Grim Face Clown
ဒီတစ်ခါ အသစ်ထွက်လာတဲ့
Game လေးကတော့ Horror အမျိုးစားလေးဖြစ်ပြီး သူငယ်ချင်း သုံးယောက်ရဲ့
စွန့်စားခန်းကို စိတ်လှုပ်ရှားဖွယ်ကောင်းအောင်ထိ ကစားရမှာပါ။ Gary , Martin နဲ့
Fiona တို့ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး တစ်နေ့မှာတော့
တူတူပုန်းတိုင်းကစားရင်းကနေ Fiona ဟာ ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ Gary နဲ့
Martin တို့ လိုက်ရှာရင်း နောက်ဆုံးမှာတော့ Clown မျက်နှာဖုံးနဲ့ လူနှစ်ယောက်ဟာ
Fiona အပါဝင် ကလေးအများစုကို ပါ ပြန်ပေးဆွဲသွားခဲ့တာပါ။ အဲအချိန်မှာ
သူငယ်ချင်းနှစ်ယောက်ဟာ အဖြစ်မှန်တွေကို ရဲတိုင်ခဲ့ကြပေမယ့် စခန်းမှုးကတော့
စနောက်တယ်ထင်ပြီး နောက်ဆုံးမှာတော့ သူတို့ကိုယ်တိုင် Fiona ကို လိုက်ကယ်ပေးရမယ့်
ပုံစံနဲ့ ကစားရမှာပါ။
စိတ်ဝင်စားစရာကောင်းတာက
ဒီမြို့လေးရဲ့ လွန်ခဲ့တဲ့ ရာစုနှစ်ပိုင်းတုန်းက မြို့ခံတွေဟာ ဂြိုလ်သားတွေရဲ့
ခြောက်လန့်ခြင်းကို ခံခဲ့ရဖူးတယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။ အထူးသဖြင့် Grim Face
Clown လို့ အမည်တွင်ခဲ့ပြီး ပုံပြောင်းထားတဲ့ ဂြိုလ်သားတစ်ဦးလို့လဲ ကောလဟာလတွေ
ရှိခဲ့တာပါ။ သူတို့က ဉာဏ်ကောင်းတဲ့ ကလေးတွေကို ပြန်ပေးဆွဲတတ်တာကြောင့်
အခုဖြစ်သွားတဲ့ Fiona ရဲ့ အဖြစ်ပျက်ဟာလည်း အဲဒီ ဂြိုလ်သားတွေဘဲလားဆိုတာ
သိခြင်ရင်တော့ ကိုယ်တိုင်ဘဲ ဆော့ကြည့်တော့နော်။ Choice တွေကြောင့် အခြေနေတွေ
ပြောင်းသွားနိုင်ပြီး Puzzle တွေပါ သိုသိုသိပ်သိပ် ဖြေရှင်းရမှာဆိုတော့
အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ အထူးသဖြင့် Clown ရောက်လာတိုင်း
နှလုံးခုန်သံနဲ့အတူ ဖုန်းရဲ့ Vibration ပါ တစ်ထပ်တည်း တုန်နေတော့ ဆော့ရတာ တခြား
Game တွေနဲ့မတူဘဲ Feel တစ်မျိုးပေးမယ်လို့ အာမခံတယ်။
| Android version | 4 . 4 + |
| Developer | Z & K Games |
| Network | Offline |
| Price | Free |
| App version | Early Access |
| Release date | 1.9.2021 |
Download Link
| Type | Size | Link |
|
Playstore |
360 MB |
Download |
|
Mediafire
|
690 MB ( Apk Only ) |
Download |
|
Apple iOS |
--- |
Coming Soon |
#HELLOYDB
Discussion
0
You
Loading comments...









