The Legend Of White Snake
Japanese Developer ကနေ ထုတ်ပေးထားတဲ့ Casual Game လေးဖြစ်ပြီး ဇာတ်လမ်းတင်မကဘဲ
ဒီ Game ကို ဘာကြောင့် ဖန်တီးဖြစ်ခဲ့တယ်ဆိုတာကစ စိတ်ဝင်စားစရာပါ။
Game ဖန်တီးသူ Lady Wizard ရဲ့ အမေဖြစ်သူဟာ သူမရဲ့ ငယ်ဘဝတုန်းက အဖေဖြစ်သူနဲ့
ပထမဆုံး Foregin Animation Move လေးတစ်ခုကို ကြည့်ခဲ့ရပြီး အဲဇာတ်ကားလေးက The
Legend Of White Snake ဆိုတဲ့ ဒဏ္ဍာရီဇာတ်ကားလေးတစ်ခုပါ။ သူမရဲ့ အနှစ်သက်ဆုံး
ဇာတ်လမ်းလေးဖြစ်ခဲ့တာကြောင့် အမှတ်တရအနေနဲ့ အခု Game လေးကို ဖန်တီးဖြစ်ခဲ့တာပါ။
ဒီ Game ရဲ့ ဇာတ်လမ်းလေးကို မြွေစိမ်းမလေးကနေ စတင်ခဲ့ပြီး သူမရဲ့
လုပ်ရပ်တွေကြောင့် ဘုန်းကြီးရဲ့ အပြစ်ပေးခြင်းကို ခံထားရတဲ့
ကောင်မလေးတစ်ယောက်ပေါ့ ။ ဒီလိုနဲ့ မျှော်လင့်ချက်မရှိတော့တဲ့ အချိန်မှာ သူမကို
မြွေဖြူမလေးက လာရောက်ကယ်တင်ခဲ့ပြီး ညီအစ်မတွေလို တစ်ယောက်ကို တစ်ယောက်
ရင်းနှီးသွားခဲ့ကြတာပေါ့။
ခက်တာက မြွေဖြူမလေးက သူမရဲ့ မြွေဘဝတုန်းက စုံခဲ့တဲ့ ကောင်လေးတစ်ယောက်ကို
လိုက်ရှာနေတာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းကဆိုတော့
မြွေစိမ်းမလေး Xaio Qing တွက် အခက်တွေ့ နေတာပေါ့။ ပိုဆိုးတာက မြွေဖြူမလေးက
လူသားတွေနဲ့ ရင်းရင်းနှီးနှီးမရှိခဲ့တာ နှစ်တစ်ထောင်ကျော်ခဲ့ပြီဆိုတော့ ဘယ်လို
အလွဲတွေ ကြုံတွေ့ရအုံးမလဲဆိုတာ စိတ်ဝင်စားစရာပါ။
ဇာတ်လမ်းတွေမှာလည်း ရင်နှီးပြီးသားဖြစ်တာကြောင့် တကယ်ချစ်ရင် ဘယ်ဘဝရောက်ရောက်
တည်မြဲနေမယ်ဆိုတာလေးကို ဒဏ္ဍာရီဆန်ဆန် တွေ့မြင်ရမှာပါ။ Game က Story
ဦးစားပေးလေးဖြစ်တာကြောင့် Peaches လေးတွေကို Collect လုပ်ပေးရမှာဖြစ်ပြီး
အတိုင်းတာတစ်ခုထိ ပြည့်ရင်တော့ နောက်ထက် Chapter တစ်ခုကို ဖတ်ခွင့်ရမှာပါ။ Skin
ကော Mini Gacha လေးပါ ထည့်ပေးထားတာကြောင့် ပျင်းတိုင်း ထိုင် Collect လုပ်ပြီး
ဖတ်နေရုံဘဲ ။ဒီတော့ White Snake Fan တွေတွက် သဘောကျစေမှာပါ ။
[- Review -]
ပြောရရင် မင်မင်ကတော့ White Snake Movie ရဲ့ Verta Fan မလို့ မြွေဖြူမလေးထက်
မြွေစိမ်းမလေးကိုဘဲ သဘောကျတာ။ Short Story Novel မလို Game နဲ့ပတ်သတ်ပြီး
တခြားဘာမှတော့ ပြောစရာမရှိဘူး။ Peaches လေးက အချိန်ပေး Collect ရတာဆိုတော့
တစ်ထိုင်တည်းနဲ့တော့ ဇာတ်လမ်းကိုဖတ်လို့မရဘူး။ ကျန်တာကတော့ Casual မလို့
ဆော့ပျော်တယ်။ ပြီးတော့ ရယ်လည်းရယ်ရတယ်။
| Android version | 4 . 4 + |
| Developer | Lady Wizard |
| Network | Offline |
| Price | Free |
| App version | 1.0.0 |
| Release date | 2021 |
Download Link
| Type | Size | Link |
|
Playstore |
60 MB |
Download |
|
Apkplz
|
60 MB ( Apk Only ) |
Download |
|
Apple iOS |
70 MB |
Download |
⭐ ( HELLO Rating = 7.2 / 10 ) ⭐
#HELLOYDB
Discussion
0
You
Loading comments...




