BLACKBELL

အသစ်ထွက်လာတဲ့ Action FPS Game တစ်ခုဖြစ်ပြီး Unreal Engine နဲ့ Graphic အတော်ကြည့်ကောင်းတဲ့ Game တစ်ခုပါ။ ဒီ Game မှာဆိုရင် သင်က တပ်ပြန် စစ်သားတစ်ယောက်ဖြစ်ပြီး အလျှို့ဝှက်ဆုံး အဖွဲ့တစ်ခုဖြစ်တဲ့ Black Bell Operation ရဲ့နေရာမှာ ဝင်ရောက်ထမ်းဆောင်ရမှာပါ။ အဆိုးဆုံးကတော့ တပ်ဖွဲ့တစ်ခုလုံးစာကို ရင်ဆိုင်ရတာမျိုးပေါ့။
Gameplay က First Person Shooter အမျိုးစားဖြစ်ပြီး Character Movement ကိုတော့ Control လုပ်လို့မရပါဘူး။ ဒါပေမယ့် တစ်နေရာတည်းမှာတင် ပစ်ရတာမျိူးမဟုတ်ဘဲ Action Mission တစ်ခုလို အခန်းဆက်တွေနဲ့ Slow Motion Scene တွေပါ တွေ့ရအုံးမှာပါ။ 
Control ကစ Clean ဖြစ်ပြီး အရမ်းကို ရိုးရှင်းတယ်။ Weapon နှစ်လက်ထိ ကိုင်လို့ရပြီး ကျည်ကတော့ အကန့်သတ်နဲ့ပါ။ ဒါ့အပြင် Single နဲ့ Auto Shoot စနစ်တွေပါ လိုအပ်သလို ချိန်းလို့ရပါသေးတယ်။ Weapon Gear ပိုင်းမှာ ကိုယ်အသုံးပြုတဲ့ Level ပေါ်မူတည်ပြီး Gun Parts အသစ်တွေ Unlock ဖြစ်မယ့် Game ပါ။
Graphic Settings ပိုင်းမှာလည်း Options အတော်များများ ထည့်ပေးထားပြီး In Game မှာလည်း Quility အတော်ကောင်းတဲ့ Game တစ်ခုပါ။ Mission တိုင်းက Easy ဖြစ်မှာမဟုတ်ဘဲ Sniper Mission လို အခန်းမျိုးတွေဆိုရင် One Shot One Kill ပစ်နိုင်မှ တော်ရာကျမှာပါ။ 
[- Review -]

Game က Graphic နဲ့ Sounds တွေကောင်းပေမယ့် Unrealistic ဖြစ်တယ်လို မြင်မိတယ်။ ဘာလို့ဆို Hide စနစ်တွေမပါဘဲ ရန်သူနဲ့ ထိပ်တိုက် ပစ်နေရသလိုဖြစ်နေတာ။ အဲအချက်ကဘဲ နောက်ပိုင်း Mission တွေကို Hard ဖြစ်စေမှာ ဖြစ်ပြီး အယောက်နှစ်ဆယ်ကျော်တဲ့ ရန်သူကို တစ်ယောက်တည်း မရှောင်မရှားပစ်ရမှာဆိုတော့ တော်တော် Challenging ဖြစ်တယ်။ Aim ပိုင်းမှာ ဆရာကျရင်တော့ ဆော့ကြည့်သင့်တဲ့ Game တစ်ခုပါ။ Graphic ကလည်း အတော်ကောင်းတော့ ဆော့ပျော်စေတယ်။ 

Game Information

Android version 5 . 1 +
Developer North Wind Studio
Network Offline
Price Free
App version 1.181
Release date 10.9.2021

Download Link

Type Size Link

Playstore

371 MB

Download

Apkcombo

 

371 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = 6.8 / 10 ) ⭐

Comments

လူကြည့်အများဆုံး GAMES