WILL A Wonderful World

          ဒီတစ်ခါ အသစ်ထွက်ထားတဲ့ Game လေးကတော့ လူတိုင်းဆော့နိုင်မယ့် Game မျိုးတော့မဟုတ်ပါဘူး။ PC နဲ့ Console ပေါ်မှာလည်း ထွက်ပေးထားပြီး တခြား Game တွေနဲ့ မတူဘဲ Unique ဖြစ်တဲ့ Visual Novel အရသာကို ပေးမှာပါ။ Mobile ပေါ်မှာလည်း Paid Game အဖြစ် R$ 45.99 နဲ့ ရောင်းချပေးနေပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်အိမ်မျိုးကို ဖန်တီးပေးထားတာကြောင့် သဘောကျစေမှာ သေချာပါတယ်။ ဒါပေမယ့် ဒီ Game က English Skill အတော်သိထားမှ လွယ်လွယ်ကူကူဆော့နိုင်မှာဖြစ်ပြီး ပုံရိပ်လေးတွေကြည့်ပြီး ဇာတ်ရည်လည်အောင် သွားလုပ်လို့မရပါဘူး။ Dialog တိုင်းရဲ့ အဖြစ်ပျက်တွေကို မတူညီတဲ့ Sentences တွေကနေ ‌ဖြေရှင်းပေးရမှာဖြစ်ပြီး အကြောင်းရာတိုင်းကို သေချာနားလည်ထားမှ တော်ရာကျမှာပါ။ Lunatic Level သာ ဆော့နိုင်ရင်တော့ E Skill မှာ Pro အဆင့်ရောက်နေပြီ။

            ဇာတ်လမ်းက ဘယ်လောက်ထိ စိတ်ဝင်စားစရာကောင်းလဲဆိုရင် အရင်ဆုံး လူတိုင်း ၊ လူတိုင်း တစ်စုံတစ်ရာစီမှာ ဆန္ဒတစ်ခုခုကို ဆုတောင်းဖူးကြမှာပါ။ ပြောရရင် အသေးမွှားလေးတွေကစပေါ့။ တကယ်လို့များ အဲဒီ တောင်းတဲ့ဆုတွေက တိုက်ဆိုင်မှုတစ်ခုကြောင့် ပိုင်ဆိုင်သွားခဲ့ရင် သင့်ရဲ့ လက်ရှိဖြစ်တည်မှုဟာ ပြောင်းလဲသွားတယ်ဆိုတာ သင်လက်ခံနိုင်လား။ သင်မသိပေမယ့် ဖြည့်စည်းပေးလိုက်တဲ့သူကတော့ သိနေမှာပါ။ အခု Game မှာဆိုရင် ထူးထူးခြားခြား သင်က နတ်ဘုရားမ တစ်ယောက်နေရာကနေ ကစားပေးရမှာဖြစ်ပြီး သင့်ဆီကို ရည်စူးပြီး ဆုတောင်းသမျှကို လိုက် ဖြည့်စည်းပေးရမှာပါ။ 
             ခက်တာက သင်က အတိတ်မေ့နေတာဖြစ်ပြီး ကိုယ့်ကိုကိုယ်တောင် နတ်ဘုရားမဆိုတာ မေ့နေတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒီတော့ နတ်ဘုရားမတစ်ယောက်ရဲ့ တာဝန်ဟာ ဘယ်လောက်ထိ လေးနက်နိုင်မလဲ ? ကိုယ့်ကို ယုံကြည်ပြီး ဆုတောင်းနေတဲ့သူတွေကို‌ကော သူတို့ရဲ့ ဆန္ဒအတိုင်း အကုန်လိုက်ဖြည့်စည်း ပေးနိုင်မလားဆိုတာဟာ ဒီ Game ရဲ့ Deep အဖြစ်ဆုံးအပိုင်းပါ။ သူမက လူတစ်ယောက်ရဲ့ အနာဂတ်ကို မသိနိုင်ပေမယ့် လက်ရှိဖြစ်တည်မှုကိုတော့ ပြောင်းလဲပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါပေမယ့် တိုက်ဆိုင်မှုကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်ပြီး ရွေးချယ်မှုတိုင်းဟာ သူမအတွက် အမြဲ စွန့်စားရာကျ‌ နေတာပါ။ ဘာလို့ဆို အားလုံးကို အမြဲတမ်း ကူညီပေး‌ နေလို့မရပါဘူး တစ်ခါတလေ တစ်စုံတစ်ရာတွက် တစ်စုံတစ်ခုကို စွန့်လွတ်ရစမြဲပါ။ ဒီတော့ နတ်ဘုရားဖြစ်ရတဲ့ ခံစားချက်ကို အခု Game လေးက ခေတ်ပုံရိပ်နဲ့ ထင်ဟပ်နေအောင် ပြပေးမှာဖြစ်တာကြောင့် ရသစုံ ခံစားရမယ့် Game ကောင်းလေးတစ်ခုလို့ အကြံပေးပါတယ်။ နောက်ပြီး Music တွေကစ လုံးဝ Perfect ။

ပြောရမှာ အားနာပေမယ့် Game က တစ်ဖက်စွန်းရောက်တဲ့ အဖြစ်ပျက်တွေ ပါနိုင်တာကြောင့် ကလေးတွေ အတုယူမမှားစေခြင်ဘူး။ အဲတော့ Game ကို Game လို့ဘဲ မှတ်ပါ။ 
[ Review ]

Spoiler ဖြစ်မှာဆိုးလို့ ဇာတ်လမ်းကိုတော့ မပြောတော့ဘူး။ ဒါပေမယ့် Gameplay ပိုင်းကတော့ အရမ်း ရှုပ်တယ်လို့ ခံစားရလိမ့်မယ်။ ဒီ Game က စာဖတ်မပျင်းတဲ့ သူတွေတွက်သာ ကိုက်မှာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ယောင်လို့တောင် မထိသင့်တဲ့ Game ပါ။ 

တခြား VN လို Dialog အပေါ်ရံ နားလည်ရုံနဲ့ ကစားလို့ရတာမျိုးမဟုတ်ဘဲ တကယ်ကို တိတိကျကျ သိနေမှ ရှေ့ဆက်လို့ရမှာပါ။ အရင်ဆုံး သင့်ဆီကို ဆုတောင်းစာတွေရောက်လာမှာဖြစ်ပြီး တစ်ခါတလေ ပြိုင်တူ ရောက်လာတာတွေတောင် ရှိပါတယ်။ အဲအခါကြရင် သင်က သူတို့ရဲ့ အဖြစ်ပျက်တွေကို သုံးသပ်ပေးရမှာဖြစ်ပြီး ကံတရားကို ပြောင်းဖို့တွက် စာတွေကနေဘဲ Sentences အမှန်တွေကို သဲလွန်စရှာပြီး သင့်တော်သလို ပြန်ဖြည့်ပေးရမှာပါ။ ရွေးချယ်မှု မှားသွားရင်တော့ ဖြစ်တည်မှုအသစ်တွေနဲ့ အဆုံးသတ်သွားမှာမလို့ သေချာ စဉ်းစားဖြည့်ပေးဖို့ လိုပါတယ်။
ခုနကလို ပြိုင်တူရောက်လာတဲ့ ဆုတောင်းစာတွေဆိုရင် Sentences ဖြည့်ဖို့ရာ ဟိုဘက်ဒီဘက်   သေချာစဉ်းစားရတယ်။ အဖြစ်ပျက်တိုင်းက ဆက်ဆက်နေမှာဖြစ်ပြီး ဆင်တူယိုးမှားဖြစ်နိုင်တာကြောင့် Dialog တွေကို သေချာ သုံးသပ်နိုင်မှ ရမှာပါ။ အဲဒါကြောင့် ဇာတ်လမ်းကောင်းပေမယ့် သေချာ Focus လုပ်နိုင်တဲ့သူတွေဘဲ ဆော့ပျော်မှာ။ 

Game က ရယ်စရာ အပိုင်းတွေလည်း အတော်တွေ့ရတယ်။ အထူးသဖြင့် လူတွေရဲ့ ဗန်းစကားတွေကိုတောင် နတ်ဘုရားတွေက Dictionary ထုတ်ထားရတာဆိုတော့ စဉ်းစားသာ ကြည့်တော့။ အဲဒါကြောင့် Game က တော်ရုံတန်ရုံ ဆော့နိုင်ဖို့ရာ ရှားတယ်။ meaning တွေ အတော်လေ့လာရမှာဖြစ်တာကြောင့် E Skill တိုးတက်စေမှာ အသေချာဘဲ။ Ending နှစ်မျိုးပါပြီး Sad Ending နဲ့ မျက်ရည်မကျမိပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ အပြောင်းလဲကြီးတစ်ခုကြောင့် မျက်ရည်မကျရင်တောင် ဝမ်းနည်းသွားစေမှာ သေချာတယ်။ 

Game Information

Android version 5 . 0 +
Developer WMY Studio
Network Offline
Price R$45.99
App version 1.6.3
Release date 14.7.2021

Download Link

Type Size Link

Playstore

500 MB

R$45.99

Mediafire

 

467 MB

( apk+obb )Zip

Download

Apple iOS

787 MB

8.99$
 

#HELLOYDB







Comments

လူကြည့်အများဆုံး GAMES