Wall Of Insanity

          ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game ကတော့ Mobile Player တွေတွက် ဆော့ကိုဆော့ကြည့်သင့်တဲ့ Action Game တစ်ခုဖြစ်ပြီး Ray Spark ရဲ့ နောက်ထပ် အမိုက်စား Shooter Game တစ်ခုပါ ။ Paid Game အနေနဲ့ Mobile အပြင် PC တွက်ပါ ထွက်လာခဲ့ပြီး Graphic ကစ PC နဲ့ Level နီးပါးထိ Mobile မှာဆော့ရမှာဆိုတော့ လုံးဝကို သဘောကျစေမှာ သေချာတယ်။ နောက်ပြီး ဇာတ်လမ်းသွားနဲ့ ဆော့ရမယ့် အပြင် fps ကပါ 120 ထိ Support ပေးတော့ လုံးဝကို လက်မလွတ်သင့်တာပါ။ ဘာလို့ဆို Resident Evil ကိုတောင် သတိရစေတယ်။ 

             ဒီ Game မှာဆိုရင် ‌အစွန်းရောက်ဘာရေး ဂိုဏ်းတစ်ခု သောင်းကျန်းနေတယ်ဆိုတဲ့ အိမ်တစ်အိမ်ကို ‌ဝင်ရောက်စီးနင်းရာကနေ တပ်ဖွဲ့တစ်ခုလုံးနဲ့ အဆက်သွယ်ပျက်သွားခဲ့ပြီး အရေးပေါ် တပ်ကူခေါ်ခိုင်းတာက လွဲလို့ ကျန်တဲ့ သတင်းအချက်လက်အတိကျ ဘာမှ မရခဲ့ပါဘူး။ အဲဒါကြောင့် Spec Ops တပ်ဖွဲ့ဖြစ်တဲ့ Cobalt Unit ကို အကြောင်းစုံသိဖို့ရာတွက် စေလွှတ်ခဲ့ပြီး သင်ကတော့ အဲဒီအဖွဲ့ဝင်ထဲက တစ်ယောက်နေရာကနေ ကစားရမှာပါ။ အိမ်ထဲကို ဝင်စီးတော့ လူသူအရိပ်ယောင်တစ်ယောက်မှတောင် မတွေ့ရဘဲ သွေးတွေပွနေတဲ့ တပ်ဖွဲ့ဝင် Body ကလွဲရင် ကျန်တာတွေက သဲလွန်စတောင် မရှိခဲ့ပါဘူး။
            ထူးဆန်းတာက အိမ်ရဲ့အတွင်းပိုင်းကို ရောက်လေလေ စကားပြောစက်တွေက လိုင်းပြတ်တောက်လေဆိုတာမျိုးပါ။ ဒီတော့ သင့်အနေနဲ့ အလောင်းနဲ့ပတ်သတ်ပြီး သတင်းပေးဖို့ရာ အပြင်ပြန်ထွက်ခဲ့ပေမယ့် ထူးဆန်းစွာနဲ့ တံခါးဝက Universe အစွန်းတစ်ခုကို ပြနေတာပါ။ ပုံရိပ်ရောင်လား အမြင်မှားတာလားဆိုတာမသိပေမယ့် လောလောဆယ်တော့ ဒီ အိမ်ထဲမှာ သင်တစ်ယောက်ဘဲ ရှိတော့တာပါ။ အဆိုးဆုံးကတော့ ခုနက တွေ့ခဲ့တဲ့ အလောင်းကို တစ်ယောက်ယောက်က တစ်ရွတ်တိုက် ဆွဲသွားခဲ့ပြီး ဘယ်အရာက အခုလို ရက်စက်စွာသတ်ခဲ့လဲဆိုတာ သိခြင်ရင်တော့ ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့နော်။ စိတ်ဝင်စားစရာကောင်းတာက သင်ကိုယ်တိုင် ဒီကနေ လွတ်နိုင်ပါ့မလားဆိုတာပါ။ 

             Graphic ကတော့ လုံးဝကို Mobile တွက် ကျေနပ်စရာ‌ ကောင်းတယ်ပြောရမယ်။ Texture , Shader , Resolution အပြင် Light Shadow တွေ Reflection တွေကစ အရမ်းကြည့်ကောင်းလွန်းတယ်။ ရေအိုင်ကွက်တယ်ဆိုရင် Real Reflection တွေနဲ့ တွေ့ရမှာပါ။ ဒါ့အပြင် Body ဒီဇိုင်းတွေကပါ အချိုးစားတော်တော်ကြည့်ကောင်းပြီး Blood Effect တွေက ပယ်ပယ်နယ်နယ်ထွက်တော့ အားရစေမှာသေချာတယ်။ Camera view ကစ Third Person ကိုမှ Action ဆန်ဆန် Shoulder view နဲ့ ဆော့ရမှာဖြစ်ပြီး Control ကစ very simple ဖြစ်တယ်။ Gun နှစ်လက်ကိုင်လို့ရပြီး အသစ်တွေ့တိုင်း အလဲလုပ်ပေးရမှာပါ။ item ထည့်နိုင်မယ့် pack ကစ အကန့်သတ်နဲ့ဖြစ်ပြီး နေရာပိုလိုခြင်ရင်တော့ ပိုပြီး Explore လုပ်ရမယ့် ပုံစံမျိုးပါ။ Shop စနစ်မပါဘဲ ကိုယ်ထူကိုယ်ထိ Survival Game မလို့ ကိုယ်ကျွမ်းရင် ကျွမ်းကျင်သလို ဇာတ်သိမ်းကို ရောက်မှာပါ။ ဘာလို့ဆိုတော့ Game က တအား Easy ဖြစ်နေတာမဟုတ်ဘူး။ 
[ Review ]

Ray Spark က အရင်က ထုတ်ခဲ့တဲ့ Slaughter Series မှာလည်း Mobile Player တွေကို အတော်ဆွဲဆောင်ခဲ့တဲ့အပြင် ပွဲထုတ်တာ သိပ်မကြာသေးတဲ့ Mind Cells ဟာလည်း Sci Fi ဆန်ဆန်နဲ့ Unique ဖြစ်အောင် ဆွဲဆောင်ခဲ့တာပါ။ အခု ဒီတစ်ခါမှာတော့ အရှေ့က ထွက်ထားတဲ့ Game တွေနဲ့ မတူအောင် Creature အသစ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး Graphic ကစ အရင်ကထက် အများကြီး ပြင်ဆင်ခဲ့တာကို တွေ့ရတယ်။ PC Player တွေဘက်မှာတော့ Low budget RE လို့တောင် ပြောနေကြပြီး Mobile တွက်ကတော့ တကယ်ကို Rating အပြည့်နဲ့ Suprise ဖြစ်စေတာပါ။ 

ဘာလို့ဆို Graphic , Control အကုန် ကောင်းရုံတင်မကဘဲ ဇာတ်လမ်းသွားနဲ့ပါ Action ဆန်ဆန် Offline အနေနဲ့ ထုတ်ပေးထားတော့ အရမ်းသဘောကျစရာကောင်းတာပါ။ Ray Spark ရဲ့ နောက်ထွက်တဲ့ Game အများစုက Controller Support ပေးပြီး ဒီ Game မှာတော့ မင်မင် မစမ်းရသေးပါဘူး။ ဒါပေမယ့် ရမယ်လို့ ထင်တယ်။ 
Game က တစ်ခါလေ Lag တာမျိုးဖြစ်ခဲ့ရင် Bug ကြောင့်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်က Phone Requirements ကြောင့် ဖြစ်တတ်ပါတယ်။ ဖုန်းမြင့်လေ Performance ကောင်းလေ ဖြစ်ပြီး အဲဒီလို ကြုံခဲ့ရင် Resolution or Shadow Quility ကို လျော့ပေးလိုက်ပါ။ Optimization‌ ကောင်းလို့ ဖုန်းတောင် သိပ်မပူဘူး။ Setting မချိန်ရင်တောင် Game စကတည်း fps count လုပ်ပေးတာ သဘောကျစရာကောင်းတယ်။ 

Game က ညဘက်ဆော့ရင် နည်းနည်း Horror ဆန်သလို တစ်ချို့အခန်းတွေဆိုရင် ကြည့်ရင်းနဲ့ ရုတ်ရက် လိုက်လာတော့ လူတောင် ပြာယာခက်တယ်။ ကျည်မရှိရင် မသာတန်းပေါ်မှာဖြစ်ပြီး Map မပါတော့ သွားရတာလည်း လည်ထွက်နေတာဘဲ။ ပြောရရင် လမ်းရဖို့တွက် တစ်ခါလေ Objects အချို့ကို ခွဲသွားရတယ်။ Game က ကောင်းတဲ့အပိုင်းပါသလို အားမရတဲ့ အပိုင်းလည်း တွေ့ရတယ်။ Combat ပိုင်းတွေမှာ သိပ်အားမရသလို ခံစားရပေမယ့် Mobile တွက် သေချာပေါက် Game ကောင်းတစ်ခုလို့ အာမခံတယ်။ 

Game Information

Android version 5 . 0 +
Developer Ray Spark
Network Offline
Price R$8.00
App version 1.14
Release date 19.8.2021

Download Link

Type Size Link

Playstore

1.1 GB

R$8.00

Mediafire

 

1.1 GB

( Apk Only )

Download

Apple iOS

1.8 GB

2.99$
 
#HELLOYDB


            

Related Posts

  • Dysmantle ° ဒီတစ်ခါ အသစ်ထွက်ထားတဲ့ Premium Game လေးက PC နဲ့ Consoles မှာ လူကြိုက်များပြီး Rating ကောင်းတွေ ရထားတဲ့အပြင် Mobile version အနေနဲ့လည်း တကယ်ကိုမထင်ထားလောက်အောင် အ… Read More
  • SARCOPH    ဒီ Game လေးက Mobile Player တွေတွက် စိတ်လှုပ်ရှားစေမယ့် သည်းထိတ်ရင်ဖို Game ကောင်းလေးတစ်ခုဖြစ်ပြီး USA အခြေစိုက် Developer ဖြစ်တဲ့ David Turkiewicz တစ်ယေ… Read More
  • Cat Fred Evil Pet ° ဒီတစ်ခါ ဂိမ်းသစ်လေးကတော့ ကြောင်ချစ်တဲ့သူတွေအတွက် Unusual Horror Vibe မျိုးကို ပေးစွမ်းနိုင်မယ့် ဂိမ်းကောင်းလေးတစ်ခုပါ။ အိမ်တစ်အိမ်မှာ ကြွက်တွေ သောင်းကျန်းနေရင် … Read More
  • ARIDA Backland's Awakening ° ဒီတစ်ခါ အသစ်ထွက်လာတော့မယ့် Game လေးက အခုမှ Playstore ပေါ်မှာ Pre-register အဆင့်သာရှိသေးပေမယ့် Android User Fan တွေတွက်တော့ အစောဆုံး ဆော့ခွင့်ရမယ့် Premium Game … Read More
  • Nightmare Hospital Survival ° ဒီ Game လေးက Little Nightmare ကို Inspired ယူထားတဲ့ Horror Game ကောင်းလေးတစ်ခုဖြစ်ပြီး ဒီလို Type မျိုးတွေက Mobile မှာ ရှားလည်းရှားပါတယ်။ ဒီထဲမှာဆိုရင် သင်က ဆေး… Read More

Comments

လူကြည့်အများဆုံး GAMES