Roblox

0% COMMUNITY SCORE
LOADING...
RATE:
Roblox Game ဟာ USA အခြေစိုက် Developer တွေကနေ ဖန်တီးပေးထားပြီး Platforms အတော်များများမှာ ယခုချိန်ထိ ကလေးလူကြီးမရွေး လူကြိုက်များနေတဲ့ Sandbox Game တစ်ခုပါ။ ဒါပေမယ့် အခု နာမည်ကြီး Netflix ရဲ့ Squid Game Series ကို အမှီပြုပြီး Rolbox မှာလည်း တစ်ပုံစံတည်းတူတဲ့ Gameplay အသစ်တွေကို သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ကြီး စိတ်လှုပ်ရှားစရာကောင်းအောင် ကစားလို့ရနေပါပြီ။
Sandbox Game ဆ်ိုပေမယ့် အခုဟာက Squid Game ကိုဘဲ အဓိက ပြောသွားမှာပါ။ ဘာလို့ဆိုတော့ Roblox က Game အများကြီးကို တစ်နေရာတည်းမှာ ဆော့နိုင်တာကြောင့် ပြောလို့လည်း မကုန်သလို ဖန်တီးသူတွေကစ အပြိုင်အဆိုင်နဲ့ အရမ်းပျော်စရာကောင်းပါတယ်။ ဒီ Squid Game နဲ့ ပတ်သတ်ပြီး ဖန်တီးထားတာတွေက အများကြီးပါ။ တစ်ချို့ကျတော့လည်း လွယ်သလို ၊ တစ်ချို့ကျတော့လည်း တကယ်ကို ဇာတ်ကားထဲကတိုင်း အရမ်းကြမ်းတယ်။
Series ထဲကတိုင်း အပြင်ဆင်တွေကစ အသေးစိတ်ကျအောင် ဖန်တီးပေးထားပြီး မင်မင်အကြံပေးတာကတော့ New Episode ဆိုတဲ့ အပိုင်းကို ဆော့ကြည့်စေချင်တယ်။ တခြား အပိုင်းတွေက Korea Voice နဲ့ဆိုပေမယ့် အဲတစ်ခုကတော့ English Voice နဲ့လာတာပါ။ Random Sound စနစ်ကြောင့် အသက်ရှူရပ်မတန့် စိတ်လှုပ်ရှားစရာကောင်းပြီး သေနတ်သံကစ ‌ကိုယ့်ရှေ့မှာ ပစ်ခံရတိုင်း နှလုံးခုန်နေရတာမျိုးပါ။ ပြောရရင် တစ်သတ်မှတ်တည်း တိုင်ပင်ခေါ်တာမဟုတ်လို့ အဲဒီ New Episode version က အရမ်းမိုက်ပါတယ်။
Puzzle Room ကစ ကိုယ်တိုင်သွားရပြီး Shape ဖော်တာကစ လက်တုန်အောင်ထိ အူယားစရာကောင်းတာပါ။ နွံကြိုးဆွဲတာတွေကစ ပါသလို ၊ တကယ်ကို Series နဲ့ တစ်ထပ်တည်း ဖန်တီးထားတာကြောင့် ဆော့ကို ဆော့ကြည့်သင့်ပါတယ်။ Creator ပေါ်မူတည်ပြီး မတူညီတဲ့ Gameplay အရသာကို တွေ့ရမှာဖြစ်တာကြောင့် အကုန်ဆော့ကြည့်ဖို့ရာလည်း အကြံပေးတယ်။ မီးပိတ်ပြီး အချင်းချင်း လူသတ်တဲ့ အခန်းဆိုရင် တကယ်ကို ထွက်ပြေးပြီး ပုန်းရတာ ခြောက်ခြားစရာပါ။
New Episode version ကို ပေါ့သေးသေးမထင်နဲ့‌နော် မင်မင်ဆို စဆော့တုန်းက လူ 100 ကျော်ကနေ 2 Game မြောက်မှာတင် 5 ယောက်တည်းကျန်တော့တဲ့ထိ အရမ်းကြမ်းတာ။ ပြောရရင် ဖင်ယားတဲ့ကောင် အသေဘဲ။

( တစ်ခုရှိတာက Game က Online version မလို့ Gameplay အသစ်ဝင်တိုင်း Data စားတာကို သိထားရမယ် ၊ သူငယ်ချင်းတွေနဲ့ အတူကစားလို့ ရတော့ ပျော်စရာကောင်းမှာ သေချာတယ်။ )

Game Information

Android version 5 . 0 +
Developer Rolbox Corporation
Network Online
Price Free
App version 1.4
Release date 2021

Download Link

Type Size Link

Playstore

123 MB

Download

Apkcombo

 

123 MB

( Apk Only )

Download

Apple iOS

276 MB

Download
 
⭐ ( HELLO Rating = 8 / 10 ) ⭐

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...