORPG အမျိုးစားဖြစ်ပြီး Korea ရာဇဝင်ကို ဇာတ်အိမ်တည်ထားတာကြောင့် Storyline ကြိုက်တဲ့သူတွေတွက် Cutscene တွေနဲ့တင် စိတ်ဝင်စားစရာပါ။ ဒါ့အပြင် Unreal Engine ကို အသုံးပြုထားတဲ့ Graphic ကြောင့်လည်း ကစားသူကို ပိုမိုဆွဲဆောင်ထားပြီး Optimize ကောင်းကောင်းလုပ်ပေးထားတာကြောင့် သာမန်ဖုန်းတွေကစ Smooth ဖြစ်တဲ့ထိ ကစားနိုင်မှာပါ။ 
            Korea version မှာကတည်းက လည်ထွက်နေတဲ့ ဇာတ်အိမ်က အခု Global version မှာလည်း ဇာတ်အိမ်ဝှက်ထားတာ များတယ်လို့ ပြောရမယ်။ အစပိုင်းကတည်းက Complex ဖြစ်အောင်ပြထားပြီး သေချာ ဇာတ်ရည်လည်စေခြင်ရင်တော့ အချိန်တော်တော်ပေးဆော့ရမှာပါ။ ဒီ ဇာတ်လမ်းတစ်ခုလုံးရဲ့ အဓိက Main က မင်းသမီးလေး Cheonpa ဖြစ်ပြီး သင်ကိုယ်တိုင်ကလည်း သူ့ကို ကာကွယ်ရင်းကနေ သုံးပွင့်ဆိုင် အရှုပ်တော်ပုံထဲ ဝင်တိုးရမှာပါ။ ဘာလို့ သုံးပွင့်စိုင်လို့ ပြောရလဲဆိုရင် အစပိုင်းမှာ မင်းသမီးကို ထောင်ကနေ ကယ်ထုတ်ခဲ့ပေမယ့် ရွာမှာရှိနေရင်းကနေ လုပ်ကြံသမားတွေကြောင့် ပြန်ပေးဆွဲတာ ခံခဲ့ရပါတယ်။ ပြန်ပေးသမားတွေဟာ မင်းသမီးကို ရလာခဲ့ပေမယ့် လမ်းမှာတင် Living Wraith ဆိုတဲ့ အမှောင်ထုရဲ့ အစေပါးတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သူတို့ကလည်း မင်းသမီးလေး Cheonpa ကိုဘဲ လိုခြင်နေကြတာပါ။
            ဘာလို့ဆိုတော့ မင်းသမီးက တိုင်းပြည်ရဲ့ ဘုရင့်သမီးဖြစ်တာကြောင့် ထိန်းမြှားနိုင်မယ့်သူက ဘုရင့်နေရာကို တရားဝင်ရမှာဖြစ်သလို ကံဆိုးခြင်တော့လည်း မင်းသမီးကိုယ်မှာကိုက Dark Magic အစိတ်ပိုင်း ဖြစ်တဲ့ အမှောင်ထုရဲ့ စွမ်းအင်အချို့ ရှိနေခဲ့တာပါ။ ဘုရင်နေရာတွက် လုခြင်တဲ့သူနဲ့ အမှောင်စွမ်းအင်ကို ပြန်လိုခြင်လို့ သတ်ခြင်တဲ့သူတွေကြားက တွန်းအားနှစ်ခုက ဒီ Game ကို ဆွဲဆောင်စေတာဖြစ်ပြီး ကြားထဲမှာလည်း မထင်ထားတဲ့ ဇာတ်အိမ်အပြောင်းလဲတွေကြောင့် သဘောကျ‌စေမှာ သေချာတယ်။ Spoiler မဖြစ်စေခြင်ပေမယ့် အစပိုင်းမှာ ထုတ်ပြထားတဲ့ Sangbaek ကိုယ်တိုင် မင်းသမီးကို Living Wraith တွေရှေ့မှာ ဓားနဲ့ထိုးလိုက်တဲ့ အဖြစ်ပျက်က တကယ်ကို စဉ်းစားစရာပါ။ ဘာလို့ဆို ကစားတဲ့သူကို စိတ်ရှုပ်သွားစေသလို ကြားထဲမှာ ထပ်ပေါ်လာတဲ့ NPC အချို့ကြောင့်လည်း ဒီ ဇာတ်အိမ်က တွေးစရာတွေ ဖြစ်ခဲ့တာပါ။ ဒီတော့ အားနွဲ့တယ်ထင်ရတဲ့ မင်းသမီးက ဒီ Game မှာ ဘယ်လောက်ထိ စွမ်းအားကြီး‌နေနိုင်မလဲဆိုတာ သိခြင်ရင် ကိုယ်တိုင်ဘဲ ဆော့ကြည့်တော့နော်။ 

⚠️⚠️⚠️

In Game ကြရင် 2.68 GB လောက် ထပ် Download လုပ်ရမှာဖြစ်ပြီး Total Size အနေနဲ့ 2.98 GB ဘဲရှိတာကြောင့် Size နည်းတဲ့ MMORPG Game ကောင်းတစ်ခုပါ။
[ Review ]

ဒီ Game မှာ ထူးခြားတဲ့ Feature တစ်ခု‌ကိုပြောရရင် နောက် September လ ထဲမှာတင် BLOCKCHAIN Technology နဲ့ပူးပေါင်းပြီး NFT တင်မကဘဲ ပထမဆုံး DRACO Coin ရဲ့ Exchange လုပ်နိုင်မယ့် စနစ်တွေပါ ပါလာတော့မှာပါ။ အသေးစိတ်ကိုတော့ ထွက်လာမှ သိရမှာဖြစ်ပြီး Information တွေကိုလည်း သူတို့ရဲ့ Official Website တွေမှာ လေ့လာလို့ရပါတယ်။ ပြောရရင် NFT စနစ်က ဟို Luxury Fashion Game ကတည်းက Mobile မှာ အသိများလာတယ်ထင်တယ်။ 
ဒီတော့ Game အကြောင်းကို ပြန်ပြောရရင် မင်မင်အနေနဲ့ကတော့ Character Customization ကို တော်တော်သဘောကျတယ်။ အထူးသဖြင့် သူတို့ Create လုပ်ပေးထားတဲ့ Face တွေပေါ့။ အရမ်း Sexy ကျသလို Dress ရဲ့ Color Recommend ပေးထားတာကစ Fashion ကျတယ်။ Class အနေနဲ့ Warrior , Sorcerer , Taoist နဲ့ Lancer ဆိုပြီး ရွေးချယ်နိုင်ပြီး Gender ကတော့ တစ်သတ်မှတ်ထဲ လာတာပါ။ Skill ကစ တော်တော်များများ ပါဝင်ပြီး Ultimate တွေပါ သုံးလို့ရသေးတာကြောင့် တစ်ယောက်ခြင်းစီရဲ့ Unique Ability ကိုပါ သဘောကျစေလိမ့်မယ်။ 
Gameplay ကတော့ Auto Quest ပါဝင်ပြီး ထူးထူးခြားခြား Target Setting တွေပါ များများစားစား ရွေးချယ်ခွင့်ပေးထားတာပါ။ ပြောရရင် Auto စနစ်ကို သေချာဖန်တီးထားတာမျိုးပေါ့။ Sky Walk တွေပါ လုပ်လို့ရပြီး Combat ပိုင်းတွေပါ မဆိုးဘူးလို့ ပြောလို့ရတဲ့ Game ပါ။ အထူးသဖြင့် MMORPG ဆိုတဲ့တိုင်း တခြားသူတွေရဲ့ Skill Effect တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်နေတာမျိူးပေါ့။ တကယ်တော့ MMORPG Game တွေက ဘယ်တော့မှ အထီးမကျန်ဘူး။ 
အများစု သိခြင်နေမယ့် အရေးကြီးဆုံးပိုင်းကတော့ P2W Game လား ဆိုတာပါ။ အစဉ်လာရဆိုရင်တော့ ဟုတ်တယ်လို့ ပြောရမှာဖြစ်ပြီး Premium item တွေကို Purchased လုပ်နိုင်ရုံနဲ့ ရမှာပါ။ ဒါကလည်း Competition နဲ့ မပတ်သတ်ရင် စိတ်ပူစရာလိုမှာမဟုတ်ဘဲ Story နဲ့ Side Quest တွေကရတဲ့ Raw Materials တွေနဲ့တင် ပိုက်ဆံမကုန်ဘဲ ဆော့ပျော်စေမှာပါ။ Free Loot တွေပါသလို Clan တွေကလည်း ဒီ Game ရဲ့ Fun ဖြစ်စေမယ့် အစိတ်ပိုင်းတစ်ခုပါဘဲ။ ဘာလို့ဆို Clan နဲ့ပတ်သတ်ပြီး စုပေါင်းလုပ်နိုင်မယ့် Gameplay Mode တွေ အများကြီးပါတာကြောင့် ပျော်စရာကောင်းမှာပါ။ ကိုယ်အချိန်ပေးရင် ပေးနိုင်သလောက် ကျေနပ်မှုရစေတယ်။ 
တခြား Feature တွေကတော့ Character Improvement ဖြစ်စေမယ့် Spirit လေးတွေ ပါမယ်။ နောက်ပြီး ကိုယ်ခံအားတွေပါ Upgrade လုပ်နိုင်မယ်။ ကြည့်ကောင်းတာတစ်ခုက Oriental Movement တွေပါ ထည့်ပေးထားတာပါ။ Low Graphic မှာတောင် ကြည့်ရအဆင်ပြေတာကြောင့် တော်တော်လေး ပြင်ဆင်ထားတဲ့ Game လို့လည်းပြောလို့ရတယ်။ အရင် CBT တုန်းက Text ကြီးတာတွေလည်း Fix ပြီးသွားပြီ။ တစ်ချို့ Dialog တွေမှာ သဘာဝမကျတဲ့ အပိုင်းလေးတွေပါပေမယ့်လည်း ဆော့ရတာ MOBILE Player တွေတွက် အကြိုက်တွေ့စေမှာပါ။

Game Information

Android version 5 . 0 +
Developer Wemade Co., Ltd
Network Online
Price Free
App version 0.270186
Release date 26.8.2021

Download Link

Type Size Link

Playstore

148 MB

Download

QooApp

 

148 MB

( Apk Only )

Download

Apple iOS

215 MB

Download
 
#HELLOYDB

Related Posts

  • The Academy          Puzzle Game တွေမှာ လူကြိုက်များတဲ့ Faraway Series ကိုထုတ်တဲ့ Developer တွေဟာ မနေကတင်ဘဲ Adventure Game သစ်ကို ဒီဇိုင်းသစ်နဲ့ Suprise လုပ်သွားပါတယ်။ Game က တခြား Puzzle တွေ… Read More
  • Gunner Shooting King             မကြာသေးခင်ကမှ ပွဲထွက်လာတဲ့ GAME လေးဖြစ်ပြီး လောလောဆယ်တော့ Test version ဘဲ ရှိသေးပါတယ်။ Game က Survival အမျိုးစားဖြစ်ပြီး Polygon Graphic နဲ့ Big Map ပုံစံလုပ်ပေးထားတာပ… Read More
  • Huntercraft         ဒီ GAME က အခုလောလောဆယ် Developer လက်အောက်မှာဘဲရှိသေးပြီး လက်ရှိ Test အရတော့ တကယ်ကို စွမ်းဆောင်ရည် ပြည့်ဝတဲ့ Game တစ်ခုပါ။ Size ကြည့်တော့သာ 30 MB တောင်မရှိပေမယ့် HDR Graphi… Read More
  • Grand Truck Simulator 2          ထွက်ထားတာ ၂ ရက်ကျော်ဘဲရှိသေးပြီး Truck Simulation သဘောကျတဲ့လူတွေတွက် အကြိုက်တွေ့စေမယ့် Game ပါ။ Game က Truck နဲ့ပတ်သတ်တာကို Detail လုပ်ပေးထားပြီး တကယ့် Truck မောင်းသလို ခ… Read More
  • Simple Sandbox 2         ဒီ Game က Sandbox အမျိုးစားဖြစ်ပြီး Creation လုပ်ခြင်တဲ့သူတွေတွက်တော့ အကြိုက်တွေ့စေမှာပါ။ ကိုယ်ပိုင် City တစ်ခုကို စိတ်ကြိုက်ဖန်တီးနိုင်ပြီး လိုအပ်တဲ့ Wall တွေ၊ Room တွေ၊ … Read More

Comments

လူကြည့်အများဆုံး GAMES