Truck Simulator Ultimate
ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးကတော့
Truck ကားမောင်းခြင်တဲ့သူတွေတွက် အရမ်း သဘောကျစေမှာဖြစ်ပြီး အရင်ကထွက်ထားတဲ့ Bus
Simulator Game မှာလည်း အများစုက ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီ Game မှာ
ထူးခြားတာက Simulation တစ်ခုတင်မဟုတ်ဘဲ Tycoon စနစ်ပါ ထည့်ပေးထားပြီး ကိုယ့်ရဲ့
Company မှာ အလုပ်ခန့်တာတွေကစ အသေးစိတ်ပါလာတာပါ။ ဒါ့အပြင် ဒီ Game ရဲ့ Region မှာ
Myanmar နိုင်ငံပါ ထည့်ပေးထားတာကြောင့် အထင်ကရ မြို့တွေဖြစ်တဲ့ မန္တလေးတို့၊
ရန်ကုန်တို့လို မြို့ကြီးတွေကိုပါ ကုန်တင်ကုန်ပို့ ခရီးထွက်လို့ရပါတယ်။ Truck
နဲ့ပတ်သတ်ပြီး Physics Detail ကစ Graphic ကောင်းကောင်းနဲ့
တွေ့မြင်ရမှာဖြစ်တာကြောင့် Truck ကားမောင်းခြင်တဲ့သူတွေတွက် အတွေ့ကြုံရစေမှာပါ။
ဒါ့အပြင် DLC စနစ်တွေပါ ထပ်လာအုံးမှာမလို့ စမ်းဆော့ကြည့်သင့်တဲ့ Game
ကောင်းလေးတစ်ခုလို့ အကြံပေးတယ်။
[ Review ]
ဒီတစ်ခါ ထွက်လာတဲ့ Game ကတော့ Internet လိုအပ်မှာဖြစ်ပြီး Zuuks Account
ရှိရုံနဲ့ Multiplayer ပါ ဆော့လို့ရမှာပါ။ Control ပိုင်းမှာလည်း Gyro , Buttons
နဲ့ Steering wheel အပြင် Manual Gear နဲ့ပါ မောင်းလို့ရပါတယ်။ ကျန်တဲ့ Extra
Setting တွေဖြစ်တဲ့ ကားခေါင်းခန်းက မီးရောင်တွေ၊ ထိုင်မယ့်နေရာ View ကို
Customize လုပ်လို့ရတာတွေအပြင် FM Radio ကစ Truck ကား တစ်စီးမှာ ပါဝင်တဲ့ Setting
အစုံကို တွေ့မြင်ရမှာပါ။
Graphic နဲ့ ပတ်သတ်ပြီး Truck Body တွေကတော့ တော်တော် သဘောကျစရာကောင်းပေမယ့်
Environment ကတော့ weak ဖြစ်သေးပါတယ်။ Weather စနစ်ပါတာကြောင့် မိုးရွာတဲ့
အချိန်နဲ့ ညဘက် မောင်းတဲ့ အချိန်တွေက တော်တော် Feel ရှိတယ်။
ဒီ Game မှာ မင်မင်သဘောကျတာက Car Parking လုပ်တာတွေ ၊ တွဲထိုးတာတွေက လုံးဝကို
လွယ်လွယ်လေး လုပ်ပေးမထားပါဘူး။ အတိကျ Parking ထိုးမှ ရမှာဖြစ်ပြီး ကုန်ချရင်တောင်
ခပ်မြန်မြန်ချခြင်လား ဒါမှမဟုတ် ပြီးသလို ချမလားဆိုပြီး ပိုက်ဆံ အနည်းအများကစ ရတာ
ကွာပါတယ်။ ဒါတင်မကဘဲ Truck ကား မောင်းရတဲ့ Skill ကစ တော်ရုံတန်ရုံနဲ့ မရဘူးဆိုတာ
ဒီ Game မှာ တွေ့ရမှာပါ။
မင်မင် စမောင်းတုန်းကဆိုရင် ကားနောက်ပြန်ထိုးတိုင်း တိုင်ပတ်နေတတ်ပြီး ၊
အကွေ့တက်တွေကျရင် ငါးပါးတွေကို မောက်ကုန်တာပါ။ ဒီကြားထဲ
ဂိတ်ဖြတ်တဲ့နားရောက်တိုင်း ဝင်ဝင်စောင့်မိတာက ပါသေးတယ်။ ပြောရရင် ဒီ Game က
သင့်ကို Realistic ဖြစ်တဲ့ထိ သဘာဝကျကျ ခံစားမိမှာပါ။ ဘာလို့ဆို ကိုယ်ဆွဲတဲ့
နောက်တွဲပေါ်မူတည်ပြီး ကားအရှိန်များလာတာနဲ့ အမျှ ကား Body ကပါ ရမ်းခါလာတတ်ပါတယ်။
အဲဒါကြောင့် အခပ်မသင့်ဘဲ ကွေ့မိရင်တော့ ထိန်းမရအောင်ထိ လူးသွားမှာပါ။
ဒီတော့ Truck ကား မောင်းတဲ့ အတွေ့ကြုံလေး သိခြင်ရင်တော့ ဒီ Game လေးက သင့်ကို
သဘောကျစေမှာပါ။ မင်မင်တောင် တစ်ချို့ ပို့ရတဲ့ ကုန်တွေက ဝေးတော့ မောင်းရင်နဲ့
လူပါ ငိုက်ငိုက်သွားတာ။ အပြင်မှာတော့ သွားမလုပ်မိစေနဲ့ပေါ့။
Comments