My Dog Puppy Game Pet Simulator

          Game အသစ်လေးဖြစ်ပြီး Puppy လေးတွေ မွေးချင်တဲ့သူတွေတွက် အကောင်းဆုံး Game လေးလို့ ညီမကတော့ အကြံပေးတယ် ။ Pet Simulation မလို့ Puppy လေးတွေကို ဘယ်လို ပြုစုပျိုးထောင်ရမလဲဆိုတာကစ သေချာလေ့ကျင့်ပေးရမယ့် Game ကောင်းလေး တစ်ခုပါ။ အစာကျွေးတာ၊ သန့်ရှင်းရေးလုပ်တာတွေတင်မကဘဲ ပန်းခြံတွေ၊ သူများအိမ်တွေကစ လည်လည်သွားလို့ရတဲ့ထိ အရမ်းမိုက်တာ။ သူငယ်ချင်းတွေကိုပါ အတူတူအိမ်ခေါ်ကစားလို့ရပြီး Clan တွေပါ ထောင်လို့ရတယ်။ 

            နောက်ပြီး ထူးခြားတာက သူများအိမ်တွေထိ ခွေးဆိုးလေးလုပ်လို့ရတာပါ။ ဘာလို့ဆို‌ Loot စနစ်လေးပါ ထည့်ပေးထားတာ။ လမ်းပေါ်လဲ သေးပန်းတာကစ ပါသေးတယ်။ Puppy လေးနဲ့ အတူတူကစားလို့ရမယ့် Game လေးတွေပါ များတာကြောင့် အားလုံးသဘောကျမယ်လို့ ညီမကတော့ ထင်တယ်။ အဝတ်စားတွေလည်း ဝတ်ပေးလို့ရသလို Home decoration တွေကစ ပြင်ဆင်လို့ရတယ်။ 
[ Review ]

ညီမရဲ့ တတိယမြောက် Review လေးဖြစ်ပြီး သိပ်တော့ အများကြီးပြောစရာမရှိပါဘူး။ Puppy ဒီဇိုင်းလေးတွေ သဘောကျတယ် နောက်ပြီး Graphic ကလည်း ကြည့်ကောင်းတယ်။ ‌Puppy လေးတွေနဲ့ ပတ်သတ်ပြီး အသေးစိတ်လုပ်ထားသလို ခြေကားယား ၊ လက်ကားယား အိပ်နေတာလေးတွေကိုက အူယားစရာကောင်းတယ်။ နောက်ပြီး Developer တွေကလည်း ဒီ Game လေးကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ပြီး သူ့ရဲ့ Puppy ဇာတ်လမ်းလေးကိုပါ Game Information မှာ ထည့်ရေးပေးထားတာဆိုတော့ အရမ်း ထူးခြားတဲ့ Game လေးတစ်ခုဖြစ်မှာပါ။

Game Information

Android version 6 . 0 +
Developer Boltrend Games
Network Online
Price Free
App version 1.2.2
Release date 27.7.2021

Download Link

Type Size Link

Playstore

137 MB

Download

---

 

---

( --- )

Coming Soon

Apple iOS

---

Coming Soon
 
#HELLOYDB


Comments

လူကြည့်အများဆုံး GAMES