The Wild Case
ဒီတစ်ခါ အသစ်ထွက်လာတဲ့ Adventure Game
လေးက Angelo and Deemon ကို ထုတ်ပေးထားတဲ့ Developer တွေရဲ့ နောက်ထပ် လက်ရာမြောက်
Game ကောင်းလေးတစ်ခုပါ။ Fan တွေ မှတ်မိရဲ့လားမသိပေမယ့် သေမင်းက အခန်းမှားပြီး
YouTuber ကောင်လေးကို ခေါ်သွားတဲ့ Game လေးလေ။ အခု ဒီတစ်ခါ
အသစ်ထွက်လာတာကတော့Supernatural ဆန်လို့ အရမ်းစိတ်ဝင်စားစရာကောင်းပြီး အပြင်မှာသာ
ကြုံတွေ့ရရင်တော့ တကယ် ကြောက်စရာကောင်းမှာ သေချာပါတယ်။ ဒီ Game မှာဆိုရင် သင်က
အလွတ်စုံထောက်တစ်ယောက်နေရာကနေ ကစားပေးရမှာဖြစ်ပြီး စာတစ်စောင်ကြောင့်
အသွားလာနည်းတဲ့ ရွာလေးတစ်ရွာစီကို ခရီးထွက်ရမှာပါ။ အကြောင်းကတော့ အဲဒီရွာအနားက
သစ်တောတစ်ဝိုက်မှာ တိရိစ္ဆာန်တွေ သောင်းကျန်းနေပြီး သာမန်အခြေနေမျိုးတော့
မဟုတ်ခဲ့ပါဘူး။
ဘာလို့ဆို စာထဲမှာ ပါတဲ့
အချက်လက်တွေအရ အဲဒီ တိရိစ္ဆာန်တွေရဲ့ မျက်လုံးဟာ နီရဲနေပြီး အမှောင်ထဲမှာဆိုရင်
တောက်ပြောင်နေတယ်လို့တောင် ပြောထားတာပါ။ စုံထောက်တစ်ယောက်အနေနဲ့ ဒီဖြစ်စဉ်ကို
လက်ခံဖို့ရာ မလွယ်ပေမယ့် ရွာနားရောက်ခါနီးမှာဘဲ သူထိုင်နေတဲ့ ပြတင်းပေါက်အပြင်ကနေ
တိရိစ္ဆာန်ကြီးတစ်ကောင်ဟာ နီရဲနေတဲ့ မျက်လုံးကြီးတွေနဲ့
မကောင်းဆိုးဝါးဝင်ပူးထားသလို စေ့စေ့ကြည့်နေတာကြောင့် ဘာဆက်ဖြစ်မလဲ သိခြင်ရင်
ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့နော်။
[ Review ]
Game က တကယ် စိတ်ဝင်စားစရာကောင်းပြီး သဘောအကျဆုံးကတော့ Background Art တွေက
တော်တော်ကိုအသက်ဝင်တာပါ။ ပြောရရင် ဓာတ်ပုံတစ်ခုထက်ကို အသေးစိတ်ကျပြီး
နောက်ခံအသံတွေကပါ Support ပေးထားတာကြောင့် တကယ်ရောက်နေသလိုကို ခံစားရတယ်။
အဆိုးဆုံးကတော့ Game က Mystery ဆန်ပြီး Thrilling ဖြစ်တာကြောင့်
တကယ်စိတ်ထဲနှစ်ဆော့ရင်တော့ ကြောက်စရာကြီး။
ကိုယ်မရောက်ဖူးတဲ့ ဒေသတစ်ခုမှာ သဘာလွန်ဆန်တဲ့ အဖြစ်ပျက်ကို
တစ်ယောက်တည်းဖော်ထုတ်ရမှာဆိုတော့ အိမ်မက်ဆိုးလို့တောင် ပြောလို့ရတယ်။ ကံကောင်းရင်
အဖြေရှာကောင်းရှာနိုင်သွားပေမယ့် ကံဆိုးရင်တော့...
နောက်ပြီး အရင်က ဒီရွာက အကောင်း အခုမှ ထဖြစ်တာဆိုတော့ ရွာထဲက ဘယ်သူတွေကိုကော
သင့်အနေနဲ့ ယုံကြည့်လို့ရနိုင်မလဲ ?
| Android version | 6 . 0 + |
| Developer | Specialbit Studio |
| Network | Offline |
| Price | R$6.99 |
| App version | 1.1.6 |
| Release date | 19.8.2021 |
Download Link
| Type | Size | Link |
|
Playstore |
230 MB |
R$6.99 |
|
Mediafire
|
236 MB ( Apk Only ) |
Download |
|
Apple iOS |
380 MB |
Download |
#HELLOYDB
Discussion
0
You
Loading comments...







