SCP Viewer
ဒီတစ်ခါ Alpha version အနေနဲ့ အသစ်ထွက် လာတာလေးက တကယ်ကို
စိတ်ဝင်စားစရာကောင်းလွန်းလို့ သဘောကျမှာ သေချာပါတယ်။ SCP အကြောင်းကို
ရင်းနှီးတဲ့သူ ရှိသလို မရင်းနှီးတဲ့လူတွေလည်း ဒီ Game ကို ကြည့်ခြင်းဖြင့် SCP
ရဲ့ အလုပ်လုပ်ပုံတွေကို Wikipedia မှာတောင် အချိန်ပေးဖတ်စရာမလိုတော့ပါဘူး။ ဒါက
ကြောက်စရာကောင်းတယ်ဆိုပေမယ့် သဘာဝလွန် ဖြစ်ရပ်တွေ၊ မကောင်းဆိုးဝါးတွေ ၊
မူမမှန်တဲ့ သက်ရှိသက်မဲ့ အရာဝတ္ထုပစ္စည်းမှန်သမျှရဲ့ သုတေသန တစ်ခုကို
ကိုယ်တိုင်စမ်းသပ်ဝင်ကြည့်နိုင်မှာဆိုတော့ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။
SCP ရဲ့ အရှည်ကောက်က Secure, Contain, Protect ဖြစ်ပြီး အခု Game မှာဆိုရင်
ဖြစ်ရပ်ပေါင်း 35 ခုထိ စမ်းသပ်နိုင်မှာပါ။ နောက်ထပ် Case တွေလည်း Update မှာ
ထပ်ပါလာနိုင်သလို အခု ရှိပြီးသားနဲ့တင် သဘောကျမှာ သေချာပါတယ်။ Gameplay
ပိုင်းမှာဆိုရင် ကိုယ်က သုတေသန လုပ်တဲ့ Viewer အနေနဲ့ဘဲ တွေ့ရမှာဖြစ်ပြီး Case
တစ်ခုကို လူတွေထည့်ပြီးတော့ပါ စိတ်ကြိုက်စမ်းသပ်နိုင်မှာပါ။ ထည့်လိုက်တဲ့
လူတွေရဲ့ အသက်က သင့်ပေါ်မှာဘဲ မူတည်ပြီး ဘယ်လိုကြောင့် သေကုန်တာလဲဆိုတာက အစ
ရှင်းရှင်းလင်းလင်းသိရအောင် ဖန်တီးထားတာပါ။ ဥပမာ - မျက်တောင်တစ်ခါခက်တိုင်း
အရုပ်ကြီးက သူ့ဘာသာရွေ့လာပြီး လူသတ်တာတွေ၊ မျက်နှာဖုံးစွပ်မိသူတိုင်း သူ့ဘာသာ
အကြောင့်မဲ့ Suicide လုပ်သွားတဲ့သူတွေ စတဲ့ ကိုယ်မသိနိုင်တဲ့ အဖြေရှာမရတဲ့
ဖြစ်ရပ်အမျိုးမျိုးကို တွေ့ခွင့်ရမှာပါ။
| Android version | 4 . 0 + |
| Developer | NetworkJoper |
| Network | Offline |
| Price | Free |
| App version | Alpha |
| Release date | 10.9.2021 |
Download Link
| Type | Size | Link |
|
Playstore |
80 MB |
Download |
|
Mediafire
|
79 MB ( Apk Only ) |
Download |
|
Apple iOS |
--- |
Unavailable |
⭐ ( HELLO Rating = 8 / 10 ) ⭐
#HELLOYDB
Discussion
0
You
Loading comments...





