The Last Adventurer

          အသစ်ထွက်လာတဲ့ ဒီ Game လေးက First Person Shooter အမျိုးစားဖြစ်ပြီး ဒီလရဲ့ Graphic အကောင်းဆုံး Game ထဲမှာ ပါပါတယ်။ Size နည်းနည်းလေးနဲ့ Graphic တအားရုန်းရပြီး Mobile မှာတော့ ဒီလို Environment မျိုး ရှားတယ် ပြောရမယ်။ နေရာတိုင်းမှာ သစ်ပင်ခြုံနွယ်တွေဖုံးနေပြီး Zombie Apocalypse နောက်ပိုင်း တိတ်ဆိတ်သွားတဲ့ မြို့ကြီးရဲ့ ဖြစ်တည်မှုကို ‌တွေ့မြင်ရမှာပါ။ လူသူမရှိတော့တဲ့ နေရာမှာ တစ်ယောက်တည်း စွန့်စားရမယ့် သင့်အတွက်‌ကော မျှော်လင့်ချက်ရှိပါအုံးမလား။ Survival Game တစ်ခုလို့ သင့်အနေနဲ့ ထင်ကောင်းထင်နိုင်ပေမယ့် အဲဒီထက်ပိုတဲ့ စိတ်အေးချမ်းစေမယ့် Game ကောင်းလေး တစ်ခုလို့ ပြောခြင်မိတယ်။ ဘာလို့ဆို Admin ကိုယ်တိုင် တကယ်ကို မထင်ထားလောက်အောင်ထိ ကိုယ်တိုင်ရောက်သွားသလို ခံစားခဲ့ရတာမလို့ပါ။ ပြောရရင် ဒီကမ္ဘာမှာ လူသားတွေ မရှိတော့တဲ့ အချိန် ကိုယ်တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့ရတဲ့ ခံစားမှုမျိုးပေါ့။
[ Review ]

ဒီ Game ကို သာမန် Game တစ်ခုလို့ အစက ထင်ခဲ့ပေမယ့် Graphic ကတော့ လုံးဝကို Mobile ရဲ့ Evolution တစ်ခုပါ။ မြေကွက်လပ်မများဘဲ လူသူမနေလို့ သစ်ပင်ကြီးတွေ ခြုံနွယ်တွေ ထူထပ်လာတဲ့ Environment ကို သေချာလေးဖန်တီးပေးထားတာ။ Detail နဲ့ပတ်သတ်ပြီး ကျည်ခွံထွက်တာတွေ၊ အပင်ယိမ်းတာတွေကစ အရမ်းမိုက်တယ်။ နောက်ပြီး လုံးဝမထင်ထားတဲ့ ဇာတ်လမ်းရဲ့ တစ်ခန်းဆက် ဆင်ကြီးတွေတောင် ပါလာသေးတယ်။ Game က Story ကို တစ်နေရာရောက်တိုင်း Note လေးတွေနဲ့ ခံစားချက်ကို ပြောပြထားတော့ Feel လို့ တအားကောင်းတယ်။ 
Zombie တွေကို သတ်တာက သတ်တာဆိုပေမယ့် အဲနောက်ပိုင်း ရောက်လာမယ့် Cinematic ဆန်တဲ့ အခန်းတွေက နားကြပ်နဲ့ဆိုရင် လုံးဝကို အအေးချမ်းဆုံးဘဲ။ မိုးပေါက်ကျတာလေးတွေ၊ စိုရွှဲ့နေတဲ့ မြေပြင်ကြီးတွေက တကယ်ကို စိတ်ထွက်ပေါက်ဘဲ။ ကုန်ကုန်ပြောရရင် Environment နဲ့တင် ကစားသူကို ညှိုယူသွားလိမ့်မယ်။ လုံးဝကို Mobile လို့ ထင်မှာမဟုတ်ဘူး။
ဒီတော့ Graphic က ကြမ်းသလို ဖုန်း Requirements ကလည်း တအားလိုတယ်။ GPU ကို ပိုစားတာမလို့ Environment ရဲ့ Detail က ဖုန်းပေါ်မူတည်ပြီး အသေးစိတ်ကွဲသွားနိုင်တယ်။ Graphic Option ဘယ်လောက်တင်တင် မရဘူး။ ဥပမာ Sun Reflection နဲ့ Water Detail တွေပေါ့။ ရေအောက်ထဲမှာလည်း ကျောက်စရစ်ခဲလေးတွေကစ အသေးစိတ်ပါသေးတာ။ Screen Effect လည်းပါသလို နောက်ခံ တီးလုံးလေး‌တွေကစ အေးချမ်းတယ် ။ ဆိုးတာက Enemy က တော်တော် Bad တယ်ပြောရမယ်။ အသတ်အဖြတ်က Action မဆန်ဘဲ Slow Zombie တွေမလို့ Challenge မဖြစ်ဘူး။ အဓိက ဒီ Game ကတော့ Graphic ကို ဦးစားပေးထားတာပါ။ သတိထားနော် ဖုန်းကတော့ မီးပူနဲ့ နင်လားငါလားဘဲ။ 

Game Information

Android version 4 . 4 +
Developer DormRoom
Network Offline
Price Free
App version 1.0
Release date 8.8.2021

Download Link

Type Size Link

Playstore

237 MB

Coming Soon

Mediafire

 

237 MB

( Apk+Obb )Zip

Download

Apple iOS

---

Coming Soon
 

#HELLOYDB



Comments

လူကြည့်အများဆုံး GAMES