The Letter
လူတိုင်း ဒီစာရွက်ကို ဖတ်မိရင်
နောက်ထပ် လူ ဘယ်နှစ်ယောက်ကို ဆက်ဝေပါ ၊ မဝေဖြစ်ရင် ဘာဖြစ်မယ်ဆိုပြီး စာရွက်အစုံ
အကြောင်းရာအစုံတွေနဲ့ အပြင်လောကမှာ ကြုံဖူးကြမှာပါ။ တစ်ချို့သူတွေက
စိုးရိမ်တကြီးနဲ့ သူများ ခံရမှာထက် ကိုယ်သေရမှာကို ပိုကြောက်ကြတာကြောင့် အတော်လေး
ခေတ်ထခဲ့တယ် ပြောရမယ်။ ဒါပေမယ့် တစ်ချို့ စာရွက်တွေကျပြန်တော့လည်း မိတ္တူမဟုတ်ဘဲ
လောကတစ်ခုကနေ တကယ်အကူညီတောင်းနေတဲ့ သူတွေရှိပါတယ်။ ဘာ Copy မှလည်း
မပွားခိုင်းဘူး၊ ဘာဖြစ်မယ်ဆိုတာလည်း အတိကျမရေးတတ်ကြဘူး။ သူတို့ ရေးတဲ့
စာလုံးလေးတွေက ရိုးရိုးလေးနဲ့ " Help Me " ငါ့ကို ကယ်ပါဆိုပြီး
မြင်သာအောင်ရေးထားတာပါ။အဲလို ရိုးရှင်းသလောက် ယူရမယ့် တာဝန်ဟာလည်း
အရမ်းကြီးပါတယ်။ ဘယ်လောက်ထိကြီးလဲဆိုတာ သိခြင်ရင်တော့ ဒီ Game လေးမှာတင်
ကိုယ်တိုင် ကစားကြည့်လိုက်ပါ...။
Isabella ဆိုတဲ့ ကောင်မလေးဟာ အဝေးကနေ မိဘကို ထောက်ပံ့ပေးနေတဲ့
သာမန်ကောင်မလေးတစ်ယောက်ဖြစ်ပြီး အနီးစပ်ဆုံး သူငယ်ချင်းဆိုလို့
ညီအစ်မတွေလိုရင်းနှီးတဲ့ Becca တစ်ယောက်ဘဲရှိတာပါ။ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Rose
နဲ့အတူ အိမ်ခြံမြေအကျိုးဆောင်မှာ အလုပ်ဝင်လုပ်နေပြီး ရသမျှ ပိုက်ဆံကိုလည်း
အငတ်ခံပြီး အိမ်ကို ထောက်ပံ့နေတဲ့ သမီးလိမ္မာလေးတစ်ယောက်ပါ။ တစ်နေ့တော့
စံအိမ်တော်ကြီးတစ်ခုကို ရောင်းထုတ်ဖို့ရာ တာဝန်ကျလာခဲ့ပြီး Rose နဲ့အတူ အဲဒီကနေ
Bonus ငွေတွေ အများကြီးရဖို့ အခွင့်ရေးရလာခဲ့ပါတယ်။ ဖြစ်ခြင်တော့ အခြေနေတွေက
ရောင်းသူဝယ်သူ အကုန်အဆင်ပြေခဲ့ပေမယ့် သူမအတွက်တော့ အိမ်မက်ဆိုးဖြစ်လာခဲ့တာပါ။
ဒဏ္ဍာရီဇာတ်ကြောင်းတွေရှိတဲ့ အဲဒီ စံအိမ်ကြီးထဲမှာတင် စာရွက်တစ်ရွက်ကို
ကောက်ရခဲ့ပြီး ကယ်ပါဆိုတဲ့ စာလုံးတွေနဲ့ အတူ သွေးသံရဲရဲ မိန်းမတစ်ယောက်ကိုပါ
မျက်မြင်တွေ့ခဲ့တာပါ။ အဲဒီကတည်းက Isabella ဟာ နေ့တိုင်း ခြောက်လန့်ခံနေရခဲ့ပြီး
အဆိုးဆုံးကတော့ ဒီစာကို နောက်ထပ်လူ ငါးယောက်ကို မပို့ရင် ဘာဖြစ်မယ်ဆိုတာကို
ရေးမထားတာပါ။ ဒီတော့ သူမကိုယ်သူမ ဘာဖြစ်မယ်ဆိုတာတောင် မသိသေးခင်မှာဘဲ သူမ
ချစ်ခင်ရတဲ့ သူငယ်ချင်းတွေကပါ ဒီစာကို ဖတ်မိသွားတဲ့အချိန်မှာတော့.....
ဖိုင်ထဲမှာ apk နဲ့ obb zip တင်မကဘဲ DLC data zip ပါ ထည့်ပေးထားတာပါ။
အဲဒါကြောင့် နှစ်ခုလုံးကို သက်ဆိုင်ရာ Folder ထဲမှာ Zip ဖြည်ပေးဖို့
လိုအပ်ပါတယ်။
[ Review ]
အကောင်းဆုံး Visual Novel Game တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်က
မင်မင်ပေးထားတဲ့ ကတိကြောင့် ဝမ်းသာအားရစွာနဲ့ ပြန်တင်ပေးလိုက်တာပါ။ ဘာလို့ဆို
အဲတုန်းက DLC တွေ မပါခဲ့တော့ Chapter 1 နဲ့တင် ကျေနပ်ခဲ့ရတာပေါ့။ Crack Version
မှန်သမျှဟာ DLC ကို Download မလုပ်နိုင်ခဲ့တာကြောင့် တော်တော်တိုင်ပတ်ခဲ့တဲ့ Game
တစ်ခုပါ။ ဒါပေမယ့် အခု မလိုတော့ပါဘူ။ HELLO ကနေ Full DLC နဲ့ ပထမဆုံး
တင်ပေးလိုက်တာပါ။ အဲဒီတုန်းက မင်မင်က PC ဘက်မှာ ဆော့ခဲ့ပေမယ့် Android
သမားတွေတွက် အဆင်မပြေခဲ့တာကြောင့် ရင်ထဲ စိတ်မကောင်းဖြစ်မိခဲ့တာတော့ အမှန်ဘဲ။
အရမ်း စိတ်ဝင်စားရာကောင်းတာကြောင့် အကုန်လုံးကို ဆော့စေခြင်ခဲ့တာ အခုတော့
ဆန္ဒတွေပြည့်သွားပြီ။
Game က ပြောရရင် Visual Novel မဆော့ဖူးတဲ့သူတွေတောင် အရမ်းသဘောကျသွားမယ်ဆိုတာ
အာမခံတယ်။ မဆော့ရသေးရင်း လုံးဝကို လက်မလွတ်သင့်တဲ့ Game ကောင်းတစ်ခုပါ။ Choice
တိုင်းက ဇာတ်အိမ်ကို အကြီးကျယ်ပြောင်းစေတာကြောင့် ရလာမယ့် ခံစားချက်ကလည်း
တစ်ယောက်နဲ့တစ်ယောက်တူမှာ မဟုတ်ပါဘူး။ Climax အတက်ကျတင်မဟုတ်ဘဲ Friendship နဲ့
Relationship တွေပါ ထိထိမိမိ ခံစားရမှာပါ။ ဇာတ်လမ်းကစ Game တစ်ခုထက်ပိုတာကြောင့်
Fan တွေကတောင် Anime Series ထုတ်စေခြင်ခဲ့တာပါ။
ဒီ Game မှာ Admin သဘောကျတဲ့ ဇာတ်ဝင်ခန်းတွေ၊ Dialog တွေ အများကြီးပါတယ်။
နောက်ပြီး English နဲ့ ပတ်သတ်ပြီး စကားပုံတွေ၊ Conversation စကားဟန်တွေကစ Voice
Actors တွေနဲ့ အပြည့်ဝဖန်တီးထားတာကြောင့် English Skill တွက်ပါ အများကြီး
အထောက်ကူပြုတယ်။ Becca နဲ့ စကားများတဲ့ အပိုင်းတွေဆိုရင် အရမ်းချစ်စရာကောင်းတယ်။
တစ်ယောက်နဲ့တစ်ယောက် ကလေးလို မလုပ်နဲ့သာပြောတာ တကယ့်ကလေးကြီးတွေလိုဘဲ။ ဘယ်လောက်
နာအောင်ပြောပြော မခေါ်ဘဲလည်း မနေနိုင်ကြဘူး။ Character တစ်ယောက်ခြင်းစီကစ
အရမ်းစိတ်ဝင်စားစရာကောင်းတာကြောင့် စာဖတ်မပျင်းဖို့ရာ လိုပါတယ်။
တကယ်ပါ ကိုယ်က စာဖတ်ပျင်းရင်တောင် ဒီလို Game တွေက တစ်ချက်ခုတ်နှစ်ချက်ပြတ်စေတယ်။
ဇာတ်လမ်းကစ စိတ်ဝင်စားစရာကောင်းသလို သိခြင်ဇောနဲ့ ပိုတိုးလာတဲ့ ကိုယ့်ရဲ့ Meaning
ဗဟုသုတတွေနဲ့ပါ အရမ်းအကျိုးရှိတာပါ။ ဒီ Game ပြီးသွားလို့ ထပ်ဆော့ခြင်သေးရင်တောင်
ACE Academy တို့ Crystalline တို့ အများကြီး ရှိသေးတယ်။ တကယ်လည်း ဆော့ကောင်းတဲ့
VN Game တွေပါ။
ပြောဖို့ မေ့နေတာ အခု ဒီစာကို ဖတ်ပြီးသွားရင် နောက်ထပ် လူ ၅ ကို Share ပေးပါ
မဟုတ်ရင် ..........
Android version | 5 . 0 + |
Developer | Yangyan Mobile |
Network | Offline |
Price | $ DLC |
App version | 1.1.9 |
Release date | 2017 |
Download Link
Type | Size | Link |
Playstore |
115 MB |
Download |
Mediafire
|
831 MB ( apk+obb+data )zip |
Download |
Apple iOS |
326 MB |
Download |
#HELLOYDB
- Zip ဖြည်လိုက်ရင် apk,obb နဲ့ data zip ဖိုင်တွေ့ပါလိမ့်မယ်။
- Apk ကို Install တင်ပြီးရင် Obb ကို zip ဖြည်ပြီး Android ထဲက Obb Folder ထဲကို ထည့်ပေးပါ။
- ပြီးရင် DLC Data zip ဖိုင်ကို ဖြည်ပြီး ထွက်လာတဲ့ ဖိုင်ကို Android ထဲက Data ထဲကို ထည့်ပေးလိုက်ပါ။
- Internet ပိတ်ပြီး ဝင်ဆော့လို့ပါပြီ
Comments