Animus Revenant
ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game ကတော့ တောင် Korea အခြေစိုက် Developer ဖြစ်တဲ့
TENBIRDS ကနေ ထုတ်လုပ်ပေးထားပြီး Animus Title ရဲ့ တတိယမြောက် Paid Game အဖြစ်နဲ့
Mobile မှာတင်မကဘဲ Nintendo Switch နဲ့ Steam မှာပါ ထုတ်လုပ်ပေးထားတာပါ။ Action
RPG အမျိုးစားဖြစ်ပြီး Hardcore Gameplay ကြောင့် Dark Souls လို Game မျိုးတွေ
သဘောကျတဲ့ Fan တွေတွက်တော့ အကြိုက်တွေ့စေမှာ သေချာပါတယ်။
ဒီ Game မှာဆိုရင် သင်က medieval ခေတ်ရဲ့ Keeper တစ်ယောက်အနေနဲ့ ကစားရမှာဖြစ်ပြီး
ပျက်ဆီးမှုတွေကြားက သွေးကြွေးတွေတွက် ပျောက်ဆုံးနေတဲ့ Memories တွေကို
လိုက်ရှာပြီး ခရီးဆက်ရမှာပါ။ Storytelling Game တစ်ခုဖြစ်သလို
ကြာမြင့်ချိန်ဟာလည်း နာရီ ၂၀ ကနေ ၄၈ နာရီထိ ရှိတာကြောင့် ကိုယ့်ရဲ့
စိတ်ရှည်မှုနဲ့ ဆော့နိုင်မယ့် အရည်ချင်းပေါ်အများကြီး မူတည်ပါတယ်။
အရင်က ထွက်ထားတဲ့ပုံစံတွေနဲ့ မတူဘဲ Camera view တွေကစ ပြောင်းလဲပေးထားပြီး Combat
Button တွေကစ စုံစုံလင်လင်ပါဝင်လာတာပါ ။ Control အနေနဲ့ Touch Button တင်မကဘဲ
Controller နဲ့ပါ Support ပေးထားတာကြောင့် Boss Fight တွေတွက်ပါ အသုံးဝင်မယ်ဆိုတာ
သေချာပါတယ်။ Weapon Equipment တွေပါ Management လုပ်နိုင်ပြီး Stealth Kill တွေပါ
လုပ်ဆောင်နိုင်တာကြောင့် အရမ်းသဘောကျမှာပါ။
သာမန် Game တွေထက် ပိုခက်မယ့် Game တစ်ခုဖြစ်ပြီး Enemy ရဲ့ Attacking Pattern
တွေကစ စိတ်ရှည်ရှည်နဲ့ သေချာလိုက်မှတ်ရမှာပါ။ ထပ်ခါထပ်ခါ အသေခံပြီးမှ အနိုင်ရမယ့်
Game တစ်ခုဖြစ်တာကြောင့် လောင်တတ်တဲ့သူတွေတွက်တော့ အကြိုက်တွေ့မှာမဟုတ်ပါဘူး။
အဲဒါကြောင့် တကယ်ကို Challenging ဖြစ်တဲ့ Player တွေလောက်သာ သဘောတွေ့စေမယ့် Game
ကောင်းလေးတစ်ခုပါ။
[- Review -]
ဒီ Game က လက်ရှိ ဒေါ်လာပေါက်ဈေးနဲ့ဆိုရင် မြန်မာငွေ 24000 ထိရှိတာကြောင့်
လွယ်တော့ မလွယ်ပါဘူး။ Game က အပေါ် View က မလို့ အရင်ကလောက် သိပ်သဘောမကျပေမယ့်
သူ့ဟာနဲ့သူတော့ ဆော့ကောင်းတယ်ပြောရမယ်။ ထုံးစံတိုင်း နှစ်ချက်သုံးချက်ထိတာနဲ့
တန်းမသာပေါ်တဲ့ Game မလို့ ဖုန်းကြီးလည်း ကိုင်ပေါက်မနေကြနဲ့အုံး။ တကယ်ကို
စိတ်ရှည်ရှည်နဲ့ Serious ဖြစ်တဲ့သူတွေသာ ဆော့ကြည့်ကြဖို့ အကြံပေးတယ်။
Comments