After Breach ( Beta )
ဒီတစ်ခါ Android ပေါ်ထွက်လာတဲ့ Game အသစ်လေးက Beta အဆင့်သာရှိသေးပြီး Developer
အသစ်ဖြစ်တဲ့ Carsick Games ကနေ ဖန်တီးပေးထားတာပါ။ Beta အဆင့်မလို့
လိုအပ်ချက်တွေရှိနေသေးပေမယ့်လည်း မတူညီတဲ့ Feature အသစ်တွေနဲ့
ပွဲထွက်လာခဲ့တာမလို့ အတော်လေး သဘောကျစရာကောင်းတယ်။ Mobile မှာ MMO , PvP တွေ
မှိုလိုပေါက်နေတဲ့အချိန်မှာ အခု Game လေးက PvE Action ပုံစံနဲ့ထွက်လာခဲ့ပြီး
Story Mission ဦးစားပေးမလို့ အကြိုက်တွေ့စေမှာ သေချာပါတယ်။
ဒီ Game ရဲ့ ဇာတ်အိမ်ပိုင်းမှာဆိုရင် အထူးတပ်ဖွဲ့ဝင်ဖြစ်တဲ့ Squad 703 ဟာ
အရေးကြီးတဲ့ သေတ္တာနဲ့အတူ အမည်မသိ အကောင်တွေရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး
လွတ်မြောက်ခဲ့တာဆိုလို့ Agent Clare တစ်ဦးတည်းသာ ကျန်ရှိခဲ့တာပါ။ ပိုဆိုးတာက
Agent Clare ဟာ သေတ္တာနဲ့အတူ ပျောက်ဆုံးသွားခဲ့ပြီး သူမကို လိုက်ရှာဖို့တွက်
သင်ကိုယ်တိုင်ဘဲ အဖွဲ့ဖွဲ့ပြီး ဒီ Game မှာ စွန့်စားရမှာပါ။ Zombie Apocalypse
ပုံစံမျိုး မဟုတ်ဘဲ Sci-Fi ဆန်တဲ့ Invasion အဖြစ်ပျက်ကို တွေ့ရမှာဖြစ်တာကြောင့်
တခြား Game တွေနဲ့မတူဘဲ အရသာတစ်မျိုးတွေ့စေမှာဆိုတာ သေချာပါတယ်။
Game က Male ကော Female ပါ ရွေးချယ်ပိုင်ခွင့်ရှိပြီး Detail Customize ပါ
အသေးစိတ်လုပ်လို့ရတာပါ။ Gameplay Mode အနေနဲ့ Main Story နဲ့ Resources Mission
တွေအပြင် Daily Quest တွေပါ ကစားနိုင်ပါတယ်။ Main Mission ပေါ်မူတည်ပြီး
Character အသစ်တွေ ထပ်ရမှာဖြစ်သလို Battle ထဲမှာတောင် Switch လုပ်ပြီး
ကစားလို့ရတာပါ။ တစ်ဦးခြင်းစီမှာ Unique Ability ကိုယ်စီရှိကြပြီး ကိုင်နိုင်တဲ့
Weapon Type တွေကစ မတူကြပါဘူး။
ဒီ Game က Mission က ရတဲ့ Reward တင်မကဘဲ Loot စနစ်နဲ့ပါ Weapon တွေ၊ Armor တွေ
Collect လုပ်လို့ရတာပါ။ မလိုအပ်တဲ့ဟာတွေကို ပြန်ရောင်းလို့ရသလို့ New Weapon
သီးသန့်လိုခြင်တဲ့သူတွေတွက်လည်း Black Market ပါ ထည့်ပေးထားတာပါ။ Weapon စနစ်က
Level အလိုက် လာတာဖြစ်ပြီး Character ရဲ့ Level နဲ့တူညီမှ အသုံးပြုနိုင်တာပါ။
ပြီးတော့ ဒီ Game က လုံးဝ Auto စနစ်မပါပါဘူး။
Graphic ပိုင်းကတော့ မဆိုးဘူးလို့ပြောလို့ရပြီး Beta မလို့ Polish
မဖြစ်သေးတာဘဲရှိတာပါ။ အထူးသဖြင့် Main Character ထက် NPC ကတောင်
ပိုကြည့်ကောင်းနေတာမျိူးပေါ့။ Environment ဖန်တီးထားတာက တကယ်ကြည့်ကောင်းသလို့ Day
, Night Cycle နဲ့ပါ Support ပေးထားတာကြောင့် အရမ်းမိုက်တယ်။ Enemy တွေရဲ Dead
Animation ကစ ကျောက်ရုပ်ဖြစ်ပြီးမှ ပေါက်ထွက်သွားတာဆိုတော့ တကယ်အသစ်ဆန်းဖြစ်တယ်။
Lobby ပုံစံကစ ရိုးရှင်းသလို Task Question တွေရဲ့ Right Choice တွေကစ
အရေးကြီးပါတယ်။ မဟုတ်ရင် Story တွက် Complete ဖြစ်မှာ မဟုတ်ပါဘူး။
နောက်ထပ်သဘောကျတာက Dialog Voice တွေပါ ထည့်ပေးထားတာပါ။
Game ထဲဝင်ရင် မြန်မာနိုင်ငံလွဲပြီး ကျန်တဲ့နိုင်ငံတွေကို VPN ကျော်ပြီး
ဝင်ရမှာပါ။ Account အနေနဲ့ Google နဲ့ Facebook သာ အသုံးပြုလို့ရပါတယ်။ PvE
Action Game မလို့ Unstable Network တွက်လည်း စိုးရိမ်စရာမလိုပါဘူး။
[- Review -]
Game က မင်မင်တွက်တော့ သဘောကျတယ်။ တခြား Players တွေမပါ Solo ဆိုတော့
တကယ်မိုက်တယ်။ တစ်ခုရှိတာက Game က Beta မလို့ Bug တွေ အတော်ပါသေးတယ်။ Character
Switch တဲ့နေရမှာ အရံ ဇာတ်ကောင်တွေက Aim Freeze သွားတာမျိူးတွေရှိတယ်။ Playstore
မှာ Rating နည်းနေတယ်ဆိုတာက Login in ဝင်လို့မရလို့ ထိုးကျသွားတာပါ။ နောက်ပြီး
Phone Requirements ကြောင့်ကောပေါ့။ အဓိကပြောခြင်တာက အခု Game က Final Version
မဟုတ်သေးပါဘူး။
နောက်ပြီး ဒီ Game က China ပါဝင်လားဆိုတာ အတိကျမသိပေမယ့် သေချာတာကတော့ Language
မှာတောင် English Only ဘဲ အသုံးပြုထားပြီး China စာဆိုလို့ တစ်လုံးတောင်
မပါပါဘူး။ ပြီးတော့ MY region မှာဘဲ Test လုပ်တာဖြစ်ပြီး Official ဆိုလို့
Facebook Page တစ်ခုဘဲရှိတာပါ။
မင်မင်စိုးရိမ်တာက အဲဒါမဟုတ်ဘဲ Bug မနိုင်ဘဲ Fail ဖြစ်သွားမှာကိုပါ။ Game က
Potential ရှိပြီး တခြား Game တွေလို Zombie တွေ ၊ Player ဗောက်သောက်တွေကနေ
ခွဲထွက်ထားတာမလို့ သဘောကျတယ်။
Comments